Lanzet
(1) ဆေးအမည်
Lanzet
(2) ပါ၀င်သောဆေးအမျိုးအစား
ဆေး (၁) တောင့်တွင် Lansoprazole 30 mg ပါ၀င်ပါသည်။
(3) ကုသနိုင်သောရောဂါများ
အစာအိမ်အနာ၊ အူသိမ်ဦးပိုင်းအနာ၊ စားချဥ့်ပြန်ရောဂါ၊ အစာခြေရည်များ အလွန်အမင်းထွက်ခြင်းကြောင့် အစာအိမ်အနာဖြစ်ခြင်းနှင့် ၀မ်းပျက်၀မ်းလျှောဖြစ်ခြင်းစသည်တို့ စုပေါင်းနေသော Zollinger – Ellison ရောဂါစု။
(4) အသုံးပြုပုံ
အစာအိမ်အနာ၊ အူသိမ်ဦးပိုင်းအနာ၊ စားချဥ့်ပြန်ရောဂါ - တစ်ခါသောက် ၁ လုံး၊ တစ်နေ့ ၁ ကြိမ်နှုန်းဖြင့် ၄ ပတ်သောက်ရမည်။
အစာခြေရည်များအလွန်အမင်းထွက်ခြင်းကြောင့် အစာအိမ်အနာဖြစ်ခြင်းနှင့် ၀မ်းပျက်၀မ်းလျှော ဖြစ်ခြင်း စသည်တို့ စုပေါင်းနေသော Zollinger – Ellison ရောဂါစု - တစ်ခါသောက် ၂ လုံး၊ တစ်နေ့ ၁ ကြိမ်နှုန်းဖြင့် စတင်သောက်ပြီး လူနာအခြေအနေပေါ်မူတည်၍ ဆေးကိုချိန်ဆရမည်။
(5) ဘေးထွက်ဆိုးကျိုး
၀မ်းပျက်၀မ်းလျှောခြင်း၊ ၀မ်းပိတ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ အရေပြား ဆိုင်ရာပြဿ နာများ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာပြဿ နာများ၊ ဗိုက်နာခြင်း၊ အစာမကြေလေနာခြင်း၊ ပျို့အန်ခြင်း၊ လေပွခြင်း၊ အာခေါင်ခြောက်ခြင်း၊ နုံးခြင်း၊ အဆစ်နာခြင်း၊ ဖောရောင်ခြင်းနှင့် စိတ်ဓာတ်ကျခြင်း၊ အသည်းအင်ဇိုင်း များ၊ သွေးနီဥပမာဏနှင့် ယူရစ်အက်ဆစ်ပမာဏတို့ ယာယီများနေခြင်း၊ ဆီးထဲတွင် ပရိုတင်းဓာတ်များ ခဏတာပါ၀င်နေခြင်း။
(6) ကြိုတင်သတိပြုရမည့်အချက်များနှင့် သောက်သုံးရန်မသင့်သူများ
အသည်းနှင့်ကျောက်ကပ်မကောင်းသူများအနေဖြင့် ဆရာ၀န်ညွှန်ကြားချက်အတိုင်း ဂရုတစိုက်သောက်သုံးရမည်။ ပါ၀င်သည့်ဆေးနှင့်ဓာတ်မတည့်သူများ၊ ကိုယ်၀န်ဆောင်များ၊ နို့တိုက်မိခင်များနှင့် ကလေးများသောက်သုံးရန်မသင့်ပါ။
အစာအိမ်နှင့်အူလမ်းကြောင်းတွင် ကင်ဆာရောဂါမရှိကြောင်းသေချာမှသာ Lanzet ကိုသုံးစွဲသင့်သည်။ အကယ်၍ ကင်ဆာရောဂါရှိနေပါက ဆေးသုံးစွဲပြီး ရောဂါလက္ခဏာများ သက်သာသွားသည့်အခါ ကင်ဆာရှိကြောင်း သိရှိရန် အချိန်နောက်ကျသွားနိုင်သောကြောင့် ဖြစ်သည်။
(7) အခြားဆေးများနှင့်ဓါတ်ပြုမှု
သွေးကြဲဆေး warfarin ၊ စိတ်ရောဂါကုသဆေး phenytoin ၊ အိပ်ဆေး diazepam တို့နှင့်တွဲသုံးပါက ထိုဆေးများ၏ အာနိသင်ကို မြင့်တက်စေပါသည်။
(8) ထုတ်လုပ်သည့်ကုမ္ပဏီ
Zifam India/Zifam Pinnacle
(9) တင်သွင်းသည့်ကုမ္ပဏီ
Pyrex