/
node/1091

Ciprolet

Category
အသုံးများဆေးဝါးများ
အသုံးများဆေးဝါးများ
Ciprolet

(1) ဆေးအမည်

        Ciprolet

 

(2) ပါ၀င်သောဆေးအမျိုးအစား

        ဆေးပြားတစ်ပြားတွင် Ciprofloxacin 250 mg နှင့်မျက်လုံးတွင်အစက်ချဆေးရည် 1ml တွင် Ciprofloxacin 3mg ပါ၀င်ပါသည်။

 

(3) ကုသနိုင်သောရောဂါများ

        အူရောင်ငန်းဖျားရောဂါ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာ ပိုး၀င်ခြင်း၊ ဆီးလမ်းကြောင်းပိုး၀င်ခြင်း၊ အရေပြားပိုး၀င်ခြင်း၊ လိင်မှတဆင့် ကူးစက်သောရောဂါ၊ အရိုးအဆစ်များပိုး၀င်ခြင်း၊ အစာအိမ်နှင့် အူလမ်းကြောင်းပိုး၀င်ခြင်း၊ သွေးဆိပ်တက်ခြင်း၊ မိန်းမကိုယ်လမ်းကြောင်းပိုး၀င်ခြင်း၊ နှလုံးအမြှေးပါးပိုး၀င်ခြင်း၊ မျက်စဉ်းဆေးရည် - မျက်စိရောင်ခြင်း၊ မျက်စိတွင်းပိုး၀င်ခြင်း

 

(4) အသုံးပြုပုံ

        အသက်ရှုလမ်းကြောင်းပိုး၀င်ခြင်း၊ အူရောင်ငန်းဖျား၊ ဆီးလမ်းကြောင်းပိုး၀င်ခြင်း၊ အရေပြားပိုး၀င်ခြင်း( 500 mg တနေ့ နှစ်ကြိမ် ၇ ရက်မှ ၁၀ ရက် )

 

မိန်းမကိုယ်လမ်းကြောင်းပိုး၀င်ခြင်း - 250 mg တစ်ကြိမ်တည်း။

 

အခြားရောဂါများ - တစ်နေ့လျှင် 250 mg (သို့)ရောဂါအခြေနေပေါ်မူတည်ပြီး 250 mg မှ 500 mg 7 ရက်မှ 10 ရက်အထိသောက်ရမည်။

 

မျက်စဉ်းဆေးရည် - တစ်ခါထည့်လျှင် တစ်စက်မှ နှစ်စက် ရောဂါအခြေအနေပေါ်မူတည်ပြီးတစ်နာရီခြားတစ်ခါ ထည့်နိုင်သည်။

 

(5) ဘေးထွက်ဆိုးကျိုး

        ပျို့အန်ခြင်း၊ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း၊ ခေါင်းမူးခေါင်းကိုက်ခြင်း၊ ဂဏာမငြိမ်ဖြစ်ခြင်း၊ တက်ခြင်း၊ စိတ်ဓါတ်ကျခြင်း၊ အိပ်မပျော်ခြင်း၊ ထင်ရောင်ထင်မှားဖြစ်ခြင်း၊ အာရုံကြောအားနည်းခြင်း၊ ယားယံခြင်း၊ ဓါတ်မတည့်ခြင်း။

          မျက်စဉ်းဆေးရည် - မျက်စိခိုးလိုးခုလုဖြစ်ခြင်း၊ ယားယံခြင်း။

 

(6) ကြိုတင်သတိပြုရမည့်အချက်များနှင့် သောက်သုံးရန်မသင့်သူများ

        ကိုယ်၀န်ဆောင်၊ နို့တိုက်မိခင်နှင့် ကလေးများတွင်အသုံးမပြုရ။အတက်ရောဂါရှိသူများ၊ ဦးနှောက်နှင့် အာရုံကြောဆိုင်ရာရောဂါရှိသူများ၊ အသဲနှင့်ကျောက်ကပ်မကောင်းသောသူများ၊ G6PD ရှိသူများတွင် သတိပြု၍သုံးစွဲရန်။

                    အခြားသော Quinolone အကြောဆေးများနှင့်တွဲဖက်သုံးစွဲပါက ပြင်းထန်လွန်းသော ဓာတ်မတည့်ခြင်းဖြစ်ပေါ်နိုင်သည်။ အသက်သေဆုံးနိုင်သည်။

 

(7) အခြားဆေးများနှင့်ဓါတ်ပြုမှု

        Aluminium, Magnesium နှင့် သံဓါတ်ပါ၀င်သော ဆေးများနှင့်တွဲသုံးပါက ခန္ဓာကိုယ်မှ ciprofloxacin ၏စုပ်ယူမှုကိုအားနည်းစေပါသည်။ ရင်ကြပ်ရောဂါကုဆေး theophylline နှင့် တွဲသုံးပါ က သွေးရည်ကြည်တွင်းရှိ theophylline ပမာဏကို မြင့်တက်စေပြီး warfarin သွေးကျဲဆေးနှင့် တွဲသုံးပါကသွေးကျဲဆေး၏ အာနိသင်ကိုပိုကောင်းစေပါသည်။

 

(8) ထုတ်လုပ်သည့်ကုမ္ပဏီ

        Dr Reddy's

 

(9) တင်သွင်းသည့်ကုမ္ပဏီ

        Hero Int'l

www.drmyanmar.com