/
node/11254

စိတ်ဖိစီးမှုနဲ့ နှလုံးကျန်းမာရေး

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

လူတိုင်းလိုလို စိတ်ဖိစီးလေ့ရှိကြပါတယ်။ ဒါပေမဲ့ စိတ်ဖိစီးမှုကို တုံ့ပြန်ပုံခြင်းကတော့ တစ်ယောက်နဲ့တစ်ယောက် တူမှာမဟုတ်ပါဘူး။ စိတ်ဖိစီးမှုတွေကို စိတ်ဓာတ်ကျတာ၊ စိုးရိမ်မှုလွန်ကဲတာ၊ ဒေါသထွက်တာလိုမျိုး အဆိုးဘက်ကတွေးပြီး တုံ့ပြန်မိရင်တော့ ကိုယ့်ကျန်းမာရေးအတွက် ကောင်းမှာမဟုတ်ပါဘူးနော်။ စိတ်ဖိစီးမှုတွေကြောင့် ဖြစ်လာနိုင်တဲ့ ကျန်းမာရေးပြဿနာတွေထဲက တစ်ခုကတော့ နှလုံးရောဂါပါပဲ။

Cardioace IA 1

လူတော်တော်များများဟာ စိတ်ဖိစီးလာပြီဆိုရင် ကျန်းမာရေးနဲ့မသင့်တော်တဲ့ အပြုအမူတွေကို ပြုမူတတ်ကြပါတယ်။ ဒါတွေကတော့

●    ဆေးလိပ်သောက်ခြင်း

●    အလွန်အကျွံစားပြီး အဝလွန်လာခြင်း

●    ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း

●    ကျန်းမာရေးနဲ့မညီညွတ်တာတွေကို စားသောက်ခြင်း

●    ညွှန်ကြားထားတဲ့ဆေးဝါးတွေကို ပုံမှန်မသောက်တော့ခြင်း

စတာတွေပဲ ဖြစ်ပါတယ်။ ဒီအပြုအမူတွေဟာ နှလုံးခုန်မြန်ခြင်း၊ သွေးပေါင်ချိန်တက်ခြင်း၊ သွေးကြောကျဥ်းခြင်း၊ နှလုံးဆီ သွေးထောက်ပံ့မှုနည်းခြင်းနဲ့ ရောင်ရမ်းခြင်းတွေကို ဖြစ်စေတာကြောင့် နှလုံးရောဂါဖြစ်နိုင်ခြေကို မြင့်တက်လာစေပါတယ်။

Cardioace IA 2

ဒါကြောင့် နှလုံးကျန်းမာရေး မထိခိုက်စေဖို့ဆိုရင် စိတ်ဖိစီးမှုတွေ ရှိလာတာနဲ့ ချက်ချင်းလျှော့ချပေးဖို့ လိုအပ်ပါတယ်။ စိတ်ဖိစီးမှုတွေကို ဘယ်လိုလျှော့ချရမလဲဆိုတော့…..

●    လမ်းလျှောက်ထွက်ပါ။ ယောဂလုပ်ပါ။

●    တရားထိုင်ပါ။

●    မိတ်ဆွေသူငယ်ချင်း၊ မိသားစုဝင်တွေနဲ့ အမြဲဆက်သွယ်နေပါ။

●    တစ်ညကို ၇-၉ နာရီလောက် အိပ်စက်အနားယူပါ။

●    အကောင်းမြင်စိတ် မွေးမြူပါ။

●    သီချင်းနားထောင်ပါ။

●    ဝါသနာပါတာလေးတွေကို စမ်းလုပ်ကြည့်ပါ။

ဒါတွေအပြင် နှလုံးကျန်းမာရေးကို အထောက်အကူပြုတဲ့ ဗီတာမင်နဲ့သတ္တုဓာတ် ဖြည့်စွက်အားဆေးတွေ ပုံမှန်သောက်သုံးပေးဖို့ကိုလည်း မမေ့ပါနဲ့နော်။

www.drmyanmar.com