အားဖြည့်အချိုရည်ကြောင့် သွေးပေါင်တက်စေနိုင်
တစ်နေ့လျှင် ကော်ဖီအနည်းငယ်သာသောက်သူ ဒါမှမဟုတ် ကဖင်းဓာတ်ပါတဲ့ အချိုရည်ကို နေ့စဉ် သောက်လေ့သောက်ထမရှိသူတွေမှာ အားဖြည့်အချိုရည်သောက်ခြင်းကြောင့် သွေးပေါင် တက်စေနိုင်ခြေ နှစ်ဆပိုများပါတယ်။ ကျန်းမာရေးကောင်းသူတွေအနေနဲ့ ကဖင်းဓာတ်ပါ၀င်မှု ပမာဏခြင်းတူတဲ့ ကော်ဖီတစ်ခွက်နဲ့ အားဖြည့်အချိုရည်တစ်ခွက် ယှဉ်ပြီးသောက်မယ်ဆိုရင်တောင် အားဖြည့်အချိုရည်သောက်သူတွေရဲ့ သွေးပေါင်ချိန်က ပိုတက်နိုင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ အားဖြည့်အချိုရည်မှာထည့်သွင်းထားတဲ့ ပါ၀င်ပစ္စည်းတွေကြောင့် ဖြစ်ပါတယ်။ အားဖြည့်အချိုရည် အလွန်အကျူးသောက်ခြင်းကြောင့် သွေးပေါင်တက်စေနိုင်တဲ့အပြင် စိုးရိမ်ပူပန်တာ၊ သွေးလေခြောက်ချား တာ၊ နှလုံးခုန်နှုန်းမှုမမှန်တာ စတဲ့ကျန်းမာရေးဆိုကျိုးဖြစ်စေမှုတွေနဲ့လည်း ဆက်စပ်မှုရှိပြီး၊ ကလေးငယ်တွေအနေနဲ့ အားဖြည့်အချိုရည်တွေသောက်လွန်းခြင်းကြောင့် နှလုံးခုန်စည်းချက်မူမမှန်စေဘဲ နှလုံးစွမ်းဆောင်ရည် ကျဆင်းစေတတ်ပါတယ်။
CMS




























