/
node/11319

နှလုံးရောဂါရှိရင် ကြက်ဥစားလို့ရသလား?

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

         ကြက်ဥမှာ ကိုလက်စထရောနှင့် ပရိုတင်းဓာတ်များပါ၀င်ပါတယ်။ ကိုလက်စထရောက နှလုံးရောဂါကိုဖြစ်စေပြီး ပရိုတင်းဓာတ်ကတော့ ခန္ဓာကိုယ်အတွက် အရေးပါတဲ့ ဓာတ်တစ်မျိုးဖြစ်ပါတယ်။ ဒါကြောင့် တစ်ပတ်ကို ကြက်ဥဘယ်နှစ်လုံးစားရင် ကျန်းမာရေး နဲ့ညီညွတ်မလဲဆိုတာဟာ စဉ်းစားစရာတစ်ခုဖြစ်လာပါတယ်။

         အာဟာရပညာရှင်များက နှလုံးရောဂါရှိသူများဟာ တစ်ပတ်မှာ ကြက်ဥ ၄လုံးထက်ပိုပြီး မစားသင့်ဘူးလို့ အကြံပြုထားပါတယ်။ ဒါပေမဲ့ သွေးတွင်းကိုလက်စထရောပမာဏမများဘူး၊ ဆီးချိုရောဂါနဲ့ နှလုံးရောဂါလည်းမရှိဘူးဆိုရင်တော့ တစ်ပတ်ကို ကြက်ဥ ၆လုံးအထိ စားနိုင်တယ်လို့လည်း ဆိုပါ သေးတယ်။

        ကြက်ဥမှာ ကိုလက်စထရော 186mg ပါ၀င်ပြီး အဲဒီပမာဏဟာ နှလုံးရောဂါေ၀ဒနာရှင်များ အတွက် တစ်နေ့တာသတ်မှတ်ထားသော အမြင့်ဆုံးပမာဏဖြစ်ပါတယ်။ ဒါကြောင့် ကြက်ဥတစ်လုံး စားပြီးပြီဆိုရင်တော့ အဲဒီနေ့မှာ အမဲသား၊ ဒိန်ခဲ၊ ထောပတ်စတာတွေကို ရှောင်ရှားရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ကိုလက်စထရောပမာဏအားလုံးဟာ ကြက်ဥအနှစ်မှာပဲရှိတာကြောင့် အကာကိုတော့ ကြိုက်သလောက်စားလို့ရပါတယ်။

 

Dr. Htet Htet Aung (www.drmyanmar.com)