Zifam Ginkgo 3000
(1) ဆေးအမည်
Zifam Ginkgo 3000
(2) ပါ၀င်သောဆေးအမျိုးအစား
ဆေးပြားတစ်ပြားတွင် Ginkgo Biloba extract 60mg ပါ၀င်ပါသည်။
(3) ကုသနိုင်သောရောဂါများ
မှတ်ဉာဏ်ချို့ယွင်းခြင်း၊ အာရုံမစိုက်နိုင်ခြင်း၊ ခေါင်းချာချာလည်မူးခြင်း၊ နားအူခြင်း၊ အမြင်အာရုံနှင့် အကြားအာရုံလျော့နည်းလာခြင်း၊ သွေးကြောများကျုံ့ခြင်း၊ ဆန့်ခြင်းကြောင့် ခြေချောင်းလက်ချောင်းများ သို့ သွေးမလျှောက်သောရောဂါ၊ အသက်ကြီးခြင်း၊ ဆေးလိပ်သောက်ခြင်းနှင့် ဆီးချိုရောဂါ တို့ကြောင့် ဖြစ်သော သွေးလှည့်ပတ်မှုမကောင်းခြင်း၊ ခရုသင်းရောဂါ။
(4) အသုံးပြုပုံ
ဆေးပြား တစ်ပြားမှ နှစ်ပြား တစ်နေ့တစ်ကြိမ်။
ကလေးများတွင် ဆရာ၀န်ညွှန်ကြားချက်အတိုင်း သုံးစွဲရန်။
(5) ဘေးထွက်ဆိုးကျိုး
ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်း၊ ဓာတ်မတည့်ခြင်း။
(6) ကြိုတင်သတိပြုရမည့်အချက်များနှင့် သောက်သုံးရန် မသင့်သူများ
ဓာတ်မတည့်သူများ၊ သွေးယိုစီးသောရောဂါရှိသူများ၊ ခွဲစိတ်ခန်း၀င်မည့်သူများ အသုံးမပြု ရ။
အသက် 12 နှစ်အောက်ကလေးများတွင် ဆေးပမာဏ 120mg အထိ အသုံးမပြုရ။ ကိုယ်၀န်ဆောင်မိခင်၊ နို့တိုက်မိခင်များ ဆရာ၀န်နှင့်တိုင်ပင်ရန်။
(7) အခြားဆေးများနှင့်ဓာတ်ပြုမှု
သွေးကျဲဆေးများနှင့်တွဲသုံးပါက သွေးကျဲဆေး၏အာနိသင်ကို ပိုကောင်းစေပါသည်။
(8) ထုတ်လုပ်သည့်ကုမ္ပဏီ
Zifam India/ Zifam Pinnacle
(9) တင်သွင်းသည့်ကုမ္ပဏီ
Pyrex






























