/
node/1105

Diamicron MR 30/60

Category
အသုံးများဆေးဝါးများ
အသုံးများဆေးဝါးများ
Diamicron MR 30/60

(1) ဆေးအမည်

       Diamicron MR 30/60

 

(2) ပါ၀င်သောဆေးအမျိုးအစား

          ဆေးပြားတစ်ပြားတွင် Gliclazide 30 mg (သို့) 60mg ပါ၀င်ပါသည်။

 

(3) ကုသနိုင်သောရောဂါများ       

          သွေးတွင်းရှိ သကြားဓာတ်ပမာဏလျှော့ချရန်။ အမျိုးအစား (၂) ဆီးချိုရောဂါ

 

(4) အသုံးပြုပုံ

30mg ဆေးပြား

        တစ်နေ့လျှင် တစ်ပြားမှ 4ပြား။ မနက်စာစားချိန်တွင်သောက်သုံးရန်။ အစားနှင့်အတူသောက်သုံးရန်။ တစ်နေ့လျှင် 120 mg ထက်မပိုရ။ ဆေးပြားကို ဝါးမစားရ။

50 mg ဆေးပြား

        သွေးတွင်းသကြားဓာတ်ပမာဏပေါ်မူတည်ပြီး ဆရာ၀န်ညွှန်ကြားသည့်အတိုင်း သောက်သုံးရန်။

 

(5) ဘေးထွက်ဆိုးကျိုး

          သွေးထဲတွင် သကြားဓာတ်နည်းခြင်း၊ ခေါင်းမူးခြင်း၊ သတိလစ်မေ့မြောခြင်း၊ သွေးအားနည်းခြင်း၊ အသည်းထိခိုက်ခြင်း၊ ပျို့အန်ခြင်း၊ ၀မ်းလျှောခြင်း၊ အစာမကြေခြင်း၊ အမြင်အာရုံထိခိုက်ခြင်း။

 

(6) ကြိုတင်သတိပြုရမည့်အချက်များနှင့် သောက်သုံးရန်မသင့်သူများ

          ဓာတ်မတည့်သူများ၊ အမျိုးစား (၁) ဆီးချိုရောဂါ၊ သွေးထဲတွင် ကီတုန်း (ketone) ဓာတ်များသူများ၊ သွေးတွင်း သကြားဓာတ်အလွန်မြင့်တက်ပြီး သတိလစ်နေသူများ၊ အဆီတက်နေသူများ၊ ကျောက်ကပ်နှင့် အသည်းပြင်းထန်စွာ ပျက်စီးနေသူများ၊ နို့တိုက်မိခင်များ၊ ကိုယ်၀န်ဆောင်များအသုံးမပြုရ။

          G6PD (Glucose 6 phosphate dehydrogenate)အင်ဇိုင်းချို့တဲ့သူများတွင် သတိပြု၍သုံးစွဲရန်။

          ရုတ်တရက်ဆေးရပ်လိုက်ပါက သွေးထဲရှိသကြားဓာတ်တက်လာနိုင်သဖြင့် ဆရာ၀န်ညွှန်ကြားသည့်အတိုင်း အတိအကျသောက်ရန်လိုအပ်သည်။

          Gliclazide သောက်နေစဉ်အတွင်း အစာစားချိန်မမှန်ခြင်း၊ အာဟာရပြည့်၀သောအစာများမစားခြင်း၊ သွေးထဲရှိ သကြားဓာတ်ကျစေသည့် အခြားသောဆေးများနှင့် တွဲဖက်သောက်သုံးခြင်းတို့ကြောင့် သွေးထဲရှိသကြားဓာတ် အလွန်ကျသွားနိုင်သည်ကိုသတိပြုရမည်။

 

(7) အခြားဆေးများနှင့်ဓာတ်ပြုမှု

          အောက်ပါဆေးများနှင့်တွဲသုံးပါက Gliclazide ၏ အာနိသင်ကိုပိုကောင်းစေပါသည်။

-      ဆာလဖာပါ၀င်သောဆေးများ (Sulphonamides)

-      သွေးတိုးရောဂါကုဆေး (β blockers, Captopril, Enalapril)

-      မှိုသတ်ဆေး(miconazole, fluconazole)

-      အစာအိမ်အနာကုသဆေး (H2 Receptor Antagonist)

-      အကိုက်အခဲပျောက်ဆေး (Ibuprofen)

          အောက်ပါဆေးများနှင့်တွဲသုံးပါက Gliclazide ၏အာနိသင်ကို လျော့ကျစေပါသည်။

-      အာရုံကြောရောဂါကုဆေး (Chlarpromazine)

-      စတီးရွိုက်ပါသောဆေးဝါးများ

-      ပန်းနာရင်ကြပ်ရောဂါကုဆေး (Salbutamol, terbutaline)

-      ရာသီသွေးများခြင်းနှင့် ရင်သားဆိုင်ရာရောဂါကုသသောဟော်မုန်းဆေး (Daznazol)

        သွေးကျဲဆေး warfarin နှင့်တွဲသုံးပါက warfarin ၏ အာနိသင်ကို ပိုကောင်းစေပါသည်။

          Phenylbutazone နှင့်တွဲမသုံးရ။

 

(8) ထုတ်လုပ်သည့်ကုမ္ပဏီ

        Servier

 

(9) တင်သွင်းသည့်ကုမ္ပဏီ

          Maxxcare

www.drmyanmar.com