ကနဦးဆီးချိုအဆင့်မှသည် ဆီးချိုသွေးချိုရောဂါ မဖြစ်စေဖို့ လိုက်နာရန်အချက်များ
ကနဦးဆီးချို (Perdiabetes) လို့ ရောဂါအမည်သတ်မှတ်ခံရခြင်းဟာ အမျိုးအစား-၂ ဆီးချိုသွေးချိုရောဂါ မလွဲမသွေ ဖြစ်လာမယ်ဆိုတဲ့ အဓိပ္ပာယ်တော့ မဟုတ်ပါဘူး။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ နေထိုင်စားသောက်မှုပုံစံကို ပြောင်းလဲလိုက်ခြင်းဖြင့် သွေးတွင်းသကြားဓာတ် ထိန်းညှိမှုကို ကောင်းမွန်စေပြီး အမျိုးအစား-၂ ဆီးချိုသွေးချိုရောဂါသို့ ကူးပြောင်းခြင်းမရှိအောင် တားဆီးပေးနိုင်ပါတယ်။
Diabetone IA 1 (October 2026)

≫ ဒါကြောင့် အောက်ပါအချက်တွေကို လိုက်နာပေးကြဖို့ တိုက်တွန်းလိုပါတယ်။
- ကောက်ပဲသီးနှံများ၊ အဆီမပါသော အသားများနဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီတွေကို ပိုမိုစားသောက်ပြီး ထပ်မံဖြည့်စွက်ထားသော သကြားဓာတ် (Added sugars) နဲ့ ပြည့်ဝဆီတို့ကို ချင့်ချိန်စားသောက်ပါ။
- တစ်ပတ်ကို အနည်းဆုံး မိနစ် ၁၅၀ ခန့် လေ့ကျင့်ခန်း လုပ်ပါ။ ဒါမှမဟုတ် တစ်နေ့ကို ခြေလှမ်းပေါင်း ၁၀,၀၀၀ ပြည့်အောင် လမ်းလျှောက်ပါ။
- ကိုယ်အလေးချိန် လျှော့ချပါ။ ခန္ဓာကိုယ်အလေးချိန်ရဲ့ ၅% မှ ၁၀% အထိ လျှော့ချပေးခြင်းဟာ ပျမ်းမျှ ၃ လ သွေးတွင်းသကြားဓာတ် (HbA1C) ကို သိသိသာသာ လျော့နည်းစေပါတယ်။
- အိပ်ရေးပျက်ပါက အချိုကဲတာတွေ စားသောက်ချင်စိတ်ကို ပိုမိုမြင့်တက်စေတာကြောင့် တစ်ညကို ၇ နာရီမှ ၈ နာရီအထိ အိပ်စက်သင့်ပါတယ်။
Diabetone IA 2 (October 2026)

- အရက်အလွန်အကျွံ သောက်သုံးခြင်းကို ရှောင်ကြဥ်ပါ။ အရက်လျှော့သောက်ခြင်းဖြင့် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပြီး အမျိုးအစား-၂ ဆီးချိုရောဂါ ဖြစ်ပွားမှုအထိ မရောက်ရှိအောင် ကာကွယ်ပေးနိုင်ပါတယ်။
- ဆေးလိပ်ဖြတ်ပါ။ ဆေးလိပ်သောက်တာဟာ အင်ဆူလင်ယဉ်ပါးမှုကို ဖြစ်စေပြီး ဆီးချိုနောက်ဆက်တွဲ ပြဿနာတွေကို မြင့်တက်စေနိုင်ပါတယ်။
- ပျမ်းမျှ ၃ လ သွေးတွင်းသကြားဓာတ် ပမာဏ (HbA1C) ကို အနည်းဆုံး တစ်နှစ်လျှင် တစ်ကြိမ် ပုံမှန် စစ်ဆေးပါ။
- လိုအပ်ပါက ဆရာဝန်နဲ့ တိုင်ပင်ပြီး ဗီတာမင်နဲ့ သတ္တုဓာတ် ဖြည့်စွက်ဆေးဝါးတွေကို မှီဝဲပါ။





























