/
node/11553

သွားပိုးပေါက်တွေကို ကြိုတင်ကာကွယ်ထားဖို့က ဘာကြောင့်အရေးကြီးတာလဲ?

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

သွားကျန်းမာရေးကို အချိန်မီကြိုတင်ကာကွယ်နိုင်ဖို့အတွက် Signal မှ သွားပိုးပေါက်ကာကွယ်ရေး အခမဲ့စစ်ဆေးပေးနေပြီဖြစ်တဲ့အကြောင်းလည်း မျှဝေပေးလိုက်ပါတယ်။

သွားပိုးပေါက်တွေဟာ ဘယ်အသက်အရွယ်မှာမဆို ဖြစ်နိုင်ပါတယ်။ အချိုလွန်ကဲတဲ့ အစားအသောက်တွေ အစားများခြင်း၊ သွားနဲ့ခံတွင်းသန့်ရှင်းရေးကို သေချာဂရုမစိုက်ခြင်းတို့က သွားပိုးပေါက်တွေကို  ဖြစ်စေပါတယ်။

သွားပိုးပေါက်ဖြစ်ပြီဆိုရင် သွားမျက်နှာပြင်​ပေါ်မှာ အမည်းစက်လေးစဖြစ်လာပြီး တဖြည်းဖြည်းနဲ့ အပေါက်လေးဖြစ်လာပါတယ်။ သွားပိုးပေါက်သေးသေးလေးကို သေချာဂရုမစိုက်ရင် တဖြည်းဖြည်းကြီးလာပြီးတော့ သွားကိုက်တာ၊ ခံတွင်းနံ့ဆိုးတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီကတစ်ဆင့် ဘက်တီးရီးယားပိုးတွေဟာ သွားအမြစ်ထဲထိရောက်ပြီး အမြစ်ပိုးဝင်ကာ သွားနဲ့သွားဖုံးမှာ ပြည်တည်လာနိုင်ပါတယ်။ ရှားပါးဖြစ်စဥ်ဆိုပေမယ့် သွားနဲ့သွားဖုံးပြည်တည်ခြင်းကနေတစ်ဆင့် ရောဂါပိုးဟာ ခန္ဓာကိုယ်အနှံ့ကို ပျံ့နှံ့သွားပြီးတော့ အသက်အန္တရာယ်ကိုတောင် ဖြစ်စေနိုင်ပါတယ်။

Signal IA 1

ဒါကြောင့် သွားပိုးပေါက်ဖြစ်ပြီဆိုရင် သိသိချင်းကတည်းက သေချာကုသမှုခံယူဖို့၊ သွားနဲ့ခံတွင်းသန့်ရှင်းရေးကို သေချာဂရုစိုက်ဖို့ လိုအပ်ပါတယ်။ သွားပိုးပေါက်မဖြစ်ခင်က ကြိုတင်ကာကွယ်ထားရင်တော့ အကောင်းဆုံးပါပဲ။ သွားပိုးပေါက်မဖြစ်အောင် အောက်ပါနည်းလမ်းတွေနဲ့ ကြိုတင်ကာကွယ်ထားနိုင်ပါတယ်။

  • သွားပွတ်တံနုနုလေးနဲ့ အနည်းဆုံး တစ်နေ့နှစ်ကြိမ် (မနက်တစ်ကြိမ်၊ ညတစ်ကြိမ်) သွားတိုက်ပေးပါ။
  • ဖလိုရိုက်ဒ်ပါတဲ့ သွားတိုက်ဆေးကို အသုံးပြုပါ။
  • အစာစားပြီးတဲ့အခါ သွားကြားထဲမှာကျန်ခဲ့တဲ့ အစာအကြွင်းအကျန်တွေကို သွားပွတ်ကြိုးအသုံးပြုပြီး ဖယ်ရှားပေးပါ။
  • ချိုလွန်းတဲ့အစားအသောက်တွေကို ရှောင်ကြဥ်ပါ (သို့) ချင့်ချိန်စားသုံးပါ။
  • အနည်းဆုံး တစ်နှစ် (၂) ကြိမ် သွားကျန်းမာရေး စစ်ဆေးပေးပါ။

Signal IA 2

အခုဆိုရင်တော့ Signal ကနေ ပြုလုပ်ပေးနေတဲ့  “Dr.Signal နဲ့စစ်ဆေး သွားပိုးပေါက်ကာကွယ်ရေး” ဆိုတဲ့ အစီအစဉ်လေးမှာ သွားဆရာဝန်တွေနဲ့ ကိုယ်တိုင်တွေ့ဆုံပြီး မိမိတို့ရဲ့သွားကျန်းမာရေးကို အခမဲ့ စစ်ဆေးလို့ရပြီဆိုတဲ့ သတင်းကောင်းလေးကို မျှဝေပေးချင်ပါတယ်။ မြို့အနှံနှံ့ အခမဲ့ပြုလုပ်ပေးနေတဲ့ အစီအစဥ်လေးဖြစ်လို့ Dr. Signal အခမဲ့သွားစစ်ဆေးရေး ရွှေ့လျားကားက ဘယ်နေ့၊ ဘယ်အချိန်၊ ဘယ်နေရာမှာ ရှိနေမယ်ဆိုတာကို Signal Myanmar Facebook Page ကနေတစ်ဆင့် ဝင်ရောက်လေ့လာပြီးတော့ သွားကျန်းမာရေးလာရောက်စစ်ဆေးဖို့ ဖိတ်ခေါ်လိုက်ပါရစေနော်။

www.drmyanmar.com