Seretide
(1) ဆေးအမည်
Seretide
(2) ပါ၀င်သောဆေးအမျိုးအစား
Salmeterolxinafoate, fluticasone propionate။ ရှူ ဆေးဘူးတစ်ဘူးတွင် Salmeterol 25mcg နှင့် Fluticasone propionate 50 mcg (သို့) 125mcg (သို့) 250mcg ပါ၀င်ပါသည်။
(3) ကုသနိုင်သောရောဂါများ
ပန်းနာရင်ကြပ်ရောဂါ၊ ပြန်လည်ပြုပြင်နိုင်သောအသက်ရှူလမ်းကြောင်းပိတ်ဆို့သည့် ရောဂါများ၊ စတီးရွိုက်ပါသောရှူ ဆေးများနှင့် Longactingβ-agonist ပေါင်းစပ်အသုံးပြုပြီး ရောဂါထိန်းချုပ်မှု ရယူနေရ သူများ၊ လေပြွန်ကျယ်စေသောဆေးသုံးစွဲနေရသူများ၊ စတီးရွိုက်ပါသောရှူ ဆေးရှူ ရန်လိုအပ်သူများ၊ နာတာရှည် အသက်ရှူ လမ်းကြောင်းပိတ်ဆို့သောရောဂါများတွင် အသုံးပြုသည်။
(4) အသုံးပြုပုံ
ပြန်လည်ပြုပြင်နိုင်သောအသက်ရှူလမ်းကြောင်းပိတ်ဆို့သောရောဂါများတွင် တစ်နေ့ ၂ ကြိမ် သုံးရမည်။ ရောဂါသက်သာလာပါက တစ်နေ့တစ်ကြိမ်သာအသုံးပြုရန်လိုအပ်သည်။ ရောဂါအခြေအနေ ကိုမူတည်၍ချိန်ဆပေးရမည်။ စတီးရွိုက်ပါသော ရှူ ဆေးများဖြင့် မသက်သာသောပန်းနာရင်ကြပ်ရောဂါတွင် Seretide ကိုအစားထိုး၍သုံးနိုင်သည်။
12 နှစ်အထက်ကလေးများ - Salmeterol 25mcg နှင့် Fluticasone Propionate 50 mcg တစ်ကြိမ်လျှင် ၂ ခါရှူ သွင်းပြီး တစ်နေ့ ၂ ကြိမ် (သို့မဟုတ်) Salmeterol25mcg နှင့် Fluticasone propionate 125mcg တစ်ကြိမ်တွင် ၂ ခါရှူ သွင်းပြီး တစ်နေ့ ၂ ကြိမ် (သို့မဟုတ်) Salmeterol 25mcg နှင့် Fluticasone Propionate 250 mcg တစ်ကြိမ်လျှင် ၂ ခါရှူ သွင်းပြီး တစ်နေ့ ၂ ကြိမ်
4 နှစ်နှင့် 4 နှစ်အထက်ကလေး - Salmeterol 25mcg နှင့် Fluticasone 50 mcg တစ်ကြိမ် လျှင် ၂ ခါရှူ သွင်းပြီး တစ်နေ့ ၂ ကြိမ်
နာတာရှည်အသက်ရှူလမ်းကြောင်းပိတ်ဆို့သောရောဂါ - Salmeterol 25mcg နှင့် Fluticasone 125 mcg တစ်ကြိမ်လျှင် ၂ ခါရှူ ပြီး တစ်နေ့ ၂ ကြိမ် (သို့မဟုတ်) Salmeterol 25mcg နှင့် Fluticasone 250 mcg တစ်ကြိမ်လျှင် ၂ ခါရှူ ပြီး တစ်နေ့ ၂ ကြိမ်
အသက်ကြီးသူများ၊ အသည်းနှင့်ကျောက်ကပ်၏ လုပ်ငန်းဆောင်တာမကောင်းသူများတွင် ဆေးပမာဏကို ချိန်ညှိအသုံးပြုရန်မလိုပေ။
မှန်မှန်သုံးစွဲပေးရန်လိုအပ်ပါသည်။
(5) ဘေးထွက်ဆိုးကျိုးများ
ပါးစပ်နှင့်လည်ချောင်းတွင် မှတ်ခရုပေါက်ခြင်း၊ ဓာတ်မတည့်ခြင်း၊ အဆုတ်ရောင်ရောဂါဖြစ်ခြင်း၊ အသက်ရှူကြပ်ခြင်း၊ ရေတိမ်ရောဂါဖြစ်ခြင်း၊ သွေးတွင်းအချိုဓာတ်များခြင်း၊ အိပ်မပျော်ခြင်း၊ စိတ်ပူပန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အပြုအမူများပြောင်းလဲလာခြင်း၊ ရင်တုန်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ အဆစ်အမြစ်ကိုက်ခြင်း၊ သွေးကြောများရောင်ရမ်းခြင်း၊ ကလေးများတွင်ကြီးထွားနှုန်းနှောင့်နှေးခြင်း၊ လေပြွန်ကျဉ်းခြင်း။
(6) ကြိုတင်သတိပြုရမည့်အချက်များနှင့် သောက်သုံးရန်မသင့်သူများ
တီဘီရောဂါရှိသူများ၊ သိုင်းရွိုက်ဟော်မုန်းအဆိပ်သင့်သောသူများ၊ နှလုံးသွေးကြောဆိုင်ရာရောဂါ ရှိသူများ၊ ပိုတက်ဆီယမ်ဓာတ်လျော့နည်းနေသူများတွင် သတိပြု၍သုံးစွဲရန်။ ရုတ်တရက်ဖြစ်သော ပန်းနာရင်ကြပ်ရောဂါများတွင် အသုံးမပြုရပါ။ ကိုယ်၀န်ဆောင်နှင့် နို့တိုက်မိခင်များတွင် ချိန်ဆ၍သုံးစွဲရန်။ 4 နှစ်အောက်ကလေးများတွင် အသုံးမပြုရ။
(7) အခြားသောဆေးများနှင့်ဓာတ်ပြုမှု
Beta Blockers များကိုသင့်လျော်သောအကြောင်းအရာမရှိပါကအသုံးမပြုသင့်ပေ။ Ritonavir နှင့် တွဲ၍အသုံးပြုပါကအယ်ဒရီနယ်လင်ဟော်မုန်းဖိနှိပ်ခံရခြင်း၊ သွေးတိုးခြင်း၊ ၀လာ ခြင်းစသည်တို့ကို ခံစားရသောကူရှင်ရောဂါ (Cushing’s Syndrome) တို့ကိုခံစားရနိုင်ပါသည်။
(8) ထုတ်လုပ်သည့်ကုမ္ပဏီ
GlaxoSmithKline
(9) တင်သွင်းသည့်ကုမ္ပဏီ
AA Medical





























