Letroz
(1) ဆေးအမည်
Letroz
(2) ပါ၀င်သောဆေးအမျိုးအစား
ဆေးပြားတစ်ပြားတွင် letrozole 2.5 mg ပါ၀င်ပါသည်။
(3) ကုသနိုင်သောရောဂါများ
သွေးဆုံးပြီးအမျိုးသမီးများတွင် ရင်သားကင်ဆာကုသရန်
(4) အသုံးပြုပုံ
2.5 mg တစ်နေ့တစ်ကြိမ်
(5) ဘေးထွက်ဆိုးကျိုး
ခေါင်းကိုက်ခြင်း၊ ကြွက်သားနာခြင်း၊ ပျို့အန်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ရင်ဘတ်အောင့့်ခြင်း၊ ၀မ်းလျှောခြင်း၊ ခေါင်းမူးခြင်း၊ ကိုယ်အလေးချိန်တက်ခြင်း၊ ဆံပင်ပါးခြင်း၊ ခြေလက်ဖောရောင်ခြင်း။
(6) ကြိုတင်သတိပြုရမည့်အချက်များနှင့် သောက်သုံးရန်မသင့်သူများ
ကိုယ်၀န်ဆောင်များ၊ နို့တိုက်မိခင်များ၊ သွေးမဆုံးသေးသောအမျိုးသမီးများ၊ ဓာတ်မတည့်သူများအသုံးမပြုရ။
အသည်းမကောင်းသောသူများ၊ ကျောက်ကပ်မကောင်းသောသူများတွင် ဆရာ၀န်ညွှန်ကြားချက်အတိုင်း သုံးစွဲရန်။
ခေါင်းမူးနိုင်သဖြင့် ကားမောင်းသောသူနှင့်စက်ကိုင်တွယ်မောင်းနှင်သူများတွင် သတိပြု၍သုံးစွဲရန်
(7) ထုတ်လုပ်သည့်ကုမ္ပဏီ
Sun Pharma
(8) တင်သွင်းသည့်ကုမ္ပဏီ
Sin Byu Gyun