/
node/1192

Tarceva

Category
အသုံးများဆေးဝါးများ
အသုံးများဆေးဝါးများ
Tarceva

(1) ဆေးအမည်

       Tarceva

 

(2) ပါ၀င်သောဆေးအမျိုးအစား

        ဆေးပြားတပြားတွင် Erlotinib HCL 100mg (သို့) 150mg ပါ၀င်ပါသည်။    

 

(3) ကုသနိုင်သောရောဂါများ

        အဆုတ်ကင်ဆာ၊မုန့်ချိုအိတ်ကင်ဆာရောဂါ    

 

(4) အသုံးပြုပုံ        

          အဆုတ်ကင်ဆာ - တနေ့လျှင် 150 mg

          မုန့်ချိုအိတ််ကင်ဆာ  - gemcitabine နှင့် တွဲဖက်၍ တနေ့လျှင် 100 mg

          အစာနှင့်အတူတွဲပြီးမသောက်ရ။ အစာမစားမီတစ်နာရီသို့မဟုတ် အစာစားပြီး နှစ်နာရီအကြာမှာ သောက်ပါ။

 

(5) ဘေးထွက်ဆိုးကျိုး

        အစာအိမ်နှင့်အူလမ်းကြောင်းပေါက်ပြဲခြင်း၊ အစာအိမ်နှင့်အူလမ်းကြောင်းသွေးကြောပေါက်ခြင်း၊ မျက်ကြည်လွှာရောင်ခြင်း၊ ပျို့အန်ခြင်း၊ ၀မ်းလျောခြင်း၊ ဗိုက်အောင့်ခြင်း၊ ယားယံခြင်း၊ အနီကွက်ထွက်ခြင်း၊ နုံးခွေခြင်း၊ နှာခေါင်းသွေးလျှံခြင်း၊ အမွှေးအမျှင်များထူလာခြင်း။

 

 (6) ကြိုတင်သတိပြုသင့်သည့်အချက်များနှင့် သောက်သုံးရန်မသင့်သူများ

        အစာအိမ်နှင့် အူလမ်းကြောင်းပေါက်ပြဲဖူးသူများ၊ ဓါတ်မတည့်သူများအသုံးမပြုရ။ 18 နှစ် အောက် ကလေးများတွင်အသုံးမပြုရ။ဆေးလိပ်သောက်သူများ၊ မျက်စိရောဂါရှိသူများ၊ ကျောက်ကပ်(သို့) အသည်းမကောင်းသောသူများ၊ ကိုယ်၀န်ဆောင်နှင့်နို့တိုက်မိခင်များတွင် ဆရာ၀န်ညွှန်ကြားချက်အတိုင်း သုံးစွဲရန်။

 

(7) အခြားဆေးများနှင့် ဓါတ်ပြုမှု

        အစာအိမ်တွင်းရှိအက်ဆစ်ကိုလျော့ချပေးသော ဆေးဝါးများနှင့်တွဲမသုံးရ။

        Tarcevaသောက်သုံးနေစဉ်အတောအတွင်းဆေးလိပ်မသောက်ရ။

 

(8) ထုတ်လုပ်သည့်ကုမ္ပဏီ

          Roche

 

 (9) တင်သွင်းသည့်ကုမ္ပဏီ

          DKSH

www.drmyanmar.com