ဘာတွေကြောင့် ခါးနာတတ်သလဲ
ခါးနာခြင်းဟာ လူအတော်များများ အလုပ်ပျက်အကိုင်ပျက်ဖြစ်စေတဲ့ အကြောင်းရင်းတစ်ခုထဲမှာ ပါပါတယ်။ ခါးနာတာဟာ ကြွက်သား ကိုက်ခဲတာလောက်ကနေ တစစ်စစ်ထိုးနာတာ၊ ပူလောင်ပြီး နာတာမျိုးတွေထိ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ဒီလိုနာကျင်တာဟာ ခြေထောက်တစ်လျှောက်ပြန့်သွားတာ၊ ကုန်းလိုက်၊ မလိုက်၊ လှည့်လိုက်၊ လမ်းလျှောက်လိုက်၊ မတ်တပ်ရပ်လိုက်ချိန်မှာ ပိုဆိုးတာမျိုးတွေလည်း ဖြစ်နိုင်ပါတယ်။
Jointace 1
>> ဘာတွေကြောင့် ခါးနာတတ်သလဲ?
● ကြွက်သား သို့ အရွတ်ဒဏ်ဖြစ်ခြင်း - မကြာမကြာအလေးမရခြင်း၊ ရုတ်တရက် မူမမှန်လှုပ်ရှားမှုတစ်ခု ပြုလုပ်မိခြင်း စတာတွေကြောင့် နောက်ကျောကြွက်သားတွေ၊ အရွတ်တွေ ဒဏ်ဖြစ်တတ်ပါတယ်။ ခါးကြွက်သားကို တောက်လျှောက်ဒဏ်ပိတဲ့အခါ ကြွက်သားတွေ ကြွက်တက်တတ်ပါတယ်။
● ခါးဆစ်ရိုးကြား အရိုးနုပြားကျွံထွက်၊ ပေါက်ထွက်ခြင်း - ဒီအရိုးနုပြားတွေဟာ ခါးဆစ်ရိုးတွေအကြား ကူရှင်အနေနဲ့ လုပ်ဆောင်ပေးပါတယ်။ ဒီအရိုးနုပြားထဲကအရာတွေ ကျွံထွက်ပေါက်ထွက်တဲ့အခါ အာရုံကြောကို သွားဖိတတ်ပါတယ်။ တစ်ခါတလေတော့လည်း ဒီလို ကျွံထွက်၊ ပေါက်ထွက်နေပေမယ့် ခါးနာခြင်းမရှိဘဲ ဓာတ်မှန်ရိုက်ရင်း အမှတ်မထင်တွေ့တာမျိုးလည်း ရှိနိုင်ပါတယ်။
● အဆစ်ရောင်ခြင်း - အရိုးကျီးပေါင်းအဆစ်ရောင်ခြင်းဟာ ခါးနေရာမှာဖြစ်တတ်ပါတယ်။ တစ်ခါတစ်ရံ အဆစ်ရောင်ခြင်းကြောင့် ခါးဆစ်ရိုးတစ်ဝိုက် ကျဉ်းသွားတာမျိုးလည်း ဖြစ်တတ်ပါတယ်။
● အရိုးပွခြင်း - အရိုးတွေပွပြီး ကြွပ်ဆတ်လာတဲ့အခါ အရိုးကျိုးလွယ်ပြီး နာကျင်တာမျိုး ဖြစ်နိုင်ပါတယ်။
Jointace 2
ဒီလိုခါးနာခြင်းတွေ မဖြစ်ရအောင် လေ့ကျင့်ခန်းမှန်မှန်လုပ်ခြင်း၊ ကြွက်သားတွေသန်မာပြီး ပျော့ပြောင်းနေအောင်လေ့ကျင့်ခြင်း၊ ကိုယ်အလေးချိန်ထိန်းသိမ်းခြင်း၊ ဆေးလိပ်ဖြတ်ခြင်း၊ အထိုင်အထနဲ့ အလေးအပင်မရာမှာ ကိုယ်ဟန်အနေအထားကို သတိပြုခြင်းစတဲ့နည်းတွေနဲ့ ကာကွယ်နိုင်ပါတယ်။
Dr. Aye Hsu Mon (www.drmyanmar.com)






























