Nervolin
(1) ဆေးအမည်
Nervolin
(2) ပါ၀င်သောဆေးအမျိုးအစား
ဆေးတောင့် တတောင့်တွင် Pregabalin 75 mg နှင့် methylcobalamin 750 mg ပါ၀င်ပါသည်။
(3) ကုသနိုင်သောရောဂါများ
အတက်ရောဂါ၊ အာရုံကြောအားနည်းခြင်း။
(4) အသုံးပြုပုံ
တခါသောက်လျှင် တတောင့် တနေ့ 3 ကြိမ်။
(5) ဘေးထွက်ဆိုးကျိုး
နုံးခွေခြင်း၊ ခေါင်းမူးခြင်း၊ အလေးချိန်တက်ခြင်း၊ အာခေါင်ခြောက်ခြင်း၊ သွေးအားနည်းခြင်း၊ အိပ်ငိုက်ခြင်း၊ အနီစက်ထွက်ခြင်း။
(6) ကြိုတင်သတိပြုရမည့်အချက်များနှင့် သောက်သုံးရန်မသင့်သူများ
ကိုယ်၀န်ဆောင်နှင့် နို့တိုက်မိခင်များ၊ ဓါတ်မတည့်သူများ၊ ကျောက်ကပ်မကောင်းသောသူများနှင့် အသက် 12 နှစ်အောက်ကလေးများတွင်အသုံးမပြုရ။
ကားမောင်းသောသူများ၊ စက်ကိုင်တွယ်မောင်းနှင်သူများတွင် သတိပြု၍ သုံးစွဲရန်။
(7) ထုတ်လုပ်သည့်ကုမ္ပဏီ
Zifam India/Zifam Pinnacle
(8) တင်သွင်းသည့်ကုမ္ပဏီ
Pyrex






























