/
node/11414

အမျိုးသားတွေရဲ့ မျိုးပွားမှုကို ထိခိုက်စေသော အကြောင်းရင်းများ

        အမျိူးသားတွေရဲ့ မျိုးပွားစနစ်ကိုလေ့လာလျင် ဦးနှောက်အတွင်းရှိ ပီကျူထရီဂလင်းမှ ပီကျူထရီ (pituitary) ဟော်မုန်းထုတ်ပြီး ဝှေးစေ့မှအမျိုးသားဟော်မုန်း (testosterone) ထွက်စေရန် လှုံ့ဆော်ပေးပါတယ်။ အမျိုးသားဟော်မုန်းရဲ့အကူအညီနဲ့ ဝှေးစေ့မှသုတ်ပိုးထုတ်လုပ်ပြီး သုတ်ပို့ပြွန်မှတဆင့် အပြင်သို့ထုတ်လွှတ်ပါတယ်။ ဒီလမ်းကြောင်းတစ်လျောက် ရောဂါတစ်ခုခုဖြစ်ပွားလျင် သားသမီးမရခြင်းဖြစ်နိုင်ပါတယ်။

          အမျိုးသားများရဲ့ သားသမီးမရနိုင်တဲ့ အဓိကပြဿနာကတော့ သုတ်ကောင်ရေကျဆင်းခြင်းပါပဲ။ သုတ်ရည်ထဲမှာ သုတ်ပိုးလုံး၀မပါရှိခြင်းကတော့ အမျိုးသား 100 မှာ 1 ယောက် (သို့မဟုတ်) သားသမီးမရနိုင်တဲ့ အမျိုးသား 100 မှာ 10 ယောက် 15 ယောက်လောက်မှာတွေ့ရပါတယ်။

 

          သုတ်ပိုးအရေအတွက် ပြဿနာတွေရဲ့အကြောင်းရင်းကတော့ -

1)     ဝှေးစေ့ (သို့) ပီကျူထရီဂလင်းမှာဖြစ်တဲ့ ဟော်မုန်းဆိုင်ရာပြဿနာများ

2)     ဝှေးစေ့ထိခိုက်ဒဏ်ရာရခြင်း (သို့) ပျက်စီးခြင်း (မွေးရာပါ၊ ရောင်ခြည်နဲ့ပတ်သက်တဲ့ (သို့) အဆိပ်ဖြစ်စေတဲ့ ဓါတုပစ္စည်းတွေနဲ့ ထိတွေ့မိခြင်း)

3)     ကင်ဆာရောဂါကြောင့် ဓာတ်ရောင်ခြည်ကုသမှု (သို့) ဓာတုပစ္စည်းနှင့်ကုသမှုခံယူဖူးခြင်း

4)     သုတ်ရည်ထဲတွင် သုတ်ပိုးကိုထိခိုက်မည့် ခုခံအားရှိခြင်း၊ အမျိုးသားတစ်ဦးရဲ့ သုတ်ပိုးဟာသူ့ရဲ့ ခန္ဓာကိုယ်ရဲ့ ရောဂါတိုက်ဖျက်တဲ့စနစ်နဲ့ ထိတွေ့တဲ့အခါ သုတ်ပိုးခုခံအား တခါတရံထွက်တတ်ပါတယ်။ အထူးသဖြင့် သုတ်ပို့ပြွန်ပိုး၀င်ခြင်းနှင့် ဝှေးစေ့အား ထိခိုက်ဒဏ်ရာရလျှင်ဖြစ်တတ်ပါတယ်။

5)     ဆေးသုံးစွဲမှု (အချို့ဆေးဝါးများနှင့် ဆေးလိပ်၊ ဆေးရွက်ကြီးသောက်သုံးမှု)

6)     ဝှေးစေ့ရှိသွေးကြောများ ဖောင်းသောရောဂါ

7)     သုတ်ပို့ပြွန်ဖြတ်တောက်ထားခြင်းကြောင့် သုတ်လွှတ်ရန်ခက်ခဲခြင်း

8)     သုတ်ပို့ပြွန်မရှိခြင်း (အရည်အိတ်ခဲခြင်းနှင့်ဆိုင်သော မွေးရာပါချို့ယွင်းမှု)

9)     သုတ်ပြောင်းပြန်လွှတ်ခြင်း (သုတ်လွှတ်ရာတွင် သုတ်ရည်သည် လိင်တံမှထုတ်ရမည့်အစား ဆီးအိတ်ထဲသို့ ရောက်ခြင်း)

10)  မျိုးရိုးဗီဇပြဿနာ (ဗီဇဆဲလ်မှားယွင်းနေခြင်း)

11)  မျိုးရိုးလိုက်ခြင်း။

 

Mg Hlaing Thwin (www.drmyanmar.com)