Sylgan S
(1) ဆေးအမည်
Sylgan S
(2) ပါ၀င်သောဆေးအမျိုးအစား
ဆေး ၁ တောင့်တွင်
Milk thistle extract 140 mg
Schisandrachinensis extract 50 mg
Phyllanthusniruri extract 100 mg
Curcumin 50 mg
Lecithin 50 mg
(3)ကုသနိုင်သောရောဂါများ
အသည်းရောဂါသည်များတွင် ဖြစ်လေ့ရှိသောအစာခြေစနစ်နှင့်သက်ဆိုင်သည့်ရောဂါများ (အစာမကြေလေထခြင်း၊ အစာစားလိုစိတ်မရှိခြင်း)၊ သည်းခြေဆိုင်ရာရောဂါများ (သည်းခြေပြွန်များ တစ်စိတ်တစ်ပိုင်းပိတ်ဆို့ခြင်း၊ ရောင်ရမ်းခြင်း)၊ အသည်းရောင်ခြင်း၊ အသည်းခြောက်ခြင်း၊ အသည်းအဆီဖုံးခြင်း၊ အသည်းအင်ဇိုင်း(SGOT-SGPT) ဆက်တိုက်မြင့်တက်ခြင်း၊ အချို့ဆေးဝါးများကြောင့် အသည်းထိခိုက်ခြင်း၊
(4) အသုံးပြုပုံ
တစ်ခါသောက် ၁ တောင့်၊ တစ်နေ့ ၂ ကြိမ်၊ နေ့စဉ်
၁၂ နှစ်အောက်ကလေးများ - တစ်ခါသောက် ၁ တောင့်၊ တစ်နေ့ ၁ ကြိမ်၊ နေ့စဉ်
(5) ဘေးထွက်ဆိုးကျိုး
ပြင်းထန်သောဘေးထွက်ဆိုးကျိုးများမရှိပါ။
(6) ကြိုတင်သတိပြုရမည့်အချက်များနှင့် သောက်သုံးရန်မသင့်သူများ
ကိုယ်၀န်ဆောင်များနှင့် ကိုယ်၀န်ဆောင်ရန် ရည်ရွယ်ထားသူများအတွက် လုံလောက်သော လေ့လာ စမ်းသပ်မှုများမပြုရသေးသဖြင့် မသောက်သုံးသင့်ပါ။ သည်းခြေပြွန်များ လုံး၀ပိတ်နေသော အခြေအနေမျိုးတွင် အသုံးမပြုရပါ။
(7) အခြားဆေးများနှင့်ဓာတ်ပြုမှု
မတွေ့ရှိသေးပါ။
(8) ထုတ်လုပ်သည့်ကုမ္ပဏီ
Ampharco USA
(9) တင်သွင်းသည့်ကုမ္ပဏီ
DKSH






























