Derzid-C
(1) ဆေးအမည်
Derzid-C
(2) ပါ၀င်သောဆေးအမျိုးအစား
ခရင်မ် 15 g တွင် Betamethasone 0.10 g နှင့် Clotrimazole 1 g ပါ၀င်ပါသည်။
(3) ကုသနိုင်သောရောဂါများ
ပွေးပေါက်ခြင်း၊ ခြေ၀ဲစားခြင်း။
(4) အသုံးပြုပုံ
ဖြစ်ပွားသည့်နေရာတွင် မနက်တစ်ကြိမ်၊ ညတစ်ကြိမ် ၂ ပတ် မှ ၄ ပတ်ဆက်တိုက်လိမ်းရန်၊ ၁၂ နှစ်အောက်ကလေးများတွင် မသုံးရ။
(5) ဘေးထွက်ဆိုးကျိုး
ကလေးများတွင် ကြီးထွားမှုနှောင့်နှေးခြင်း၊ ခန္ဓာကိုယ်တွင်း စတီးရွိုက်ဟော်မုန်းများသည့်အခါ ဖြစ်တတ်သော ကူရှင်းရောဂါစု (Cushing's Syndrome) ဖြစ်စေခြင်း၊ ဦးနှောက်တွင်းသွေးဖိအားတက်စေခြင်း၊ ဓါတ်မတည့်ခြင်း၊ အရေပြားပါးလာခြင်း။
(6) ကြိုတင်သတိပြုရမည့်အချက်များနှင့် သောက်သုံးရန်မသင့်သူများ
ရေယုန်ပေါက်နေသောနေရာနှင့် အရေပြားပိုး၀င်နေသောနေရာတွင်အသုံးမပြုရ။ ကိုယ်၀န်ဆောင်များ၊ နို့တိုက်မိခင်များတွင်အသုံးမပြုရ။
ဆေးလိမ်းပြီးချိန်တွင် တင်းကျပ်သောအ၀တ်အစားများ ၀တ်ဆင်ခြင်းမပြုရ။
(7) ထုတ်လုပ်သည့်ကုမ္ပဏီ
Unison
(8) တင်သွင်းသည့်ကုမ္ပဏီ
R-Oasis






























