/
node/1101

Deriphyllin

Category
အသုံးများဆေးဝါးများ
အသုံးများဆေးဝါးများ
Deriphyllin

(1) ဆေးအမည်

        Deriphyllin

 

(2) ပါ၀င်သောဆေးအမျိုးအစား

          Deriphyllin 100 mg ဆေးပြားတစ်ပြားတွင်­ Etofylline 77 mg and theophylline 23 mg.

          Deriphyllin Retard 150 mg ဆေးပြားတစ်ပြားတွင်­ Etofylline 115 mg and theophylline 35 mg.

          Deriphyllin Retard 300 mg ဆေးပြားတစ်ပြားတွင်­ Etofylline 231 mg and theophylline 69 mg.

          တစ်ပုလင်းတွင် 2ml ပါ၀င်သော Deriphyllin ထိုးဆေးတွင် Etophylline 169.4 mg and theophylline 50.6 mg.

 

(3) ကုသနိုင်သောရောဂါများ

        ပန်းနာရင်ကျပ်ရောဂါတွင် ဖြစ်ပွားသောလေပြွန်ကျဉ်းခြင်း၊ နာတာရှည်လေပြွန် ရောင်ရမ်းခြင်း၊ အဆုတ်အတွင်းရှိလေအိတ်ငယ်လေးများအတွင်း လေအောင်းခြင်း၊ အခြားသော အသက်ရှူလမ်းကြောင်း ပိတ်ဆို့ခြင်းဆိုင်ရာရောဂါများ။

          Deriphyllin Retard 150 mg ကို ညအချိန်တွင်ဖြစ်သော ပန်းနာရင်ကျပ်ရောဂါကို ကုသရန် ကလေးများတွင် အသုံးပြုသည်။

          Deriphyllin Retard 300 mg ကို နေ့ရောညပါ ပန်းနာရင်ကျပ်ရောဂါကို ခံစားရသော လူကြီးများတွင် အသုံးပြုနိုင်သည်။

 

(4) အသုံးပြုပုံ          

          Deriphyllin 100 mg ဆေးပြား - ဆေးပြားတစ်ပြားမှ နှစ်ပြား၊ တစ်နေ့ ၃ ကြိမ်၊ အစာစားပြီး။

          Retard 150 mg ဆေးပြား - ၆ နှစ်မှ ၁၂ နှစ်အရွယ် ကလေးတွင် ဆေးပြားတစ်ပြား၊ တစ်နေ့ ၂ ကြိမ်၊ အစာစားပြီး။

          အသက် ၆ နှစ်အောက် ကလေးများတွင် အသုံးမပြုသင့်ပေ။

          Retard 300 mg ဆေးပြား - လူကြီးများတွင် ဆေးပြားတစ်ပြား၊ တစ်နေ့ ၂ ကြိမ်၊ အစာစားပြီး။

         ရောဂါအခြေအနေ ပြင်းထန်ပါက တစ်နေ့ ၃ ကြိမ်ထိ သောက်နိုင်သည်။

          ကလေးများအသုံးမပြုရပါ။

          ထိုးဆေးရည်ပုလင်း ၁ ပုလင်းမှ ၂ ပုလင်း၊ တစ်နေ့ ၂ ကြိမ်မှ ၃ ကြိမ်။

          အသားဆေးအဖြစ်လည်းကောင်း၊ အကြောထဲ ထိုးသွင်း၍လည်းကောင်း၊ အရေပြားအောက် ထိုးသွင်း၍ လည်းကောင်း အသုံးပြုနိုင်သည်။

 

