/
node/1157

Normopress

Category
အသုံးများဆေးဝါးများ
အသုံးများဆေးဝါးများ
Normopress

(1) ဆေးအမည်

        Normopress

 

(2) ပါ၀င်သောဆေးအမျိုးအစား

        ဆေးပြားတပြားတွင်Losartan Potassium 25 mg(သို့) 50 mg       

 

(3) ကုသနိုင်သောရောဂါများ

        သွေးတိုးရောဂါကုသရန်၊ သွေးတိုးရောဂါရှင်များတွင်လေဖြတ်ခြင်းကိုကာကွယ်ရန် ကျောက်ကပ်ရောဂါ ဖြစ်နေသော အမျိုးအစား (၂) ဆီးချိုေ၀ဒနာရှင်များ။    

 

(4) အသုံးပြုပုံ

        50 mg တစ်နေ့တစ်ကြိမ်။ 100 mg ထိတိုး၍ သောက်နိုင်သည်။

        ဆီးဆေးသုံးစွဲနေသောလူများတွင် 25 mg တစ်နေ့တစ်ကြိမ်မှစ၍သုံးနိုင်သည်။ အသက်ကြီးသောသူ များ၊ ကျောက်ကပ်မကောင်းသောသူများတွင် ဆေးဝါးပမာဏချိန်ဆရန်မလို။ အသည်းမကောင်းသောသူများတွင် အနိမ့်ဆုံးသောပမာဏမှစ၍ ပေးရမည်။

 

(5) ဘေးထွက်ဆိုးကျိုး

        ဖျားခြင်း၊ ဖောခြင်း၊ သွေးပေါင်ကျခြင်း၊ နှလုံးကြွက်သားပုပ်ခြင်း၊ ရင်တုန်ခြင်း၊ အစာမစားလိုခြင်း၊ အာခေါင်ခြောက်ခြင်း၊ အော့အန်ခြင်း၊ သွေးအားနည်းခြင်း၊ ကြွက်သားတောင့်တင်းနာကျင်ခြင်း၊ ကြွက်သား အားနည်းခြင်း၊ စိတ်ပူပန်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ခေါင်းကိုက်ခြင်း၊ ထိပ်ပြောင်ခြင်း၊ လေပြွန်ရောင်ခြင်း၊ နှာခေါင်းသွေးလျှံခြင်း၊ အနီစက်ထွက်ခြင်း၊ ဓာတ်မတည့်ခြင်း၊ အသက်ရှုမ၀ခြင်း၊ အမြင်မှုန်ဝါးခြင်း၊ နားအူခြင်း၊ ဆီးလမ်းကြောင်းပိုး၀င်ခြင်း။

 

(6) ကြိုတင်သတိပြုရမည့်အချက်များနှင့် သောက်သုံးရန်မသင့်သူများ

        ဆီးဆေးသုံးစွဲနေသောသူများတွင် သွေးပေါင်ပိုကျစေနိုင်သဖြင့် အနိမ့်ဆုံးပမာဏမှစ၍ သုံးစွဲရမည်။

        ဓာတ်မတည့်သူများ၊ ကလေးများ၊နို့တိုက်မိခင်နှင့် ကိုယ်၀န်ဆောင်များတွင် အသုံးမပြုရ။

 

(7) အခြားဆေးများနှင့်ဓါတ်ပြုမှု

        သွေးထဲတွင် ပိုတက်ဆီယမ်ဓာတ်ကိုများစေနိုင်သဖြင့် ပိုတက်ဆီယမ်ဖြည့်စွက် ဆေးဝါးများ (သို့) ဆီးထဲတွင် ပိုတက်ဆီယမ်ဓာတ်မပါအောင်ထိန်းထားသောဆီးဆေးများနှင့်အတူတွဲမသုံးရ။

 

(8) ထုတ်လုပ်သည့်ကုမ္ပဏီ

        CCL Pharma

 

(9) တင်သွင်းသည့်ကုမ္ပဏီ

          KTZ

www.drmyanmar.com