/
node/10795

ဘာလို့ ဖျားကြတာလဲ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ကျွန်မတို့ရဲ့ ခန္ဓာကိုယ်ထဲကို ရောဂါပိုးတစ်ခုခု ဝင်ရောက်လာရင် တိုက်ထုတ်ဖို့အတွက် သွေးဖြူဥတွေ ထုတ်လုပ်ပါတယ်။ ဒီလိုသွေးဖြူဥတွေ များလာရင် ခန္ဓာကိုယ်အပူချိန်က မြင့်တက်လာပါတယ်။ ဒါကို ဖျားတယ်လို့ ခေါ်ပါတယ်။ တစ်ခါ တက်လာတဲ့အပူချိန်ကို ပြန်ချဖို့အတွက် ခန္ဓာကိုယ်က အရေပြားကို သွေးစီးဆင်းနေတာကို လျော့၊ ကြွက်သားတွေကို ကျုံ့လိုက်တဲ့အတွက် ချမ်းတာ၊ ကြွက်သား နာကျင်ကိုက်ခဲတာကိုပါ ထပ်ပြီးခံစားရပါတယ်။

ခန္ဓာကိုယ်ရဲ့ ပုံမှန်အပူချိန်က ၉၈.၆ ဒီဂရီဖာရင်ဟိုက်ဖြစ်ပြီး ဒီထက်များရင် ဖျားတယ်လို့ခေါ်ပါတယ်။ လူကြီးတွေမှာ ရိုးရိုးကိုယ်ပူဖျားနာတာက အရေးမကြီးပေမယ့် ကလေးငယ်တွေမှာတော့ နည်းနည်းဖျားတာနဲ့ ဆရာဝန်နဲ့ ပြသင့်ပါတယ်။

၁၀၀°F လောက်က ရိုးရိုးဖျားတာဖြစ်ပြီး ၁၀၃ လောက်ဆိုရင်တော့ အဖျားကြီးတယ်လို့ ပြောလို့ရပါတယ်။ ရိုးရိုးဖျားတာက ၃ ရက်လောက်ဆို ပြန်ကောင်းသွားတတ်ပါတယ်။ အဖျားကြာရှည်နေတာ၊ ပြန်ပြန်ဖျားနေတာမျိုးဆို ၁၄ ရက်လောက် ကြာတတ်ပါတယ်။

Decolgen IA 1

>>  ရက်ရှည်ဖျားနေရင်တော့ အဖျားငွေ့ငွေ့လေးဆိုရင်တောင် အရေးကြီးပါတယ်။ သာမန်ဖျားတာရဲ့ လက္ခဏာတွေက -
1.  ချွေးထွက်တာ
2.  ချမ်းတုန်တာ
3.  ခေါင်းကိုက်တာ
4.  ကြွက်သားတွေ နာကျင်ကိုက်ခဲတာ
5.  အစားစားချင်စိတ်မရှိတာ
6.  နုံးချိပြီး အားမရှိတာတွေ ဖြစ်ပါတယ်။

Decolgen IA 2

>>  ဘယ်အချိန်မှာ ဖျားတာက အရေးကြီးလဲ?
●  အဖျားကြီးရင် (၁၀၃°F) ထက်ကျော်ရင်
●  ၃ ရက်ထက်ကျော်ရင်
●  ခေါင်းကိုက်တာ အရမ်းဆိုးရင်
●  ခေါင်းမူးရင်
●  အလင်းရောင်ကို မကြည့်နိုင်ရင်
●  လည်ပင်းတောင့်တာ၊ လည်ပင်းနာတာရှိရင်
●  အရေပြားမှာ အနီကွက်၊ ခရမ်းကွက်တွေပေါ်ရင်
●  အသက်ရှူရခက်ရင်
●  ခဏ ခဏအန်ရင်
●  ရေဓာတ်ခမ်းခြောက်တာရှိရင်
●  ဗိုက်အောင့်ရင်
●  ကြွက်တက်ရင်
●  သတိမကောင်းရင်
●  တက်ရင်
●  ဆီးသွားတုန်း နာကျင်ရင်
●  ဆီးသွားနည်းရင်
●  ဆီးအမည်းရောင်ဖြစ်ရင် ဆရာဝန်နဲ့ ချက်ချင်းပြသသင့်ပါတယ်။

Dr. Htar (www.drmyanmar.com)