/
news/အသုံးများဆေးဝါးများ/diclofen

Diclofen

Category
အသုံးများဆေးဝါးများ
အသုံးများဆေးဝါးများ
Diclofen

(1) ဆေးအမည်

       Diclofen

 

(2) ပါ၀င်သောဆေးအမျိုးအစား

        ဆေးပြားတပြားတွင် Diclofenac Sodium 50mg နှင့် ဆေးရည် 3ml တွင် Diclofenac Sodium 75mg ပါ၀င်ပါသည်။

 

(3) ကုသနိုင်သောရောဂါများ

          နာကျင်ကိုက်ခဲသည့်ေ၀ဒနာအမျိုးမျိုး

 

(4) အသုံးပြုပုံ

         ဆေးပြား

          တနေ့လျှင် 100mg မှ 150mg ကို 2 ကြိမ် (သို့) 3 ကြိမ်ခွဲပြီးသောက်ရမည်။

          ထိုးဆေးရည်

          အရိုးအဆစ်ရောင်ခြင်း (Osteoarthritis) - တနေ့လျှင် 100mg မှ 150mg တနေ့တကြိမ်

          အရိုးအဆစ်များရောင်ရမ်းပျက်စီးခြင်း (Rheumatoid Arthritis) ရောဂါတွင် အဆစ်အမြစ် ကိုက်ခဲခြင်း - တနေ့လျှင် 100mg မှ 125mg တနေ့ တကြိမ်။

          အရိုးကျီးပေါင်းရောဂါကြောင့် ကိုက်ခဲခြင်း - တနေ့လျှင် 100mg မှ 125 mg

 

(5) ဘေးထွက်ဆိုးကျိုး

        ဗိုက်အောင့်ခြင်း၊ ပျို့အန်ခြင်း၊ ၀မ်းလျှောခြင်း၊ အစာအိမ်သွေးကြောပေါက်ခြင်း၊  အူရောင်ခြင်း၊ ကျောက်ကပ်ထိခိုက်ခြင်း။

 

(6) ကြိုတင်သတိပြုရမည့်အချက်များနှင့် သောက်သုံးရန်မသင့်သူများ

        ဓါတ်မတည့်သူများ၊ ပန်းနာရင်ကြပ်ရောဂါရှိသူများ၊ အက်စပရင်ဆေးဝါးနှင့် ဓါတ်မတည့်သူများ၊ အစာအိမ်အနာ ရှိသူများ၊ ကျောက်ကပ်မကောင်းသူများ အသုံးမပြုရ။ ကိုယ်၀န်ဆောင်နှင့် နို့တိုက်မိခင်များ အသုံးမပြုရ။

 

(7) အခြားသောဆေးများနှင့်ဓါတ်ပြုမှု

          အကိုက်အခဲပျောက်ဆေး Aspirin ဆေးဝါးနှင့်အတူ တွဲမသုံးသင့်ပေ။

          နှလုံးရောဂါကုဆေး (Digoxin)၊ ကင်ဆာရောဂါကုသရာတွင်အသုံးပြုသော methotrexate, စိတ်ရောဂါကုဆေး (Lithium) ဆေးဝါးများနှင့်တွဲသုံးပါက ၎င်းဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးကိုမြင့်တက် စေပါသည်။ ခန္ဓာကိုယ်တွင်းမှ ပိုတက်ဆီယမ်ဓါတ်ကို ထိန်းသိမ်းထားနိုင်သော ဆီးဆေး (Triamterene) နှင့် ခန္ဓာကိုယ်မှ ခုခံစွမ်းအားကို ကျဆင်းစေသော Cyclosporin ဆေးဝါးများနှင့်အတူတွဲသုံးပါက ကျောက်ကပ်ပျက်စီးနိုင်ခြေ ပိုမိုမြင့်မားသည်။

 

(8) ထုတ်လုပ်သည့်ကုမ္ပဏီ

        SRS

         

(9) တင်သွင်းသည့်ကုမ္ပဏီ

          Nebula

www.drmyanmar.com