/
node/1085

Cardiopril

Category
အသုံးများဆေးဝါးများ
အသုံးများဆေးဝါးများ
Cardiopril

(1)  ဆေးအမည်

            Cardiopril

 

(2)  ပါ၀င်သောဆေးအမျိုးအစား

          ဆေးတောင့်တစ်တောင့်တွင် Ramipril 2.5mg (သို့) 5mg ပါ၀င်ပါသည်။

 

(3)  ကုသနိုင်သောရောဂါများ

            သွေးတိုးရောဂါ၊ နှလုံးညှစ်အားလျော့နည်းသွားခြင်း၊ နှလုံးကြွက်သားပုပ်ခြင်း။

 

(4)  အသုံးပြုပုံ

          ဆီးဆေးများမှီ၀ဲနေရသဖြင့် ခန္ဓာကိုယ်ထဲတွင်အရည်ဓာတ်လျော့နည်းနေသူများတွင် 12.5 mg မှစ၍ သောက်ရမည်။

          သွေးတိုးရောဂါ 2.5mg တစ်နေ့တစ်ကြိမ် နေ့စဉ်၊ လူနာအခြေအနေပေါ်မူတည်ပြီးတစ်နေ့လျှင် 10 mg ထိ တိုး၍ သောက်နိုင်သည်။

            နှလုံးညှစ်အားလျော့နည်းသွားခြင်း 1.25 mg တစ်နေ့တစ်ကြိမ်နေ့စဉ်။ လူနာအခြေအနေပေါ် မူတည်ပြီး တစ်နေ့လျှင် 10 mg ထိတိုး၍ သောက်နိုင်သည်။

            နှလုံးကြွက်သားပုပ်ခြင်း - 2.5 mg တစ်နေ့ 2ကြိမ်။ လူနာအခြေအနေပေါ် မူတည်၍ ဆေးပမာဏ အတိုးအလျှော့လုပ်ပေးရမည်။

 

(5)  ဘေးထွက်ဆိုးကျိုး

          ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ ချောင်းဆိုးခြင်း၊ နုံးခွေခြင်း၊ သွေးပေါင်ကျခြင်း၊ ပျို့အန်ခြင်း၊ ဓာတ်မတည့်ခြင်း၊ ရင်တုန်ခြင်း၊ သွေးအားနည်းခြင်း၊ အသဲရောင်ခြင်း၊ နားအူခြင်း၊ စိတ်ပူပန်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ အိပ်မပျော်ခြင်း၊ ၀မ်းလျှောခြင်း၊ မုန့်ချိုအိတ်ရောင်ခြင်း၊ အင်ပြင်ထခြင်း။

 

(6)  ကြိုတင်သတိပြုရမည့်အချက်များနှင့် သောက်သုံးရန်မသင့်သူများ

          ဓာတ်မတည့်သူများ၊ ကျောက်ကပ်သွေးကြောကျဉ်းသူများ၊ သွေးပေါင်ချိန်မတည်ငြိမ်သူများ၊ ကိုယ်၀န်ဆောင်နှင့် နို့တိုက်မိခင်များအသုံးမပြုရ။

            အသဲမကောင်းသောသူများ၊ ကျောက်ကပ်မကောင်းသောသူများတွင် ဆေးပမာဏကိုချိန်ဆ၍ သုံးစွဲရန်။

            ကနဦးမှီ၀ဲခါစတွင်သွေးပေါင်ကျစေနိုင်သဖြင့် ကားမောင်းသူများနှင့် စက်ယန္တရားသုံးစွဲသူများတွင် သတိပြု၍သုံးစွဲရန်။

 

(7)  အခြားဆေးများနှင့်ဓာတ်ပြုမှု

          ဆီးဆေးနှင့် Ramipril တွဲဖက်သုံးစွဲပါက စတင်သောက်သုံးပြီး နာရီပိုင်းအတွင်းတွင် သွေးပေါင် အလွန်ကျသွားနိုင်သည်။

            ပိုတက်ဆီယမ်ဓာတ်ဖြည့်စွက်ဆေး၊ သွေးထဲတွင် ပိုတက်ဆီယမ်ဓာတ်တက်စေသည့် ဆေးများဖြစ်သော cyclosporin, indomethacin ဆေးများနှင့် တွဲဖက်သုံးစွဲပါက သွေးထဲရှိပိုတက်ဆီယမ်ပမာဏကို မြင့်တက်စေနိုင်သည်။

            Lithiam နှင့်တွဲသုံးပါက Lithium အဆိပ်သင့်ခြင်းကို ဖြစ်စေနိုင်ပါသည်။

            အကိုက်အခဲပျောက်ဆေး NSAD နှင့် တွဲသုံးပါက Ramipril ၏ဘေးထွက်ဆိုးကျိုးများဖြစ်နိုင်ခြေပို များစေနိုင်သည်။

 

(8)  ထုတ်လုပ်သည့်ကုမ္ပဏီ

            Dr Reddy's

 

(9)  တင်သွင်းသည့်ကုမ္ပဏီ

            Hero Int'l

www.drymyanmar.com