/
news/အသုံးများဆေးဝါးများ/ascoril-expectorant

Ascoril Expectorant

Category
အသုံးများဆေးဝါးများ
အသုံးများဆေးဝါးများ
Ascoril Expectorant

1. ဆေးအမည်

        Ascoril Expectorant

 

2. ပါ၀င်သောဆေးအမျိုးအစား

          ဆေးရည်  10 ml တွင် Salbutamol 2mg, bromhexine HCL 4mg , guaifenesin USP 100mg နှင့် menthol 1mg ပါ၀င်ပါသည်။

 

3. ကုသနိုင်သော ရောဂါများ

        ချောင်းဆိုးချွဲကြပ်ခြင်း၊ လေပြွန်ကျဉ်းခြင်း

 

4. အသုံးပြုပုံ

          လူကြီးနှင့် အသက် 12နှစ်အထက် - l0 ml တစ်နေ့ 3 ကြိမ်

                       အသက် 6 နှစ်မှ 12 နှစ် - 5ml တစ်နေ့ 3 ကြိမ်

                       အသက် 2 နှစ်မှ 5နှစ် - 2.5ml တစ်နေ့ 3 ကြိမ်

 

5. ဘေးထွက်ဆိုးကျိုး

          ခေါင်းကိုက်ခြင်း၊ အားနည်းခြင်း၊ နှလုံးခုန်မြန်ခြင်း၊ ရင်တုန်ခြင်း၊ အိပ်မပျော်ခြင်း၊ ပျို့အန်ခြင်း၊ ခေါင်းမူးခြင်း၊ ဂဏာ မငြိမ်ဖြစ်ခြင်း၊ ဆီးသွားရာတွင်ခက်ခဲခြင်း၊ ယားယံခြင်း၊ သွေးကြောရောင်ရမ်း ခြင်း၊ လေပြွန်ကျဉ်းခြင်း၊ သွေးတိုးခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အာခေါင်ခြောက်ခြင်း၊ သတိလစ်မေ့မြောခြင်း၊ ဆီးကျောက်တည်ခြင်း၊ ဓာတ်မတည့်ခြင်း တို့ဖြစ်ပေါ်နိုင်သည်။

 

6. ကြိုတင်သတိပြုရမည့် အချက်များနှင့် သောက်သုံးရန်မသင့်သူများ

Salbutamol

          အတက်ရောဂါရှိသူများ၊ သွိုင်းရွိုက်ဟော်မုန်းများသူများ၊ ဆီးချို သွေးချိုရောဂါရှိသူများတွင် Salbutamol ကို သတိပြု၍ သုံးစွဲရန်။

           Salbutamol တွင်လေပြွန်ကျဉ်းစေနိုင်သော ပြောင်းပြန်သက်ရောက်မှုရှိတတ်သဖြင့် လေပြွန်ကျဉ်းခြင်း ဖြစ်ပေါ်ပါက ဆေးကိုရပ်တန့်၍ တခြားဆေးပြောင်းသုံးရန်။

 

Guaifenesin

          ဆေးလိပ်သောက်ခြင်း၊ ပန်းနာရင်ကြပ်ရောဂါ၊ နာတာရှည်လေပြွန်ရောင်ရမ်းခြင်း၊ အဆုတ်တွင်းပွခြင်း တို့ကြောင့်ဖြစ်ပေါ်သော ချောင်းဆိုးချွဲကြပ်ခြင်းတွင် Guaifenesin ကိုသတိပြု၍ သုံးစွဲရန်။

 

Bromhexine

          Bromhexine ကို အစာအိမ်အနာရှိသူများတွင် သတိပြု၍ သုံးစွဲရန်။

        ကိုယ်၀န်ဆောင်များတွင် သတိပြု၍ သုံးစွဲရန်။

        နို့တိုက်မိခင်များတွင် အသုံးပြုရန် မသင့်။

        အသက် 2နှစ်အောက် ကလေးများတွင် အသုံးမပြုရ။

 

7. အခြားဆေးများနှင့် ဓာတ်ပြုမှု

          အချို့သောဆီးဆေးများနှင့်တွဲသုံးပါက  သွေးတွင်းရှိပိုတက်စီယမ်ပမာဏကို လျော့ကျစေ ပါသည်။ ပန်းနာရင်ကြပ်ရောဂါရှိသူများတွင် β blocker အုပ်စု၀င် သွေးတိုးကျဆေးများနှင့် တွဲသုံးပါက ပန်းနာ ရင်ကြပ်ရောဂါကို ပိုဆိုးစေပါသည်။

          Digoxin ဆေးဝါးမှီ၀ဲနေသူများတွင် သွေးထဲရှိ Digoxin ပမာဏကို လျော့ကျစေပါသည်။

          အာရုံကြောအဖွဲ့အစည်းကို အားပေးသည့် အချို့သောဆေးများနှင့် Salbutamol ကို အတူ တွဲသုံးပါက နှလုံးနှင့်ပတ်သက်သော ဘေးထွက်ဆိုးကျိုးများကို ပိုမိုဆိုးဝါးစေပါသည်။

 

8.  ထုတ်လုပ်သည့်ကုမ္ပဏီ

        Glenmark

 

9. တင်သွင်းသည့်ကုမ္ပဏီ

        Pac Link

www.drmyanmar.com