/
news/အသုံးများဆေးဝါးများ/mebiz-sr

Mebiz SR

Category
အသုံးများဆေးဝါးများ
အသုံးများဆေးဝါးများ
Mebiz SR

(1) ဆေးအမည်

        Mebiz SR

 

(2) ပါ၀င်သောဆေးအမျိုးအစား

        ၁ တောင့်တွင်

                  Mebeverine HCL 200 mg

 

(3) ကုသနိုင်သောရောဂါများ

        အစာခြေစနစ်နှင့်ပတ်သက်သည့် ရောဂါလက္ခဏာစု(Irritable Bowel Syndrome)

 

(4) အသုံးပြုပုံ

        တစ်ခါသောက် ၁ တောင့်၊ တစ်နေ့ ၂ ကြိမ်နှုန်းဖြင့် အစာမစားမီမိနစ် ၂၀ ကြိုတင်၍သောက်ပါ။

 

(5) ဘေးထွက်ဆိုးကျိုး

        အလွန်ဖြစ်ခဲသော်လည်းအင်ပြင်ထခြင်း၊ ဖောရောင်ခြင်းတို့ ဖြစ်ပေါ်နိုင်သည်။

 

(6) ကြိုတင်သတိပြုရမည့်အချက်များနှင့် သောက်သုံးရန်မသင့်သူများ

        အရေပြားနှင့် အာရုံကြောစနစ်ကိုထိခိုက်စေတတ်သောမွေးရာပါရောဂါစု (Porphyria) ၊ အသည်းနှင့်ကျောက်ကပ် မကောင်းသူများ၊ နှလုံးရောဂါသမားများတွင် သတိနှင့်အသုံးပြုရပါမည်။ နို့တိုက်မိခင်များတွင် မဖြစ်မနေသောက်သုံးရန် လိုအပ်ပါက ဆေးသောက်နေရစဉ် ကာလအတွင်း ခေတ္တနို့ဖြတ်ထားရပါမည်။ ဆေးနှင့်ဓာတ်မတည့်သူများ၊ အူသိမ်လမ်းကြောင်းလှုပ်ရှားမှု မရှိဘဲပိတ်ဆို့နေသူများ၊ ကိုယ်၀န်ဆောင်များနှင့် ကလေးများအသုံးမပြုရပါ။

       

(7) ထုတ်လုပ်သည့်ကုမ္ပဏီ

        Sun Pharma

 

(8) တင်သွင်းသည့်ကုမ္ပဏီ

        Sin ByuGyun

www.drmyanmar.com