/
node/1203

Wood’s peppermint Antitussive Syrup

Category
အသုံးများဆေးဝါးများ
အသုံးများဆေးဝါးများ
Wood’s peppermint Antitussive Syrup

(1) ဆေးအမည်      

          Wood’s peppermint Antitussive Syrup

 

(2) ပါ၀င်သောဆေးအမျိုးအစား   

          ဆေးရည် 5ml တွင် Dextromethorphan HBr 7.5mg နှင့် Diphenhydramine HCL 12.5mg ပါ၀င်ပါသည်။

 

(3) ကုသနိုင်သောရောဂါများ       

          ဓာတ်မတည့်ခြင်းကြောင့်ဖြစ်သော ချောင်းခြောက်ဆိုးခြင်း။

 

(4) အသုံးပြုပုံ        

          ၁၂ နှစ်အထက်ကလေးနှင့် လူကြီးများ   - 10ml တစ်နေ့ ၃ ကြိမ်

          ၆ နှစ်မှ ၁၂ နှစ်                             - 5ml တစ်နေ့ ၃ ကြိမ်

 

(5) ဘေးထွက်ဆိုးကျိုး

          ပျို့အန်ခြင်း၊ ခေါင်းမူးခြင်း၊ ၀မ်းချုပ်ခြင်း၊ အိပ်ငိုက်ခြင်း။

 

(6) ကြိုတင်သတိပြုရမည့်အချက်များနှင့် သောက်သုံးရန်မသင့်သူများ

          ဓာတ်မတည့်သူများ၊ ရေတိမ်ရှိသူများ၊ ကိုယ်၀န်ဆောင်များ၊ နို့တိုက်မိခင်များ၊ ပန်းနာရင်ကြပ်ရောဂါရှိသူများ၊ ချွဲကြပ်သောသူများ မသုံးရ။ အသည်းရောဂါရှိသူများ၊ စိတ်ငြိမ်ဆေးသုံးနေသူများ၊ အရက်သောက်သော သူများတွင် သတိပြု၍သုံးစွဲရန်။ ကားမောင်းသူများ၊ စက်မောင်းနှင်သူများအသုံးမပြုရ။

          ၆ နှစ်အောက်ကလေးများတွင် ဆရာ၀န်ညွှန်ကြားချက်အတိုင်းသုံးစွဲရန်။

 

(7) အခြားဆေးများနှင့်ဓာတ်ပြုမှု

          Monoamine oxidase Inhibitor များနှင့်တွဲသုံးပါက အသက်ရှူ ခက်ခဲခြင်း ေ၀ဒနာကို ပြင်းထန်စွာ ခံစားရနိုင်ပါသည်။

 

(8) ထုတ်လုပ်သည့်ကုမ္ပဏီ

          Kalbe Farma

 

(9) တင်သွင်းသည့်ကုမ္ပဏီ

          AA Medical

www.drmyanmar.com