/
node/10277

ကိုဗစ် ကူးစက်ခံရဖို့ ဘယ်သူတွေမှာ အလားအလာပိုများလဲ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ကိုဗစ်ဗိုင်းရပ်စ်ဟာ အသက်၊ လူမျိုး၊ ဘာသာမရွေးကို ကူူးစက်နိုင်တဲ့ဗိုင်းရပ်စ် ဖြစ်ပါတယ်။ ဒါပေမဲ့ ကူးစက်ခံရဖွယ် အလားအလာ ပိုများသော အုပ်စုများကို ကြိုတင်သိထားခြင်းဖြင့် မိမိမိသားစုနှင့်ချစ်ခင်သူများကို ကောင်းစွာကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

>>  ကိုဗစ်ကူးစက်ခံဖို့ အလားအလာအများဆုံးသူတွေကတော့ -
●  အသက်ကြီးသူများ
●  ကင်ဆာရောဂါနှင့် နာတာရှည်ရောဂါ ဝေဒနာခံစားနေရသူများ
●  ကင်ဆာဆေးသွင်းနေရသူများ၊ ဓာတ်ကင်နေရသူများ
●  ကိုယ်ခံအားကျဆင်းနေသူများ

>>  ကိုဗစ်ကူးစက်ခံဖို့ ဒုတိယ အလားအလာအများဆုံးသူတွေကတော့ -
●  ဆီးချိုရောဂါရှိသူများ
●  နာတာရှည်ကျောက်ကပ်ပျက်စီးနေသူများ
●  နာတာရှည်အဆုတ်ရောဂါရှိသူများ
●  အဝလွန်သူများ
●  လေဖြတ်နေသူများ
●  အသည်းရောဂါရှိသူများ
●  သွေးတိုးရောဂါရှိသူများ
●  HIV ပိုးရှိသူများ ဖြစ်ပါတယ်။
အထက်ပါအချက်များအပြင် အသက် ၇၀ နှင့်အထက် လူကြီးများ၊ ဆေးလိပ်သောက်သူများတွင်လည်း ကူးစက်ဖို့ အလားအလာများနေပါတယ်။

ဒီလိုအလားအလာများသူတွေအနေနှင့် လိုက်နာဆောင်ရွက်သင့်တဲ့ အချက်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
●  ကိုယ်ခံအားကောင်းစေဖို့ အာဟာရပြည့်ဝအောင်စားခြင်း၊ အိပ်ရေး၀၀အိပ်ခြင်း
●  လက်ကို မကြာခဏဆေးခြင်း
●  ချောင်းဆိုးနှာချေရာတွင် တံတောင်ကွေးဖြင့် ဖုံးအုပ်ခြင်း(သို့) တစ်ရှူးဖြင့်အုပ်ခြင်း
●  အသုံးပြုထားသော တစ်ရှူးများကို ချက်ချင်းအမှိုက်ပုံးတွင် စွန့်ပစ်ခြင်း
●  အပြင်ထွက်တိုင်း မဖြစ်မနေ နှာခေါင်းစသည်း (mask) တပ်ခြင်း၊ လိုအပ်ပါက မျက်နှာအကာ (face shield ) အသုံးပြုခြင်း
●  အတတ်နိုင်ဆုံးအိမ်တွင်သာနေခြင်း
●  ရောဂါအခံရှိသူများအနေနှင့် ဆေးကုသမှုမပြတ်ခံယူခြင်း၊ ဆေးပုံမှန်သောက်ခြင်း
●  အိမ်ပြင်ထွက်ရပါက အခြားသူများနှင့် အနည်းဆုံး ၆ ပေအကွာတွင်နေခြင်း
●  ဆေးလိပ်သောက်သူများအနေနှင့် ဆေးလိပ်ဖြတ်ခြင်းတို့ကို မဖြစ်မနေ လိုက်နာဆောင်ရွက်သင့်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)