(5) ဘေးထွက်ဆိုးကျိုးများ

          ပျို့အန်ခြင်း၊ ရင်ညွန့်အောင့်ခြင်း၊ သွေးအန်ခြင်း၊ ၀မ်းလျှောခြင်း၊ ခေါင်းကိုက်ခြင်း၊ အိပ်မပျော်ခြင်း၊ ဂဏှာမငြိမ်ဖြစ်ခြင်း၊ အဆက်မပြတ်တက်ခြင်း၊ ရင်တုန်ခြင်း၊ နှလုံးခုန်နှုန်းမြန်ခြင်း၊ သွေးပေါင်ကျခြင်း၊  သာမန်ထက် နှလုံးခုန်မြန်ခြင်း၊ နှလုံးသွေးလွှတ်ခန်းမကြီး အလုပ်များခြင်း ကြောင့် နှလုံးခုန်နှုန်း မမှန်ခြင်း၊ အသက်ရှူ နှုန်းမြန်ခြင်း၊ ဆီးထဲတွင် Albumin ဓာတ်ပါခြင်း၊ သွေးနီဥစွန့်ပစ်နှုန်းများလားခြင်း၊ သွေးတွင်းရှိ သကြားဓာတ်များလာခြင်း၊ သွေးထဲတွင် ဆိုဒီယမ်ဓာတ်နည်းခြင်း၊ Water Intoxication ဟုခေါ်သော ရေဆိပ်သင့်ခြင်းတို့ ခံစားရနိုင်သည်။

          Theophylline ပမာဏများသွားပါက နှလုံးခုန်နှုန်းမြန်ခြင်းဖြစ်ပေါ်နိုင်သည်။ နှလုံးခုန်ပုံ ပုံမှန်မဟုတ်သည့်လူနာများတွင် ပိုပြီးဆိုးစေသည်။

       

(6) ကြိုတင်သတိပြုရမည့်အချက်များနှင့် သောက်သုံးရန်မသင့်သူများ

          နှလုံးကြွက်သား ပုတ်သူများနှင့် Deriphyllin တွင် ပါ၀င်သောပစ္စည်းများ (သို့မဟုတ်) xanthine နှင့် ဓာတ်မတည့်သူများအသုံးမပြုရ။

          အတက်ရောဂါရှိသူများတွင် ထိုးဆေးအရည်ကို အကြောထဲသို့ တိုက်ရိုက်ထိုးသွင်းခြင်း မပြုသင့်ပေ။

          ဆေးလိပ်သောက်သောသူများတွင် ဆေးပမာဏ ပိုမိုလိုအပ်သည်။ Deriphyllin ကို အခြားသော xanthine ပါ၀င်သည့်ဆေးများဖြင့် ယှဉ်တွဲအသုံးမပြုသင့်ပေ။

          နှလုံးရောဂါကို ပြင်းထန်စွာ ခံစားနေရသူများ၊ သွေးတိုးရောဂါရှိသူများ၊ အသည်းရောဂါရှိသူများ၊ သိုင်းရွိုက် ဟော်မုန်းများသူများ၊ အသက်အရွယ်ကြီးသူများ၊ မွေးကင်းစကလေးငယ်များ၊ အဆုတ်ရောဂါကြောင့် နှလုံး၏ညာဘက်သွေးလွှတ်ခန်းကြီးနေသော လူနာများ၊ နှလုံးကြွက်သားပုတ်သူများ၊ အစာအိမ်အနာရှိသူများတွင် သတိဖြင့် အသုံးပြုသင့်သည်။

          ကိုယ်၀န်ဆောင်များနှင့် နို့တိုက်မိခင်များတွင် ဆိုးကျိုးနှင့် ကောင်းကျိုးကို ချိန်ဆ၍ သုံးစွဲသင့်ပေသည်။

 

(7) အခြားဆေးများနှင့် ဓာတ်ပြုမှု                                     

          Ephedrine ကဲ့သို့သော ဆေးများသည် Deriphyllin ၏ ဘေးထွက်ဆိုးကျိုးကို ပိုဆိုးစေသည်။

          Theophylline နှင့် Furosemide ကို တွဲပြီးသုံးပါက Furosemide ၏ အာနိသင်ကို ပိုကောင်းစေသည်။

          Reserpine နှင့် တွဲသုံးပါက နှလုံးခုန်မြန်ခြင်းကို ဖြစ်စေနိုင်သည်။

          Cimetidine, Ciprofloxacin, Clindamyin, Erythromyocin, Lincomycin ဆေးများနှင့် တွဲသုံးပါက သွေးတွင်းရှိ theophylline ပမာဏကို မြင့်တက်စေပါသည်။

 

(8) ထုတ်လုပ်သည့်ကုမ္ပဏီ

        Zydus Cadila

 

(9)  တင်သွင်းသည့်ကုမ္ပဏီ

          AA Medical

www.drmyanmar.com