Taverin
(1) ဆေးအမည်
Taverin
(2) ပါ၀င်သောဆေးအမျိုးအစား
ဆေး ၁ ပြားတွင်DrotaverineHCl 40 mg ပါ၀င်ပါသည်။
(3) ကုသနိုင်သောရောဂါများ
အစာအိမ်နှင့် အူလမ်းကြောင်းတစ်နေရာရာ (သို့) ဆီးသွားလမ်းကြောင်း (သို့) သားအိမ်အတွင်းရစ်နာခြင်း၊ နှလုံးကြွက်သားနာကျင်ခြင်း (Angina)
(4) အသုံးပြုပုံ
လူကြီး - တစ်ခါသောက် ၁-၂ ပြား၊ တစ်နေ့ ၃ ကြိမ်၊
ကလေး - ½ - 1 ပြား၊ တစ်နေ့ တစ်ကြိမ် (သို့) နှစ်ကြိမ်
ကလေးငယ်များ- 1/4 – 1/2 ပြား၊ တစ်နေ့ တစ်ကြိမ် (သို့) နှစ်ကြိမ်
အစာအိမ်အနာနှင့် အစာအိမ်နှောင်းပိုင်းအနာရှိသူများတွင် Atropine ပါ၀င်သောဆေးနှင့် တွဲဖက်သောက်သုံးပါကရောဂါပိုမိုသက်သာစေသည်။
(5) ဘေးထွက်ဆိုးကျိုး
ခေါင်းမူးခြင်း၊ ငိုက်မျဉ်းခြင်း၊ နှာခေါင်းတွင်းအသားနုရောင်ရမ်းခြင်း၊ ထိပ်ခပ်နာ၊ လည်ချောင်းရောင်ရမ်းခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်း၊ ဖောရောင်ခြင်း၊ မောပန်းလွယ်ခြင်း၊ ပျို့ခြင်း၊ အစာအိမ်နှင့်အူလမ်းကြောင်းအတွင်း မသက်မသာခံစားရခြင်း။
(6) ကြိုတင်သတိပြုရမည့်အချက်များနှင့် သောက်သုံးရန်မသင့်သူများ
အမှန်တကယ်လိုအပ်ခြင်းမရှိပါက ကိုယ်၀န်ဆောင်များနှင့် နို့တိုက်မိခင်များတွင် အသုံးမပြုသင့်ပါ။
(7) အခြားဆေးများနှင့်ဓာတ်ပြုမှု
မတွေ့ရှိသေးပါ။
(8) ထုတ်လုပ်သည့်ကုမ္ပဏီ
Beximco
(9) တင်သွင်းသည့်ကုမ္ပဏီ
Golden Hawks






























