/
node/10469

Australia နိုင်ငံ Victoria ပြည်နယ်မှာ ကိုဗစ်ဗိုင်းရပ်စ်ကို သုတ်သင်နိုင်ပြီဖြစ်ကြောင်း နိုဝင်ဘာ ၂၇ တွင် ကြေညာခဲ့

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

သြစတေးလျနိုင်ငံရဲ့ ပြည်နယ်များအနက် တစ်ခုအပါအဝင်ဖြစ်တဲ့ Victoria ပြည်နယ်အနေနှင့် ကိုဗစ်ကူးစက်မှုမရှိတာ နိုဝင်ဘာ ၂၇ တွင် ၂၈ ရက်ဆက်တိုက်ရှိပြီ ဖြစ်ပါတယ်။ အဆိုပါပြည်နယ်ဟာ ကိုဗစ်ကူးစက်သူ လူနာအသစ်များ ထပ်မံမရှိတော့သလို ကိုဗစ်ကြောင့် သေဆုံးသူလူနာလည်း မရှိတော့တာဖြစ်တဲ့အတွက် အိမ်နီးချင်းပြည်နယ်ဖြစ်တဲ့ Tasmania ဟာ နယ်စပ်ဂိတ်တွေကို ဖွင့်လှစ်ပြီး သွားလာခွင့်ပြုလိုက်ပါတယ်။
ကမ္ဘာ့ရောဂါတိုက်ဖျက်ရေးအဖွဲ့ရဲ့ သတ်မှတ်ချက်အရ ၂၈ ရက်ဆက်တိုင် လူနာအသစ် ထပ်မံကူးစက်ခြင်းမရှိပါက ဗိုင်းရပ်စ်ကို သုတ်သင်ရှင်းလင်းနိုင်ပြီ ဖြစ်ပါတယ်။ Autralia နိုင်ငံရဲ့ ဝန်ကြီးကတော့ ဒီလိုကူူးစက်မှုအသစ်မဖြစ်ပေါ်ခြင်းဟာ မှတ်တိုင်တစ်ခုအဖြစ် ဝမ်းသာစရာဖြစ်သော်လည်း ကိုဗစ်ကာကွယ်ဆေး ထိုးပြီးမှာသာလျှင် သာမန်အတိုင်း စိတ်ချလက်ချ နေထိုင်သွားလာနိုင်မှာဖြစ်ကြောင်း ပြည်သူလူထုအား သတိပေး ပြောကြားပါတယ်။
ဒီလိုမျိူး ကူးစက်သူလူနာအသစ် မတွေ့ရှိတာ ၂၈ ရက် ဆက်တိုက်ကြာပြီးနောက် Victoria ပြည်နယ်သူတွေဟာ Tasmania ပြည်နယ်သို့ ပြန်လည်သွားလာခွင့်ရရှိသွားပါပြီ။ Tasmania သို့ ပြည်ဝင်ခွင့်ကို ပိတ်ထားတာ လများစွာ ကြာမြင့်ခဲ့ပြီဖြစ်တဲ့အတွက် နိုဝင်ဘာ ၂၇ ကစပြီး ခရီးသွားပြည်သူ ၇၀၀ လောက်ဟာ Tasmania သို့ သွားလာဖို့ ပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။
အလားတူပဲ Victoria ပြည်နယ်ကနေ Queensland ပြည်နယ်သို့ သွားလာခွင့်ကိုလည်း ဒီဇင်ဘာလ ၁ ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။
သို့သော် Victoria ကနေ South Australia ပြည်နယ်သို့ သွားလာခွင့်ကို ဘယ်အချိန်တွင် ပြန်လည်ဖွင့်ပေးမလဲဆိုတာ အခုထိမသိရသေးပါဘူး။
ပြည်နယ်အစိုးရအနေနှင့်ကတော့ တောင်သြစတေးလျပြည်နယ်ရဲ့ လုပ်ဆောင်ချက်များအတိုင်း Victoria ပြည်နယ်သို့ ဝင်ရောက်လာသော ခရီးသွားတိုင်းကို ကိုဗစ်ဗိုင်းရပ်စ်စစ်ဆေးမှု ပြုလုပ်သွားမှာဖြစ်ပြီး ကူးစက်မှု တွေ့ရှိရပါက ကုသမှုတွေ ဆောင်ရွက်ဖို့ လွဲပြောင်းသွားမှာဖြစ်တယ်လို့ ကြေညာထားပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)