/
node/1113

Enam

Category
အသုံးများဆေးဝါးများ
အသုံးများဆေးဝါးများ
Enam

(1) ဆေးအမည်

        Enam

 

(2) ပါ၀င်သောဆေးအမျိုးအစား

        Enalapril Maleate 2.5 mg / 5 mg

 

(3) ကုသနိုင်သောရောဂါများ

        သွေးတိုးရောဂါများ၊ နှလုံးရောဂါများ၊ နှလုံးကြွက်သားပုတ်ပြီးနောက်ဆက်တွဲအနေနှင့် နှလုံးသွေးလွှတ်ခန်းများ ကျယ်လာခြင်းကို ကာကွယ်ရန်။

 

(4) အသုံးပြုပုံ

သွေးတိုးရောဂါ 5mg တစ်နေ့တစ်ကြိမ်။ 10 mg ထိ တိုး၍သုံးနိုင်သည်။

ကျောက်ကပ်ရောဂါရှင်များတွင် ကျောက်ကပ်ဆေးသည့်နေ့များတွင် 2.5 mg သုံးရမည်။

နှလုံးရောဂါ - 2.5mg  မှစ၍ 20 mg ထိတိုး၍သောက်နိုင်သည်။ တစ်နေ့တစ်ကြိမ်မှ 2 ကြိမ်ထိ တိုး၍သောက်နိုင်သည်။

အသက်ကြီးသောသူများ - 2.5 mg မှစ၍ ရောဂါအခြေအနေပေါ်မူတည်ပြီး တိုး၍သောက်နိုင်သည်။

 

(5) ကြိုတင်သတိပြုရမည့်အချက်များနှင့် သောက်သုံးရန်မသင့်သူများ

        သွေးလွှတ်ကြောမကြီးကျဉ်းနေသူများ (Aortic Stenosis)၊ ကျောက်ကပ်မကောင်းသူ များ၊ ကျောက်ကပ်သွေးကြောရောဂါရှိသူများ၊ ကိုယ်၀န်ဆောင်များ အသုံးမပြုရပါ။

 

(6) ဘေးထွက်ဆိုးကျိုး

        သွေးပေါင်ကျခြင်း၊ ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်း၊ ချောင်းဆိုးခြင်း၊ ဓာတ်မတည့်ခြင်း၊ သွေးကြောရောင် ရမ်းခြင်း၊ ကျောက်ကပ်ထိခိုက်ခြင်း၊ သွေးထဲတွင် ပိုတက်ဆီယမ်ဓာတ်များခြင်း၊ သွေးထဲတွင် ဆိုဒီယမ်နည်းခြင်း၊ ထိပ်ပြောင် ခြင်း၊ သရက်ရွက်ရောင်ခြင်း၊ ရင်တုန်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ သွေးအားနည်းခြင်း၊ စိတ်မကြည်မသာဖြစ်ခြင်း။

 

(7) ထုတ်လုပ်သည့်ကုမ္ပဏီ

         Dr Reddy's

 

(8) တင်သွင်းသည့်ကုမ္ပဏီ

          Hero Int'l

www.drmyanmar.com