/
node/11431

စိတ်ဖိစီးမှုကို တွန်းလှန်နိုင်တဲ့ သဘာဝအစားအသောက်များ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        စိတ်ဖိစီးမှုကိုတွန်းလှန်ရာမှာ ဆေးဝါးများသောက်သုံးရန်မလိုဘဲ သဘာ၀အစားအစာ များကိုစားသုံးခြင်းဖြင့် စိတ်ဖိစီးမှုကိုအနိုင်ယူနိုင်ပါတယ်။ အောက်ဖော်ပြပါအသီးအနှံများမှာ စိတ်ဖိစီးမှုကိုပြေပျောက်စေရုံသာမကဘဲ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အာဟာရတွေလည်း ကြွယ်၀စွာပါ၀င်ပါတယ်။

 

1.   ဆန်လုံးညို

        ဆန်လုံးညိုမှာဗီတာမင် B ဓာတ်ကြွယ်၀စွာပါ၀င်တာကြောင့် နှလုံးကျန်းမာရေးကိုကောင်းမွန်စေပြီး ဦးနှောက်စွမ်းအားမြင့်တက်စေပါတယ်။ ဒါ့အပြင် စိတ်ခံစားမှုကိုကောင်းမွန်စေပြီး စိတ်ဖိစီးမှုများကို တွန်းလှန်ပေးနိုင်ပါတယ်။

 

2.   ဆယ်လ်မွန်ငါး

        ဆယ်လ်မွန်ငါးဟာစိတ်ဖိစီးမှုကိုတွန်းလှန်နိုင်တဲ့ စူပါအစားအစာဖြစ်ပါတယ်။ ဆယ်လမွန် မှာပါ၀င်တဲ့ omega-3 ဖက်တီးအက်ဆစ်ဟာ စိတ်ခံစားမှုကောင်းစေတဲ့ စီရိုတိုနင်ဟော်မုန်း (Serotonin) ထွက်ရှိမှုကို အားပေးတာကြောင့် ဖြစ်နိုင်လျှင် တစ်ပတ်မှာ 2 ကြိမ်လောက် ဆယ်လ်မွန်ငါးကိုစားပေးပါ။

 

3.   ဟင်းနုနွယ်

ဟင်းနုနွယ်မှာဗီတာမင် A, ဗီတာမင် C နဲ့ ဗီတာမင် B အုပ်စု၊ ပိုတက်ဆီယမ်၊ ကယ်လဆီယမ်ဓာတ်တွေ ပါ၀င်တာကြောင့် စိတ်ဖိစီးဟော်မုန်းကိုလျှော့ချပေးပြီး စိတ်ခံစားမှုကိုကောင်းမွန်စေပါတယ်။

 

4.   လက်ဖက်စိမ်းလက်ဖက်ရည်

        လက်ဖက်စိမ်းမှာအစွမ်းထက်အင်တီအောက်ဆီဒင့်တွေ ပါ၀င်တာကြောင့် အရွယ်တင်နုပျိုစေပြီး စိတ်ဖိစီးမှုများကိုတွန်းလှန်နိုင်ပါတယ်။

 

5.   ထောပတ်သီး

        ထောပတ်သီးဟာစိတ်ဖိစီးမှုကို တွန်းလှန်နိုင်တဲ့အကောင်းဆုံးအသီးတွေထဲမှာ ပါ၀င်ပါတယ်။ ထောပတ်သီးမှာ ပါ၀င်တဲ့ ပရိုတင်း၊ ဗီတာမင် E ၊ ဗီတာမင် C ၊ ပိုတက်ဆီယမ်တွေဟာ အာရုံကြောများကို ကျန်းမာသန်စွမ်းစေပြီး စိတ်ပိုင်းဆိုင်ရာဖိစီးမှုများကို ပြေပျောက်စေပါတယ်။ ကိုလက်စထရောပမာဏကိုလည်း လျှော့ချပေးနိုင် တာကြောင့် နှလုံးကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။

 

6.   ဘလူးဘယ်ရီသီး

         ဘယ်လူးဘယ်ရီးသီးကနေဗီတာမင် C၊ အမျှင်ဓာတ်နှင့် အင်တီအောက်ဆီးဒင့်တွေများစွာရရှိပြီး စိတ်ခံစားမှုကိုကောင်းမွန်စေပါတယ်။ ဒါ့အပြင် ဘလူးဘယ်ရီသီးကိုပုံမှန်စားသုံးပေးရင် အိပ်မပျော်တဲ့ ပြဿနာကိုပါသက်သာစေတယ်လို့သိရပါတယ်။

 

7.   လိမ္မော်သီး

        လိမ္မော်သီးဖျော်ရည်ဟာစိတ်ဖိစီးမှုအတွက် အကောင်းဆုံးဖျော်ရည်လို့ ဆိုနိုင်ပါတယ်။ လိမ္မော်သီးမှာဗီတာမင် A၊ ဗီတာမင် B နဲ့ ဗီတာမင် C တို့ပါ၀င်တာကြောင့် ဓာတ်တိုးပစ္စည်းများကို တိုက်ထုတ်ပေးပြီး စိတ်ခံစားမှုကိုကောင်းမွန်စေကာ နှလုံးကျန်းမာရေးအတွက် အထောက်အကူပြု ပါတယ်။

 

8.   ချော့ကလက်

        အရသာရှိလှတဲ့ချော့ကလက်ဟာ စိတ်ခံစားမှုကိုကောင်းမွန်စေတဲ့ အန်ဒိုဖင်းဟော်မုန်း (endorphins) ထွက်ရှိမှုကိုအားပေးပါတယ်။ မဂ္ဂနီဆီယမ်ဓာတ်လည်း ကြွယ်၀စွာပါ၀င်တာကြောင့် စိတ်ဖိစီးမှုများသူများ၊ စိတ်ကျနေသူများအတွက် စားသင့်တဲ့အစားအစာတစ်မျိုး ဖြစ်ပါတယ်။

 

9.   ဗန်ဒါစေ့

        ဗန်ဒါစေ့မှာဗီတာမင် B2, ဗီတာမင် E, မဂ္ဂနီဆီယမ်နဲ့ သွပ်ဓာတ်တွေပါ၀င်ပါတယ်။ ဗီတာမင် C  နဲ့ ဗီတာမင် E က ဓာတ်တိုးပစ္စည်းများကို တိုက်ထုတ်ပေးတာကြောင့် စိတ်ဖိစီးမှုကို တွန်းလှန်နိုင်ရုံသာမက နှလုံးကျန်းမာရေးကို အထောက်အကူပြုပါတယ်။

 

10. နွားနို့

        လေ့လာမှုများအရ နွားနို့ကိုပုံမှန်သောက်သုံးတဲ့လူတွေဟာ စိတ်ဖိစီးမှုကိုပိုမိုခံနိုင်ရည်ရှိတယ်လို့ သိရပါတယ်။ အိပ်ရာမ၀င်ခင်မှာ နွားနို့ပူပူတစ်ခွက်သောက်ခြင်းဟာ စိတ်ဖိစီးမှုကြောင့် အိပ်မပျော်ဖြစ်ခြင်းကိုသက်သာစေပါတယ်။

 

Dr. Htet Htet Aung ( www.drmyanmar.com)