/
news/အသုံးများဆေးဝါးများ/monotrate-monotrate-od

Monotrate/ Monotrate OD

Category
အသုံးများဆေးဝါးများ
အသုံးများဆေးဝါးများ
Monotrate or Monotrate OD

(1) ဆေးအမည်

        Monotrate/ Monotrate OD

 

(2) ပါ၀င်သောဆေးအမျိုးအစား

        Monotrate ဆေးပြားတစ်ပြားတွင် Isosorbide -5- mononitrate10mg (သို့) 20mg

        Monotrate OD ဆေးပြားတစ်ပြားတွင် Isosorbide -5- mononitrate 25 mg (သို့) 50mg ပါ၀င်ပါသည်။

 

(3) ကုသနိုင်သောရောဂါများ

Monotrate - နှလုံးသွေးကြောကျဉ်းရောဂါများတွင် နှလုံးကြွက်သားပုပ်ခြင်းကိုကာကွယ်ရန်။

Monotrate OD - သွေးတွင်းအဆီဓာတ်များ၍ နှလုံးသွေးကြောတွင်းစုပုံကာ နှလုံးသွေးကြောကျဉ်းခြင်း (သို့) နှလုံးသွေးကြောမာကြောခြင်းရောဂါများတွင်နှလုံးထံသို့သွေးပေးပို့မှု နည်းလာသောကြောင့် နှလုံးအောင့်ခြင်းမှ ကာကွယ်ရန်။     

  

(4) အသုံးပြုပုံ

Monotrate - စစသောက်လျှင် 10mg တစ်နေ့တစ်ကြိမ်။ 2 ရက် ပြီးလျှင် 10mg တစ်နေ့နှစ်ကြိမ်မှ သုံးကြိမ် 3 ရက်။ ထို 3 ရက်ပြီးလျှင် 20mg သို့မဟုတ် 40mg တစ်နေ့ 3 ကြိမ်ထိတိုး၍သောက်နိုင်သည်။ တစ်နေ့လျှင် 120mg မကျော်စေရ။

Monotrate OD - ဆေးပြားတစ်ပြားတစ်နေ့တစ်ကြိမ် အစားစားပြီးသောက်ရမည်။

 

(5) ဘေးထွက်ဆိုးကျိုး

          ခေါင်းကိုက်ခြင်း၊ ဓာတ်မတည့်ခြင်း၊ ခေါင်းမူးခြင်း၊ ပျို့အန်ခြင်း၊ သွေးပေါင်ကျခြင်း၊ နှလုံးခုန်မြန်ခြင်း။

 

(6) ကြိုတင်သတိပြုရမည့်အချက်များနှင့် သောက်သုံးရန်မသင့်သူများ

          သွေးအားနည်းသူများ၊ ခေါင်းတွင်ဒဏ်ရာရထားသူများ၊ ဦးနှောက်တွင်းသွေးယိုစီးမှုရှိသူများ၊ သွေးပေါင်ကျ သူများ၊ သွေးလန့်ခြင်း၊ရုတ်တရက်နှလုံးကြွက်သားပုပ်နေသူများ၊ နို့တိုက်မိခင်နှင့် ကလေးများတွင် အသုံးမပြုရ။

          အရက်နှင့်တွဲသောက်ပါကသွေးပေါင်ပိုမိုကျစေနိုင်သဖြင့် အရက်မသောက်ရ။

          ရေတိမ်ရောဂါရှိသူများ၊ ခန္ဓာကိုယ်ကိုယ်အပူချိန်လျော့ကျသူများ၊ အာဟာရချို့တဲ့နေသူများ၊ သိုင်းရွိုက်ဟော်မုန်းနည်းသူများ၊ အသည်းနှင့်ကျောက်ကပ်ရောဂါရှိသူများတွင် သတိပြု၍သုံးစွဲရန်။ ကိုယ်၀န်ဆောင်မိခင်များတွင် ချိန်ဆ၍သုံးစွဲရန်။

          သွေးပေါင်ကျစေနိုင်သဖြင့် နှလုံးကြွက်သားပုတ်သောရောဂါတွင် အသုံးပြုပါကသွေးပေါင်ချိန်ကို အဆတ်မပြတ်တိုင်းတာရမည်။

 

(7) ထုတ်လုပ်သည့်ကုမ္ပဏီ

        Sun Pharma

 

(8) တင်သွင်းသည့်ကုမ္ပဏီ

          Sin ByuGyun

www.drmyanmar.com