/
node/11331

တေးဂီတမှ ရရှိနိုင်သော အကျိုးကျေးဇူးများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

1.   ရောဂါကုသမှုတွင်အထောက်အကူဖြစ်စေခြင်း 

        တေးဂီတသံစဉ်တွေဟာ နာကျင်ကိုက်ခဲမှုေ၀ဒနာကို သက်သာစေနိုင်ခြင်း၊ သွေးဖိအားကိုကျစေခြင်း၊ ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးနိုင်ခြင်း၊ ကြွက်သားများတင်းမာမှုကိုပြေလျော့စေနိုင်ခြင်းစတဲ့ အကျိုးကျေးဇူးတွေ ကိုပေးစွမ်းနိုင်ပါတယ်။ ဒါကြောင့် တနေ့တာလုံးလန်းဆန်းတက်ကြွနေစေဖို့အတွက် သီချင်းနားထောင်ဖို့အချိန်ပေးပါ။

 

2.   စိတ်ခံစားချက်ကို မြှင့်တင်ပေးနိုင်ခြင်း

        မြူးမြူးကြွကြွတေးသီချင်းတွေဟာ စိတ်စွမ်းအားတွေကိုမြှင့်တင်ပေးပြီး ပူပန်သောကတွေကို ဖြေသိမ့်ပေးနိုင်ပါတယ်။ ပြုံးပျော်စေပြီးလွမ်းမောမှုတွေပြေပျောက်စေနိုင်တဲ့အတွက် သင့်စိတ်ကိုအာဟာရဖြစ်စေတဲ့ အားဆေးတစ်ခွက်ဖြစ်ပါတယ်။

 

3.   အာရုံကြောများကိုလှုံ့ဆော်ပေးနိုင်ခြင်း

        ဂန္တ၀င်တေးသွားတွေဟာ စိတ်ချမ်းမြေ့မှုကိုဆောင်ကျဉ်းပေးပြီး၊ မြူးကြွတဲ့ဂီတသံစဉ်တွေကတော့ စိတ်တက်ကြွမှုကိုပေးစွမ်းနိုင်ပါတယ်။

 

4.   ဦးနှောက်လှိုင်းများကိုလွှမ်းမိုးနိုင်ခြင်း

        တေးသီချင်းတွေဟာ ဦးနှောက်လှိုင်းတွေကိုလှုံ့ဆော်ပေးနိုင်တဲ့ အသံတုန်ခါမှုကိုထုတ်ပေးပါတယ်။ ဂီတသံစဉ်တွေရဲ့ စည်းချက်ပေါ်မှာမူတည်ပြီး စိတ်ခံစားချက်တွေကိုပြောင်းလဲစေနိုင်တာကြောင့် သင့်စိတ်ကိုတက်ကြွစေနိုင်သလို စိတ်အေးချမ်းမှုကိုလည်းပေးစွမ်းနိုင်ပါတယ်။

 

5.   စိတ်သက်သာမှုရစေခြင်း

        တေးဂီတတွေကစိတ်ဓာတ်ကျခြင်း၊ မှတ်ဉာဏ်ချို့ယွင်းခြင်းနဲ့ အိပ်မပျော်ခြင်းတို့ကို လျော့ချပေးနိုင်ပါတယ်။

 

6.   ခံစားချက်ကိုဖော်ထုတ်နိုင်ခြင်း

        တေးသီချင်းတွေဟာ မိမိခံစားချက်တွေဖွင့်ဟပေးနိုင်တဲ့ စိတ်ထွက်ပေါက်တစ်ခုဖြစ်ပါတယ်။ မိမိတစ်ဦးတစ်ယောက်တည်း ခံစားချက်ကို ထုတ်ဖော်ပြသခွင့်ရရုံသာမက မိမိနဲ့ခံစားချက်ချင်းတူညီတဲ့ လူအများစုကိုလည်း မျှေ၀နိုင်စွမ်းရှိတဲ့စွမ်းအားရှင်ပဲဖြစ်ပါတယ်။

 

 Mg Hlaing Thwin (www.drmyanmar.com)