R-LOC 150
(1) ဆေးအမည်
R-LOC 150
(2) ပါ၀င်သောဆေးအမျိုးအစား
ဆေး ၁ ပြားတွင်Ranitidine 150 mg
(3) ကုသနိုင်သောရောဂါများ
အူသိမ်ဦးပိုင်းအနာ၊ ကင်ဆာအဆင့်မရောက်သေးသောအစာအိမ်အနာ၊ စားချဥ့်ပြန်ရောဂါ၊ အစာခြေရည်များအလွန်အမင်းထွက်ခြင်းကြောင့် အစာအိမ်အနာဖြစ်ခြင်းနှင့် ၀မ်းပျက်၀မ်းလျှော ဖြစ်ခြင်းစသည်တို့ စုပေါင်းနေသောZollinger – Ellison ရောဂါစု၊ အစာအိမ်ရောဂါကုဆေးတစ်မျိုး ဖြစ်သော Cimetidine မတိုးသောအစာအိမ်အနာ။
(4) အသုံးပြုပုံ
တစ်ခါသောက် ၁ လုံး၊ တစ်နေ့ ၁-၂ ကြိမ်၊ ၄-၈ ပတ် (သို့) ဆရာ၀န်ညွှန်ကြားချက်အတိုင်းသောက်ပါ။
(5) ဘေးထွက်ဆိုးကျိုး
၀မ်းချုပ်ခြင်း၊ ပျို့အန်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ဗိုက်နာခြင်း၊ ကျောက်ကပ်ပျက်စီးခြင်း၊ အရေပြားပေါ်တွင် အနီကွက်ပေါ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ ၀မ်းလျှောခြင်း၊ နုံးခြင်း။
(6) ကြိုတင်သတိပြုရမည့်အချက်များနှင့် သောက်သုံးရန်မသင့်သူများ
ကျောက်ကပ်မကောင်းသူများနှင့် အသည်းမကောင်းသူများ၊ ဆရာ၀န်ညွှန်ကြားသည့်အတိုင်းသောက်ပါ။
ကိုယ်၀န်ဆောင်များနှင့်ကလေးများတွင် လုံခြုံစိတ်ချရမှုနှင့် အကျိုးအာနိသင်ရှိမှုတို့ကိုသက်သေပြထားခြင်း မရှိသေးပါ။
Ranitidine သည် နို့ရည်ထဲသို့ရောက်ရှိ၍ နို့တိုက်မိခင်များအနေဖြင့် ဆရာ၀န်ညွှန်ကြားမှသာသောက် သုံးသင့်သည်။ ပါ၀င်သောဆေးနှင့် ဓာတ်မတည့်သူများသောက်သုံးရန်မသင့်ပါ။
(7) အခြားဆေးများနှင့်ဓာတ်ပြုမှု
သွေးချိုဆီးချိုရောဂါကုဆေး Sulfonylurea ၏အာနိသင်ကိုပိုပြင်းစေသောကြောင့် သွေးတွင်းသကြားဓာတ်ပိုကျ သွားစေနိုင်ပါသည်။
(8)ထုတ်လုပ်သည့်ကုမ္ပဏီ
ZydusCadila
(9) တင်သွင်းသည့်ကုမ္ပဏီ
AA Medical






























