/
node/1068

Amlosun

Category
အသုံးများဆေးဝါးများ
အသုံးများဆေးဝါးများ
Amlosun

1. ဆေးအမည်      

          Amlosun

 

2. ပါ၀င်သောဆေးအမျိုးအစား

          ဆေးပြားတစ်ပြားတွင် Amlodipine 10mg ပါ၀င်ပါသည်။

 

3. ကုသနိုင်သောရောဂါများ       

          သွေးတိုးရောဂါတွင် ပထမဦးစားပေးအဆင့် သွေးတိုးထိန်းဆေးအဖြစ် Amolsun တစ်မျိုးတည်းသော် လည်းကောင်း၊ Beta Blocker၊ ACEI ၊ ဆီးဆေးစသော အခြားသွေးတိုးထိန်းဆေးများနှင့် သော်လည်းကောင်း တွဲ၍သုံးနိုင်သည်။

          နှလုံးသွေးကြောပိတ်၍ နှလုံးအောင့်သောရောဂါ - Angina တွင်လည်း ပထမဦးစားပေးဆေးအဖြစ် တစ်မျိုးတည်းသော်လည်းကောင်း၊ အခြားဆေးများဖြင့်တွဲဖက်၍သော်လည်းကောင်း အသုံးပြုနိုင်သည်။ ထို့အပြင် Nitrates ၊ Beta Blocker ဆေးများအား တုံ့ပြန်မှုမရှိသော Angina အမျိုးအစားတွင်လည်း အသုံးပြုနိုင်သည်။

 

4. အသုံးပြုပုံ

          သွေးတိုးရောဂါ   -  တစ်နေ့တစ်ကြိမ် 5mg နေ့စဉ်သောက်သုံးရမည်ဖြစ်ပြီး တစ်နေ့တာအတွက် အများဆုံးသောက်သုံးနိုင်သောပမာဏမှာ 10mg ဖြစ်သည်။

          အသက် ၆၀အထက်လူကြီးများ၊ အသည်းပျက်စီးနေသူများ၊ အသည်းမကောင်းသူများ၊ ပိန်လွန်းသူများတွင် တစ်နေ့တစ်ကြိမ် 2.5mg သာ သောက်သုံးသင့်သည်။ အခြားသော သွေးတိုးထိန်းဆေးများနှင့် တွဲသုံးပါကလည်း 2.5mg မှစ၍ သောက်သုံးရမည်။ ရလဒ်ပေါ်မူတည်၍ ဆေးဝါးပမာဏအတိုးအလျော့ကို ချိန်ဆရမည်။

          နှလုံးသွေးကြောပိတ်၍ ရင်ဘတ်အောင့်ခြင်း (Anginal) – တစ်နေ့တစ်ကြိမ် 5mg မှ 10mg နေ့စဉ် သောက်သုံး ရမည်။ အသက် ၆၀အထက်လူကြီးများနှင့် အသည်းပျက်စီးနေသူများတွင် တစ်နေ့တစ်ကြိမ် 2.5mg သာ သောက်သုံး သင့်သည်။

 

5. ဘေးထွက်ဆိုးကျိုး

          ခေါင်းကိုက်ခြင်း၊ ခြေထောက်များဖောရောင်ခြင်း၊ မောပန်းခြင်း၊ ပျို့အန်ခြင်း၊ ခေါင်းမူးခြင်းတို့ ရံဖန်ရံခါဖြစ်ပေါ်နိုင်သည်။

          ခြေထောက်များဖောရောင်ခြင်းသည် သောက်သုံးရသည့်ပမာဏအနည်းအများပေါ်တွင် မူတည်၍ဖြစ်ပေါ်ပြီး ဆေးရပ်လိုက်သည်နှင့် ရာနှုန်းပြည့်ပြန်လည်ကောင်းမွန်သည်။

 

6. ကြိုတင်သတိပြုရမည့်အချက်များနှင့် သောက်သုံးရန်မသင့်သူများ

          ကိုယ်၀န်ဆောင်မိခင်၊ နို့တိုက်မိခင်နှင့် အသက် ၁၈အောက် ကလေးများတွင် အသုံးမပြုရ။

          အသည်းမကောင်းသောသူများတွင် သတိပြု၍ သုံးစွဲရန်။

 

7. အခြားဆေးများနှင့်ဓာတ်ပြုမှု

          ဆီးချိုဆေး၊ သွေးကျဲဆေး (Warfarin)၊ အတက်ကျဆေး(Phenytoin)၊ ဆီးဆေး (Thiazide Diuretics), Beta Blocker, ACEI, Nitrate, အကိုက်အခဲပျောက်ဆေး၊ ပဋိဇီ၀ပိုးသတ်ဆေးများနှင့် စိတ်ချစွာတွဲ၍သောက်နိုင်သည်။

 

8.  ထုတ်လုပ်သည့်ကုမ္ပဏီ

        Sun Pharma 

 

9. တင်သွင်းသည့်ကုမ္ပဏီ

        Sin Byu Gyun

www.drmyanmar.com