ကိုဗစ်ဖြစ်ရင် ချွဲကြပ်နိုင်သလား
ကိုဗစ်ဖြစ်လို့ ချောင်းဆိုးရင် ချောင်းခြောက်ဆိုးတာဟာ အဖြစ်များပေမယ့် သုံးပုံတစ်ပုံမှာတော့ ချောင်းဆိုးတဲ့အခါ သလိပ်ပျစ်ပျစ်ထွက်ပြီး ချွဲကြပ်တာကို ခံစားရနိုင်ပါတယ်။
>> ကိုဗစ်က အဆုတ်ကို ဘယ်လိုထိခိုက်စေသလဲ?
ကိုဗစ်ရောဂါဟာ SARS-Cov-2 ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ အသက်ရှူလမ်းကြောင်းရောဂါတစ်မျိုးပါ။ ဗိုင်းရပ်စ်ပိုး အဆုတ်ထဲရောက်တဲ့အခါ အဆုတ်တစ်သျှူးတွေနဲ့ Alveoli လို့ခေါ်တဲ့ လေအိတ်တွေ ရောင်ရမ်းလာပြီးတော့ အချွဲထုတ်တာ များလာတာကြောင့် လေအိတ်တွေထဲမှာ အရည်တွေနဲ့ပြည့်ပြီး အသက်ရှူခက်လာပါတယ်။ ရောဂါပြင်းထန်လာတာနဲ့အမျှ ရောင်ရမ်းခြင်းနဲ့ အချွဲထုတ်ခြင်းဟာလည်း ပိုပိုဆိုးလာပြီးတော့ နောက်ဆုံးမှာ အဆုတ်ရောင်ရောဂါအထိ ဖြစ်လာနိုင်ပါတယ်။
Solmux Adult IA 1 2023
>> ကိုဗစ်မှာ အဖြစ်များတဲ့လက္ခဏာတွေက ဘာတွေလဲ?
● ဖျားခြင်း၊ ချမ်းတုန်ဖျားခြင်း
● ချောင်းဆိုးခြင်း
● အသက်ရှူရခက်ခြင်း၊ မောခြင်း
● ကြွက်သားများ နာကျင်ကိုက်ခဲခြင်း၊ လည်ချောင်းနာခြင်း၊ ခေါင်းကိုက်ခြင်း
● ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်း စတဲ့လက္ခဏာ ခံစားရနိုင်ပါတယ်။
>> ကိုဗစ်ဖြစ်ရင် ဘယ်အချိန်နဲ့ ဆရာဝန်နဲ့ ပြသသင့်သလဲ?
● ဆက်တိုက် ရင်ဘတ်အောင့်ခြင်း
● ချောင်းဆိုးသွေးပါခြင်း
● စိတ်ရှုပ်ထွေးခြင်း
● အလွန်အမင်း အိပ်ငိုက်ခြင်း၊ မှိန်းခြင်း
● အရေပြား၊ နှုတ်ခမ်းနဲ့ လက်သည်းခြေသည်းတွေ ဖြူဖျော့၊ ပြာနှမ်းလာခြင်း
● အဖျား 104°F ထက်ကျော်ခြင်း
● ချောင်းဆိုးတာ သုံးပတ်ကျော်ကြာခြင်း
စတဲ့ လက္ခဏာတွေ ခံစားရရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံး ပြသသင့်ပါတယ်။
Solmux Adult IA 2
>> ကိုဗစ်ကြောင့် ချွဲကြပ်တာကို ဘယ်လိုကုသရမလဲ?
၁။ ဆရာဝန်ညွှန်ကြားထားတဲ့ဆေးများ သောက်ပါ။
ချွဲကြပ်သက်သာစေဖို့အတွက် သလိပ်ပျော်စေတဲ့ဆေးတွေ သောက်သုံးပေးဖို့ လိုပါလိမ့်မယ်။
၂။ သလိပ်ပျော်စေတဲ့ အိမ်တွင်းကုထုံးတွေ လုပ်ဆောင်ပါ။
● အရည်များများ သောက်ပါ။
● လေထုအစိုဓာတ်ထိန်းစက် သုံးပါ။
● ရေနွေးငွေ့ရှူပါ။
● အိပ်တဲ့အခါ ကျောမှီပြီး အိပ်စက်ပါ။
၃။ အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ။
နှာခေါင်းနဲ့ အသက်ဝဝရှူသွင်းပြီး ခဏအောင့်ထား၊ ပြီးမှ ပါးစပ်ကနေ ဖြည်းဖြည်းချင်း ပြန်ရှူထုတ်ပေးပါ။
၄။ ကိုယ်အနေအထားပြောင်းတဲ့ လေ့ကျင့်ခန်းလုပ်ပါ။
● လှဲအိပ်တဲ့အခါ တင်ပါးအောက်မှာ ခေါင်းအုံးထားပြီး ဒူးနှစ်ဖက်ကို ရင်ဘတ်နဲ့ထိအောင် ကွေးထားပါ။ ဒီပုံစံအတိုင်း အနည်းဆုံး ငါးမိနစ်နေပြီး အသက်ပြင်းပြင်းရှူကြည့်ပါ။
● ညာဘက်ကိုစောင်းပြီး အနည်းဆုံး ငါးမိနစ်နေပေးပါ။ ပြီးရင် ဘယ်ဘက်ကိုစောင်းပြီး နေပေးပါ။






























