/
node/10289

ကိုဗစ် ကူးစက်ခံရပြီဆိုတာနှင့် ဘာတွေပြင်ဆင်ကြမလဲ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

နေ့စဉ်နှင့်အမျှ ကိုဗစ် ကူးစက်ခံရသူ များပြားလာတဲ့အခါ တစ်နေ့မဟုတ်တစ်နေ့ မိမိလည်း ရောဂါကူးစက်ခံရနိုင်ပါတယ်။ မိမိတွင် ကိုဗစ်ရှိပြီလို့ သိလိုက်တာနှင့်တစ်ပြိုင်နက် (သို့မဟုတ်) မိမိမှာ ကူးစက်ခံရပြီလို့ သံသယရှိတာနှင့် ပြုလုပ်သင့်တဲ့အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁)  အောက်ပါလက္ခဏာများ တွေ့ရပါက ကျန်းမာရေးဌာနသို့ ဆက်သွယ်ပါ။
●  ၇၂နာရီဆက်တိုက် အဖျားရှိခြင်း
●  ချောင်းဆိုးခြင်း၊ အသက်ရှူကြပ်ခြင်း

(၂)  တခြားသူများနှင့် ဝေးဝေးနေပါ
●  အိမ်မှာဆိုပါက မိသားစုဝင်များ၊ အိမ်မွေးတိရစ္ဆာန်များနှင့် မရောနှောဘဲ အခန်းတွင်းသီးသန့်နေပါ။
●  အိမ်မှာနေစဉ်လည်း အနီးအနားတွင် မိသားစုဝင်များရှိပါက နှာခေါင်းစည်း တပ်ပါ။
●  အခြားသူများနှင့် ပန်းကန်၊ ဇွန်း၊ ခွက်၊ မျက်နှာသုတ်ပဝါ၊ အိပ်ရာခင်းတို့ မျှဝေသုံးစွဲခြင်းမပြုသင့်ပါ။
●  အိမ်ရှိ စားပွဲ၊ မီးဖိုချောင်၊ ရေချိုးခန်း၊ အိမ်သာ၊ ရေခဲသေတ္တာ စသည်တို့အား သင်အသုံးပြုပြီးတိုင်း ပိုးသတ်ဆေးရည်ဖြင့် ဖျန်းပါ။
●  အိမ်ရှိပစ္စည်းများအား ကိုင်တွယ်ပါက လက်အိတ်ဝတ်ပါ။

(၃)  မိမိကိုယ်ကို ကောင်းစွာဂရုစိုက်ပါ။
●  အိပ်ရေး၀၀ အိပ်စက်ပါ။
●  ရေနှင့်အရည်များများ သောက်ပါ။
●  နွေးနွေးထွေးထွေးနေပါ။
●  လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်းအတွက် ရေနွေးနွေးဖြင့် ရေချိုးပါ။
●  အဖျားနှင့် ကိုယ်လက်ကိုက်ခဲခြင်းတို့အတွက် ပါရာစီတမော သောက်ပါ။
●  အာဟာရပြည့်ဝသော အစားအစာများကို စားသုံးပါ။
●  နှာချေချောင်းဆိုးပြီးတိုင်း၊ အိမ်သာအဆင်းတိုင်း၊ အစာမစားမီတိုင်း လက်ကို ဆပ်ပြာဖြင့် စက္ကန့် ၂၀ ကြာအောင် ဆေးကြောပါ။ လက်ဆေးဖို့ မလွယ်ကူရင် အယ်ကိုဟော အနည်းဆုံး ၆၀% ပါသော လက်သန့်ဆေးရည်ကို အသုံးပြုနိုင်ပါတယ်။
မိမိကိုယ်ကို ဂရုစိုက်ခြင်းဖြင့် အမြန်ဆုံး သက်သာပျောက်ကင်းနိုင်သလို မိမိမှတစ်ဆင့် ရောဂါမပြန့်ပွားအောင်လည်း ကာကွယ်နိုင်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)