Telcard
(1) ဆေးအမည်
Telcard
(2) ပါ၀င်သောဆေးအမျိုးအစား
ဆေးပြားတစ်ပြားတွင် Telmisartan 20mg (သို့) 40mg ပါ၀င်ပါသည်။
(3) ကုသနိုင်သောရောဂါများ
သွေးတိုးရောဂါ၊ လေဖြတ်ခြင်း၊ နှလုံးကြွက်သားပုတ်ခြင်းကိုကာကွယ်ရန်
(4) အသုံးပြုပုံ
40 mg မှစ၍ သုံးနိုင်သည်။လူနာအခြေအနေပေါ်မူတည်ပြီး 80 mg ထိတိုး၍သောက်နိုင်သည်။
နှလုံးရောဂါကာကွယ်ရန် - တစ်နေ့လျှင် 80 mg
(5) ဘေးထွက်ဆိုးကျိုး
အစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ၊ ခါးနာခြင်း၊ သွေးထဲရှိသွေးနီဥပမာဏနည်းသွားခြင်း။
(6) ကြိုတင်သတိပြုရမည့်အချက်များနှင့် သောက်သုံးရန် မသင့်သူများ
ကျောက်ကပ်မကောင်းသူများ၊ နှလုံးအားဆုတ်ယုတ်သောလူများ၊ ပိုတက်ဆီယမ် ဖြည့်စွက်ဆေးဝါး မှီ၀ဲနေသူများတွင် သွေးတွင်းပိုတက်ဆီယမ်ပမာဏ မြင့်တက်နိုင်သောကြောင့် ပိုတက်စီယမ်ပမာဏကို မျက်ခြေမပြတ် စောင့်ကြပ်စစ်ဆေးပေးရန်လိုအပ်ပါသည်။ ကျောက်ကပ်သွေးကြောကျဉ်းသူများအသုံးမပြုရ။
ကလေးများ၊ ကိုယ်၀န်ဆောင်နှင့်နို့တိုက်မိခင်များအသုံးမပြုရ။
(7) အခြားဆေးများနှင့်ဓာတ်ပြုမှု
Digoxin နှင့်တွဲသုံးပါကသွေးတွင်း Digoxin ပမာဏကိုတက်စေနိုင်သောကြောင့် စစ်ဆေးစောင့်ကြည့်ရန်လိုအပ်ပါသည်။
Lithium နှင့်တွဲသုံးပါကသွေးတွင်း Lithium ပမာဏကိုတက်စေနိုင်သောကြောင့် တိုင်းတာစောင့်ကြည့်ရန် လိုအပ်ပါသည်။
(8) ထုတ်လုပ်သည့်ကုမ္ပဏီ
ZydusCadila
(9) တင်သွင်းသည့်ကုမ္ပဏီ
AA Medical






























