Milan Kit
(1) ဆေးအမည်
Milan Kit
(2) ပါ၀င်သောဆေးအမျိုးအစား
ဆေးဘူးတစ်ဘူးတွင်Lansoprazole 30 mg ဆေးတောင့် 2 တောင့်၊Tinidazole 500 mg ဆေးပြား 2 ပြား၊ Clarithromycin 250 mg ဆေးပြား 2 ပြားပါ၀င်သည်။
(3) ကုသနိုင်သောရောဂါများ
အစာအိမ်မှအက်ဆစ်ဓာတ်အထွက်များသောရောဂါများ (ဥပမာအူသိမ်ဦးပိုင်းအနာ၊ အစာအိမ်အနာ၊ စားချဥ့်ပြန်ရောဂါ)၊ ၀မ်းပျက်၀မ်းလျှောခြင်း၊ အသက်ရှုလမ်း ကြောင်းပိုး၀င်သောရောဂါများ၊ အာသီးယောင်ခြင်း၊ အဆုတ်ပွခြင်း၊ ထိပ်ခပ်နာ၊အရေပြားတွင် ပိုး၀င်သောရောဂါများ။
(4) အသုံးပြုပုံ
တစ်ခါသောက် Lansoprazole ၁ တောင့်၊ Tinidazole ၁ တောင့်နှင့် Clarithromycin ၁ တောင့်၊ မနက်ပိုင်းတွင် တစ်ကြိမ်၊ ညနေပိုင်းတွင် တစ်ကြိမ်။
(5) ဘေးထွက်ဆိုးကျိုး
၀မ်းပျက်၀မ်းလျှောခြင်း၊ ပျို့အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အရေပြားယားယံခြင်း၊ အရေပြားပေါ်တွင် အနီပြင်များဖြစ်ခြင်း၊ အစာစားလိုစိတ်မရှိခြင်း၊ ပါးစပ်ခါးခြင်း။
(6) ကြိုတင်သတိပြုရမည့်အချက်များနှင့် သောက်သုံးရန်မသင့်သူများ
Lansoprazole - အစာအိမ်နှင့်အူလမ်းကြောင်းတွင် ကင်ဆာရောဂါမရှိကြောင်းသေချာမှသာ Lanzet ကိုသုံးစွဲသင့်သည်။ အကယ်၍ ကင်ဆာရောဂါရှိနေပါက ဆေးသုံးစွဲပြီးရောဂါလက္ခဏာများ သက်သာသွားသည့်အခါ ကင်ဆာရှိကြောင်းသိရှိရန် အချိန်နောက်ကျသွားနိုင်သောကြောင့်ဖြစ်သည်။
Tinidazole - သွေးရောဂါေ၀ဒနာရှင်များတွင်အသုံးမပြုရပါ။ကုသမှုခံယူနေစဉ် အရက်ကို လုံး၀ရှောင်ကြဉ်ရမည််။
Clarithromycin - ကျောက်ကပ်အလွန်အမင်းထိခိုက်ပျက်စီးနေသူများ ဆရာ၀န်၏ ညွှန်ကြားချက်အတိုင်း လိုက်နာသောက်သုံးရပါမယ်။
ပါ၀င်သည့်ဆေးများနှင့် ဓာတ်မတည့်သူများ၊ ကိုယ်၀န်ဆောင်များနှင့် နို့တိုက်မိခင်များ သောက်သုံးရန် မသင့်ပါ။
(7) အခြားဆေးများနှင့်ဓါတ်ပြုမှု
Clarithromycin သည်ပန်းနာရင်ကြပ်ရောဂါတွင်သုံးသောTheophylline ၊ အတက်ရောဂါတွင် သုံးသော Carbamazepine ၊ ပဋီဇိ၀ပိုးသတ်ဆေး Erythromycin နှင့်နှလုံးရောဂါတွင်သုံးသော Digoxinတို့နှင့်တွဲဖက်သုံးစွဲပါက ၄င်းဆေးများ၏ ပြင်းအားပိုမိုများလာနိုင်သည်။
(8) ထုတ်လုပ်သည့်ကုမ္ပဏီ
Micro Labs/Brown & Burk
(9) တင်သွင်းသည့်ကုမ္ပဏီ
Zizawa Healthcare