နာတာရှည်ကိုဗစ်လက္ခဏာ ခံစားရသူများတွင် ဖြစ်လေ့ရှိသောချောင်းဆိုးခြင်းများ
ယခုအခါမှာ ကိုဗစ်ကူးစက်ခံရပြီးသော လူအများအပြားရှိသလို ကူးစက်ခံနေရဆဲ အရေအတွက်မှာလည်း မနည်းလှပါဘူး။ ကိုဗစ်ဖြစ်ပြီးနောက် ရက်ရှည်ချောင်းဆိုးခြင်းကို ဆက်လက်ခံစားနေရသူများလည်းရှိနေပြီး ထိုလူများအနေနှင့် ကိုဗစ်ကြောင့် ဆက်လက်ချောင်းဆိုးခြင်းလား၊ ဘတ်တီးရီးယားပိုး ထပ်မံဝင်ရောက်ခြင်းကြောင့် ချောင်းဆိုးခြင်းလားဆိုတာကို အဖြေရှာဖို့ လိုပါတယ်။
အချို့သောကူးစက်ခံလူနာများအနေနှင့် အဆုတ်နှင့်ပတ်သက်သော နောက်ဆက်တွဲလက္ခဏာများ ဆက်လက်ခံစားရနိုင်ပါတယ်။ ဒီအတွက်ကို ကိုဗစ်ကူးစက်ခံရပြီး ၄ ပတ်မှ ၆ ပတ်အတွင်းမှာ အဆုတ်ဓာတ်မှန် ရိုက်ကြည့်သင့်ပြီး အဆုတ်နှင့်ပတ်သက်ပြီး ပုံမှန်မဟုတ်တဲ့ တွေ့ရှိချက်တွေရှိရင်တော့ ဆရာဝန်နှင့် သေချာကုသမှုခံယူဖို့ လိုပါတယ်။
Solmux Adult IA 1 2023
>> ကိုဗစ်ကူးစက်ပြီးနောက် ရက်ကြာရှည်ချောင်းဆိုးနေခြင်း
ကိုဗစ်ကြောင့် ရက်ရှည်ချောင်းဆိုးခြင်းအတွက် ဗြိတိန်နိုင်ငံ ရင်ခေါင်းရောဂါအဖွဲ့အစည်းက ချမှတ်ထားတဲ့ ကုသခြင်းနည်းလမ်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
(၁) အဆုတ်ဓာတ်မှန်ရိုက်ပါ။ ကိုဗစ်ကူးစက်ပြီး ၄ ပတ်မှ ၆ ပတ်အတွင်းတွင် ရိုက်နိုင်ပါတယ်။
(၂) Spirometry ခေါ် ဘောလုံးမှုတ်စက်ကို အသုံးပြုပါ။
(၃) ACEI အမျိူးအစား သွေးကျဆေးသောက်နေသူများအနေနှင့် ချောင်းခြောက် ပိုဆိုးစေတတ်လို့ ခဏရပ်ထားသင့်ပါတယ်။
Solmux Adult IA 2
(၄) ပန်းနာရင်ကြပ်၊ အဆုတ်လေပြွန်ရောင်ရောဂါ၊ ရင်ပူနာရောဂါရှိသူများ ဆေးကုသမှုခံယူသင့်ပါတယ်။
(၅) ချောင်းဆိုးခြင်း မသက်သာပါက ဆေးကုသမှုကို သေချာခံယူပါ။
ကိုဗစ်ကြောင့် သလိပ်ပါသော ချောင်းဆိုးခြင်းဖြစ်ပါက ချွဲသလိပ်များကို သက်သာစေသော ဆေးဝါးများကို မှီဝဲလို့ရပါတယ်။ ဘက်တီးရီးယားပိုးဝင်ခြင်း ရှိ၊ မရှိ ပိုးသတ်ဆေးသောက်ရန် လို၊ မလိုကိုတော့ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)






























