Piriton expectorant
(1) ဆေးအမည်
Piriton expectorant
(2) ပါ၀င်သောဆေးအမျိုးအစား
ဆေးရည် 5ml တွင် Chlorpheniramine maleate 2.5 mg , Ammonium Chloride 125mg နှင့် Sodium citrate 55mg ပါ၀င်ပါတယ်။
(3) ကုသနိုင်သောရောဂါများ
နှာခါင်းပိတ်ခြင်း၊ အအေးမိခြင်း၊ အသက်ရှူ လမ်းကြောင်းအပေါ်ပိုင်း ပိုး၀င်ခြင်း၊ လေပြွန်ရောင်ရမ်းခြင်း
(4) အသုံးပြုပုံ
လူကြီး - လက်ဖက်စားဇွန်းတစ်ဇွန်းမှ 3 ဇွန်းတစ်နေ့ 3 ကြိမ်
ကလေး - လက်ဖက်စားဇွန်းတစ်ဇွန်းတစ်နေ့ 3ကြိမ်
(5) ဘေးထွက်ဆိုးကျိုး
ငိုက်မျဉ်းခြင်း၊ ခေါင်းမူးခြင်း။
(6) ကြိုတင်သတိပြုရမည့်အချက်များနှင့် သောက်သုံးရန်မသင့်သူများ
ငိုက်မျဉ်းစေနိုင်သဖြင့် ကားမောင်းသူများ၊ စက်မောင်းနှင်သူများတွင် သုံးစွဲရန်မသင့်။
ကိုယ်၀န်ဆောင်များတွင် သတိပြု၍ သုံးစွဲရန်။
(7) ထုတ်လုပ်သည့်ကုမ္ပဏီ
GlaxoSmithKline
(8) တင်သွင်းသည့်ကုမ္ပဏီ
Maxxcare






























