/
node/10971

အခုလိုချိန်မှာ ခေါင်းကိုက်တာ အိုမီခရွန် (Omicron) ကြောင့်လား

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

အိုမီခရွန်ရဲ့ လက္ခဏာတွေဟာ အရင်မျိုးကွဲတွေနဲ့ယှဉ်ရင် အနံ့နဲ့အရသာပျောက်တာ အဖြစ်နည်းပြီးတော့ အအေးမိလက္ခဏာတွေသာ အဖြစ်များတာကို တွေ့ရပါတယ်။

ဒါကြောင့် ခေါင်းကိုက်တာဟာ အိုမီခရွန်ရဲ့ အဖြစ်များတဲ့လက္ခဏာတွေထဲက တစ်ခုဆိုရင် မမှားပါဘူး။

Biogesic Adult IA 1

>>  အိုမီခရွန်က ဘာကြောင့် ခေါင်းကိုက်စေတာလဲ?
ခေါင်းကိုက်တာဟာ တကယ်တမ်းတော့ အိုမီခရွန်မျိုးကွဲရဲ့ လက္ခဏာအသစ်တစ်ခု မဟုတ်ပါဘူး။ အရင်မျိုးကွဲတွေကလည်း ခေါင်းကိုက်စေပါတယ်။ ခန္ဓာကိုယ်က ဗိုင်းရပ်စ်ကို တုံ့ပြန်တိုက်ခိုက်တဲ့အခါ ရောင်ရမ်းမှုဖြစ်စဉ်တွေ ဖြစ်လာပါတယ်။ ခေါင်းကိုက်တာနဲ့အတူ ဖျားတာ၊ နုံးတာတွေဟာ ဒီလိုရောင်ရမ်းမှုဖြစ်စဉ်တွေကြောင့် ဖြစ်လာရတာပါ။ ဒါပေမဲ့ အိုမီခရွန် ကူးစက်ခံရသူတွေဟာ အရင်မျိုးကွဲတွေထက်စာရင် ခေါင်းကိုက်တာကို ပိုပြီးခံစားရပါတယ်။
ဒါဟာ ဘာကြောင့်လဲဆိုတော့ အိုမီခရွန်ဟာ အသက်ရှူလမ်းကြောင်းအပေါ်ပိုင်းကို အဓိကထားပြီး တိုက်ခိုက်တာကြောင့် နှာခေါင်းဘေးမှာရှိတဲ့ ရိုးတွင်းလေအိတ်ငယ်တွေ ရောင်ရမ်းပြီး ခေါင်းကိုက်ရတာပါ။ ဒါ့အပြင် အိုမီခရွန်ဟာ ကျန်တဲ့မျိုးကွဲတွေနဲ့ ယှဉ်လိုက်ရင် ရောဂါလက္ခဏာပျော့တာကြောင့် တခြားလက္ခဏာတွေကို သိပ်မခံစားရတော့ ခေါင်းကိုက်တာကိုပဲ ပိုပြီးသိသိသာသာ သတိပြုမိတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

>>  အိုမီခရွန်ကြောင့် ခေါင်းကိုက်ရင် ဘယ်လိုခံစားရသလဲ?
ဦးခေါင်းနောက်ထက်စာရင် ဦးခေါင်းရှေ့ နဖူးနားတစ်ဝိုက်မှာ ပိုပြီးနာကျင်ပါလိမ့်မယ်။ ဒါ့အပြင် ရိုးတွင်းလေအိတ်ငယ်တွေရှိတဲ့ နှာခေါင်းအနီးတစ်ဝိုက်မှာလည်း နာကျင်မှုကို ခံစားရနိုင်ပါတယ်။

Biogesic Adult IA 2

>>  ဒီအချိန်မှာ ခေါင်းကိုက်ရင် ဘာလုပ်သင့်သလဲ?
ခေါင်းကိုက်တာတစ်ခုတည်းရှိရုံနဲ့ ကိုဗစ်ဖြစ်ပြီလို့ မသတ်မှတ်သင့်ပါဘူး။ တခြားအကြောင်းတွေလည်း ဖြစ်နိုင်တာကြောင့် စိတ်အေးအေးထားပါ။ ဒါပေမဲ့ ခေါင်းကိုက်တာအပြင် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ မောခြင်း၊ နုံးခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ လည်ချောင်းနာခြင်း စတဲ့ အခြားသော ကိုဗစ်လက္ခဏာတွေပါ ရှိခဲ့ရင် (သို့) ခေါင်းကိုက်တာအပြင် ရောဂါပိုးရှိသူနဲ့ အနီးကပ် ထိတွေ့ဆက်ဆံမိတဲ့ ရာဇဝင်ရှိခဲ့တယ်ဆိုရင် နှာခေါင်းတို့ဖတ်ယူပြီး ကိုဗစ်ပိုး ရှိ၊ မရှိကို စစ်ဆေးသင့်ပါတယ်။

>>  အိုမီခရွန်ကြောင့် ခေါင်းကိုက်တာကို သက်သာအောင် ဘယ်လိုလုပ်ရမလဲ?
ရိုးရိုးခေါင်းကိုက်တာနဲ့ ကုသပုံချင်း မကွာခြားပါဘူး။ ပါရာစီတမောပါဝင်တဲ့ အကိုက်အခဲပျောက်ဆေးကို ဆေးညွှန်းအတိုင်း သောက်သုံးပေးပါ။ ရေဓာတ်ခန်းခြောက်ရင် ခေါင်းကိုက်တာ ပိုဆိုးတာကြောင့် အရည်များများဝင်အောင် သောက်ပါ။

Dr. Aye Hsu Mon (www.drmyanmar.com)