/
node/10675

ထိခိုက်ဒဏ်ရာ (ထိုးသွင်းဒဏ်ရာ) ရတဲ့အခါ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

တစ်ခါတစ်ရံမှာ လက်သည်းနဲ့ပဲဖြစ်ဖြစ်၊ စူးချွန်လေးနဲ့ပဲဖြစ်ဖြစ် ထိုးမိတာ ဖြစ်နိုင်ပါတယ်။ သွေးတော့ သိပ်မထွက်ပေမယ့် ပိုးဝင်တာ၊ အသားထဲ နစ်ဝင်ကျန်နေတာမျိုးတွေ ဖြစ်နိုင်တယ်။
သွေးထွက်နေရင် အဝတ်သန့်သန့်လေးနဲ့ ဖိပေးထားပါ။ ပိုးသန့်ညှပ်ကလေးနဲ့ အမှိုက်တွေကိုရှင်းထုတ်ပြီးတော့ အနာဘေးပတ်ဝန်းကျင်ကို ဆပ်ပြာနဲ့ရေ၊ ဒါမှမဟုတ် ဆားရည်အပျော့လေးနဲ့ ဆေးပေးပါ။ ပြီးရင် ပိုးသတ်လိမ်းဆေးလေး လိမ်းပြီး အနာကို သေးရင် ပလာစတာလေး၊ ကြီးရင် ပတ်တီးကြီးကြီးနဲ့ အုပ်ထားလိုက်ပေါ့။

>>  တကယ်လို့
●  နီတာ၊ ပူတာ၊ ရောင်တာ စသဖြင့် အနာပိုးဝင်တဲ့လက္ခဏာတွေရှိရင်
●  အနာမကျက်ရင်
●  အနာနက်ရင်
●  မြွေ၊ အကောင်တစ်ကောင်၊ လူကိုက်ရာဖြစ်ခဲ့ရင်
●  မြေကြီး ဒါမှမဟုတ် တံတွေးတွေ ပေနေခဲ့ရင်
●  အသားထဲနစ်မြုပ်နေရင် ဆရာဝန်နဲ့ပြပါ။

Dr. Mya Phoo Ngon (www.drmyanmar.com)