/
news/medgel

Medgel

(1) ဆေးအမည်

        Medgel

 

(2) ပါ၀င်သောဆေးအမျိုးအစား

        ဆေး ၁ ပြားတွင်

                  Sucralfate 500 mg (သို့) 1000 mg

        ဆေးရည် 5 ml တွင်

                            Sucralfate 1000 mg

 

(3) ကုသနိုင်သောရောဂါများ

        အစာအိမ်/အူသိမ်ဦးပိုင်းအနာဖြစ်ခြင်း၊ စိတ်ဖိစီးမှုကြောင့်ဖြစ်သောအစာအိမ်အနာ၊ အစာအိမ်/အူသိမ်ဦး ပိုင်း ရောင်ရမ်းခြင်း၊ အစာအိမ်မှ အက်ဆစ်ဓာတ်အထွက်လွန်ကဲ၍ အစာအိမ်နံရံများ တိုက်စားခြင်း၊ စားချဥ့်ပြန်ရောဂါ၊ သည်းခြေအိတ်မှထွက်သော သည်းခြေရည်များ အစာအိမ်အတွင်းသို့ နောက်ပြန် စီးခြင်းကြောင့်ဖြစ်သော အစာအိမ်ရောင်ရောဂါ

 

(4) အသုံးပြုပုံ

        အစာမစားမီသောက်သုံးပါ။

အစာအိမ်အနာ- တစ်ခါသောက် 1000 mg၊  တစ်နေ့ ၄ ကြိမ် (အစာမစားမီနှင့် အိပ်ရာမ၀င်မီ တစ်နာရီကြိုသောက်ပါ)

အူသိမ်ဦးပိုင်းအနာ - တစ်ခါသောက် 2000 mg၊ တစ်နေ့ ၂ ကြိမ် (မနက်စာမစားမီနှင့် အိပ်ရာမ၀င်မီ တစ်နာရီ ကြိုသောက်ပါ။)

အနာမဟုတ်သောအခြားရောဂါများ - တစ်ခါသောက် 1000 mg၊ တစ်နေ့ ၂ ကြိမ် (မနက်စာမစားမီနှင့် အိပ်ရာမ၀င်မီ တစ်နာရီ ကြိုသောက်ပါ) (သို့) ဆရာ၀န်ညွှန်ကြားချက်အတိုင်းသောက်ပါ။

 

(5) ဘေးထွက်ဆိုးကျိုး

        ၀မ်းချုပ်ခြင်း

 

(6) အခြားဆေးများနှင့်ဓါတ်ပြုမှု

        အစာအိမ်လေနာပျောက်ဆေးများနှင့် နာရီ၀က်ခြားပြီးမှသောက်ပါ။

       

(7) ထုတ်လုပ်သည့်ကုမ္ပဏီ

        MedicraftPharma

 

(8) တင်သွင်းသည့်ကုမ္ပဏီ

        Acro

www.drmyanmar.com