Meditrol
(1) ဆေးအမည်
Meditrol
(2) ပါ၀င်သောဆေးအမျိုးအစား
ဆေးပြားတပြားတွင် Calcitriol 0.25mcg ပါ၀င်ပါသည်။
(3) ကုသနိုင်သောရောဂါများ
ဗီတာမင် D နှင့် ဖောစရပ်ဓါတ်ချို့တဲ့ခြင်းကြောင့်ဖြစ်ပွားသောကလေးအရိုးပျော့ရောဂါ၊ အရိုးသိမ်ခြင်း၊ သွေးဆုံးပြီးသော အမျိုးသမီးများတွင်ဖြစ်သောအရိုးပွရောဂါ၊ ပါရာသိုင်းရွိုက်ဟော်မုန်း ဓာတ်နည်းခြင်း၊ ကျောက်ကပ်ဆေးခြင်းခံယူနေရသော နာတာရှည်ကျောက်ကပ်ရောဂါရှင်များတွင် ဖြစ်ပွားသော အရိုးရောဂါ။
(4) အသုံးပြုပုံ
ကယ်လစီယမ်ဓာတ်ကိုလူကြီးတစ်ယောက်လျှင် တနေ့လျှင် 800mgခန့် လိုအပ်ပြီးတနေ့လျှင် 1000mg ထက်မပိုသင့်ပါ။
သွေးဆုံးပြီးသောအမျိုးသမီးများတွင်ဖြစ်သောအရိုးပွရောဂါ - 0.25mcg တနေ့ 2 ကြိမ်
ကျောက်ကပ်ဆေးခြင်းခံယူနေရသောနာတာရှည်ကျောက်ကပ်ရောဂါရှင်များတွင် ဖြစ်ပွားသောအရိုးရောဂါ - အစပိုင်းတွင် 0.25mcg မှစ၍ပေးရမည်။ လူနာအခြေအနေပေါ်မူတည်ပြီး 0.5mcg မှ 1 mcg ထိ ပေးနိုင်သည်။
ပါရာသိုင်းရွိက်ဟော်မုန်းနည်းသူများနှင့် ကလေးအရိုးပျော့ရောဂါရှိသူများတွင် 0.25mg မှစ၍ သောက်နိုင်ပြီး လူနာအခြေအနေပေါ်မူတည်၍ ဆေးဝါးပမာဏချိန်ဆရမည်။
(5) ဘေးထွက်ဆိုးကျိုး
သွေးထဲတွင် ကယ်လဆီယမ်ဓါတ်များခြင်း၊ ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်း၊ ၀မ်းချုပ်ခြင်း၊ ဆီးထွက်များခြင်း၊ ကြီးထွားမှုနှောင့်နှေးခြင်း၊ ဆီးလမ်းကြောင်းပိုး၀င်ခြင်း။
(6) ကြိုတင်သတိပြုရမည့်အချက်များနှင့် သောက်သုံးရန်မသင့်သူများ
ဓါတ်မတည့်သူများ၊ သွေးထဲတွင် ကယ်လ်ဆီယမ်ဓါတ်များသူများအသုံးမပြုရ။ ခွဲစိတ်မှုခံယူထား သူများ၊ ကျောက်ကပ်မကောင်းသောသူများတွင် ဆရာ၀န်ညွှန်ကြားချက်အတိုင်းသုံးစွဲရန်။ ရေများများသောက်ရန်။
(7) အခြားဆေးများနှင့်ဓါတ်ပြုမှု
Meditrol ဆေးဝါးသောက်နေစဉ်အတောအတွင်း အခြားကယ်လ်ဆီယမ်ဖြည့်စွက်ဆေးမသုံးစွဲရ။ မဂ္ဂနီဆီယမ်ပါ၀င်သော အစာအိမ်ဆေးများနှင့်အတူတူမသုံးရ။
Thiazide ဆီးဆေးသုံးစွဲနေသူများ၊ နှလုံးရောဂါကုဆေး digitalis သုံးစွဲနေသူများတွင် meditrol သုံးမည်ဆိုပါက ဆရာ၀န်ညွှန်ကြားချက်အတိုင်းသုံးစွဲရန်။
အတက်ရောဂါကုသဆေးPhenytoin (သို့) Phenobarbital နှင့် တွဲသုံးပါကသွေးရည်ကြည်တွင်းရှိ meditrol ပမာဏကိုလျော့နည်းစေပါသည်။
(8)ထုတ်လုပ်သည့်ကုမ္ပဏီ
Mega Lifesciences
(9)တင်သွင်းသည့်ကုမ္ပဏီ
Maxxcare