/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ခန္ဓာကိုယ်က-ဘာကြောင့်-omega-3-လိုအပ်သလဲ

ခန္ဓာကိုယ်က ဘာကြောင့် Omega-3 လိုအပ်သလဲ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

>> Omega-3 ဆိုတာဘာလဲ

Omega-3ဆိုတာ မပြည့်​ဝအဆီတစ်​မျိုးဖြစ်ပြီး သဘာ၀အရ ခန္ဓာကိုယ်​က​နေ မထုတ်​လုပ်​နိုင်​တာ​ကြောင်​့ အစားအ​သောက်​က​နေပဲ ရရှိနိုင်ပါတယ်။ Omega-3 ကိုခန္ဓာကိုယ်လုပ်ဆောင်ချက်တွေအတွက် မရှိမဖြစ်လိုအပ်လို့ essential fatty acid လို့လဲခေါ်ပါတယ်။

အရေးကြီးတဲ့ Omega-3 နှစ်မျိိုးဖြစ်တဲ့ DHA နဲ့ EPA ကို ပင်လယ်ငါးတွေဖြစ်တဲ့ ဆယ်မွန်၊ ဆာဒင်း၊ မက်ကရယ် စတဲ့ ငါးတွေမှာ အဓိကတွေ့ရပါတယ်။

>> Omega-3 နဲ့ Omega-6 ဘာကွာခြားသလဲ

ကျွန်မတို့အများစုက Omega-3 ကိုလုံလုံလောက်လောက်မရကြပါဘူး။ ကျွန်မတို့နေ့စဉ်စားတဲ့အစားအစာတွေဖြစ်တဲ့ ဟင်းရွက်ဆီ၊ အသားစတာတွေကနေပြီးတော့ Omega-6 ပမာဏများများရပါတယ်။

ဒီ Omega-6 ဆိုတာကလည်း မရှိမဖြစ်လိုအပ်တဲ့အဆီပဲဖြစ်ပေမယ့် Omega-3 ထက် Omega-6 တွေပိုစားတာများရင် ရောင်ရမ်းခြင်းတွေဖြစ်စေပြီးတော့ အဆစ်ရောင်ခြင်း၊ နှလုံးရောဂါ စတာတွေနဲ့ဆက်စပ်နေစေပါတယ်။ ဒီတော့ Omega-3 များများစားပေးဖို့လိုအပ်ပါတယ်။ ဒါ့အပြင် သေချာသန့်စင်အောင် ပြုလုပ်ထားတဲ့ Omega-3 ဖြည့်စွက်စာ ဆေးဝါးများကို သောက်သုံးလို့လဲရပါတယ်။

Maxx Omega 3 1

>> Omega-3 က ဘာတွေကောင်းကျိုးပေးသလဲ

Omega-3 က

♦ သွေးကြောထဲမှာရှိတဲ့ မကောင်းတဲ့အဆီတွေကို လျော့နည်းစေပါတယ်။

♦ အဆစ်၊ ဦးနှောက်၊ နှလုံးတွေအတွက်ကောင်းတယ်လို့ ကြားဖူးကြမှာပါ။

ဒါတွေတင်မကဘဲနဲ့ အောက်ပါ ကျန်းမာရေးအကျိုးကျေးဇူး ၅ချက်ကိုလည်း ပေးစွမ်းနိုင်ပါတယ်။

• ကောင်းကောင်းအိပ်ပျော်ဖို့အတွက် အထောက်အကူဖြစ်စေပါတယ်။

• သွေးတိုးကျစေပါတယ်။

• မှတ်ဉာဏ်အားကောင်းစေတယ်။

• အမျိုးသမီးတွေမှာ ရာသီမလာခင်ခံစားရတဲ့လက္ခဏာတွေကိုသက်သာစေပါတယ်။

 

တစ်ချက်ချင်းဆီကိုသေချာပြန်ပြောပေးပါမယ်။

1. ကောင်းကောင်းအိပ်ပျော်စေပါတယ်။

Omega-3 က melatonin ကဲ့သို့သော အိပ်စက်မှုနဲ့ဆိုင်တဲ့ ဟော်မုန်းတွေကိုပိုထွက်စေခြင်းအားဖြင့် အိပ်စက်ခြင်းကိုအထောက်အကူဖြစ်စေပါတယ်။

2.သွေးတိုးကျစေတယ်။

Omega-3 က သွေးကြောတွေကျယ်ဖို့အတွက် အထောက်အကူဖြစ်စေတဲ့အတွက်ကြောင့် နှလုံးက အရမ်းညှစ်စရာမလိုတော့တဲ့အတွက် သွေးတိုးကျစေတာဖြစ်နိုင်ပါတယ်။ ဒါကြောင့် လေဖြတ်နိုင်ချေကိုလည်း နည်းစေနိုင်ပါတယ်။

3.မှတ်ဉာဏ်အားကောင်းစေတယ်။

သုတေသနတွေအရ ငါးကြီးဆီ (Omega-3) 6 လလောက်သောက်ပေးတာနဲ့ မှတ်ဉာဏ်အားကောင်းလာစေတယ်လို့ တွေ့ရှိထားပါတယ်။ ဒါက Omega-3 မှာပါတဲ့ DHA က အာရုံကြောဆဲလ်တွေ တစ်ခုနဲ့တစ်ခု ဆက်သွယ်မှု အားကောင်းလာအောင် ကူညီပေးလို့ဖြစ်နိုင်ပါတယ်။

4.အမျိုးသမီးတွေမှာ ခံစားရလေ့ရှိတဲ့ ရာသီမလာခင်ခံစားရတဲ့လက္ခဏာတွေကိုသက်သာစေပါတယ်။

လတိုင်း စိတ်တွေတက်လိုက်ကျလိုက်၊ မျက်ရည်တွေကျ၊ စိတ်တွေတိုဖြစ်နေပါသလား။ Omega-3 ကကူညီနိုင်ပါလိမ့်မယ်။ သုတေသနတွေအရ Omega-3 ဆေးသောက်ခြင်းက ရာသီမလာခင်မှာ ခံစားရလေ့ရှိတဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာလက္ခဏာအချို့ကိုသက်သာစေနိုင်တယ်လို့ ဆိုပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)

Maxx Omega 3 2

(Unicode)

>> Omega-3 ဆိုတာဘာလဲ














• အမြိုးသမီးတှမှော ရာသီမလာခငျခံစားရတဲ့လက်ခဏာတှကေိုသကျသာစပေါတယျ။

 








4.အမြိုးသမီးတှမှော ခံစားရလေ့ရှိတဲ့ ရာသီမလာခငျခံစားရတဲ့လက်ခဏာတှကေိုသကျသာစပေါတယျ။


Dr. Mya Myo Myo Swe (www.drmyanmar.com)