Oditec
(1) ဆေးအမည်
Oditec
(2) ပါ၀င်သောဆေးအမျိုးအစား
ဆေးပြားတပြားတွင် Efavirenz 600mg, Emtricitabine 200mg နှင့် tenofovirdisoproxil 300mg ပါ၀င်ပါသည်။
(3) ကုသနိုင်သောရောဂါများ
HIV 1 ပိုးကူးစက်ခံရခြင်း။
(4) အသုံးပြုပုံ
ကိုယ်အလေးချိန် အနည်းဆုံး 40kg (88 ပေါင်) နှင့်အထက်ရှိသော 12 နှစ်နှင့်အထက်ကလေးများနှင့်
လူကြီးများ - တနေ့ 1 ပြားအစားမစားမီ။
ကိုယ်အလေးချိန် 50kg နှင့်အထက်ရှိသောလူနာများတွင် Oditec နှင့် Rifampicin ကိုတွဲဖက် သုံးစွဲမည်ဆိုပါက Efavirenz 200mg ကိုတစ်နေ့တစ်ကြိမ်နှုန်းဖြင့် ထပ်မံဖြည့်စွက်သောက်သုံးရန် လိုအပ်သည်။
(5) ဘေးထွက်ဆိုးကျိုး
နုံးခွေခြင်း၊ ခေါင်းမူးခြင်း၊ နှလုံးခုန်နှုန်းမမှန်ခြင်း၊ အသည်းပျက်စီးခြင်း၊ ကျောက်ကပ်ပျက်စီးခြင်း၊ စိတ်ဓါတ် ကျခြင်း၊ ဒေါသကြီးခြင်း၊ အရိုးသိပ်သည်းဆလျော့နည်းခြင်း၊ အာရုံစူးစိုက်မှုလျော့နည်းခြင်း၊ အနီစက်ထွက်ခြင်း၊ မောပန်းလွယ်ခြင်း။
(6) ကြိုတင်သတိပြုရမည့်အချက်များနှင့် သောက်သုံးရန်မသင့်သူများ
ကျောက်ကပ်ပျက်စီးနေသောသူများတွင် ဆရာ၀န်ညွှန်ကြားချက်အတိုင်းသုံးစွဲရန်။ ဓါတ်မတည့်သူများအသုံးမပြုရ။ အသည်းရာင်အသားဝါ (B)ပိုးရောဂါရှိသူများအသုံးမပြုရ။
(7) ထုတ်လုပ်သည့်ကုမ္ပဏီ
Zifam India/Zifam Pinnacle
(8) တင်သွင်းသည့်ကုမ္ပဏီ
Pyrex






























