Clinique de Skin အရေပြားနှင့်အလှအပဆေးခန်း
Clinique de Skin အရေပြားနှင့် လေဆာဆေးခန်းသည် အရေပြားနှင့် အလှအပဆိုင်ရာ ကိစ္စရပ်များအတွက် လူအများ၏ ယုံကြည်စိတ်ချမှုကို အချိန်တိုအတွင်း အခိုင်အမာရရှိထားသော ဆေးခန်းတစ်ခုဖြစ်ပါသည်။ 2014 ခုနှစ် ၊ စက်တင်ဘာလတွင် စတင်တည်ထောင်ခဲ့ပြီး Clinique de Skin ဆေးခန်း (1)ကို အမှတ် 17/18 ၊ ကန်လမ်း (Moon Bakery အနောက်ဘက်)၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားပြီး Clinique de Skin ဆေးခန်း (2) ကို အမှတ် 542 ၊ ကမ်းနားလမ်း (11 လမ်းထောင့်) ၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားပါသည်။
အစဉ်ထာ၀ရ နုပျိုခြင်းကို လူတိုင်းနီးပါးလိုလားကြပါသည်။ မိမိ၏ ရုပ်ရည်သွင်ပြင်ကို မိမိကိုယ်တိုင် ကျေနပ်မှုရှိခြင်းကြောင့် မိမိကိုယ်မိမိ ယုံကြည်မှုများတိုးပွားစေပြီး လုပ်ငန်းခွင်နှင့် လူမှုဘ၀ နယ်ပယ်တွင်ပါ ကောင်းသော အကျိုးသက်ရောက်မှုများ ရရှိလာစေပါသည်။ ထို့ကြောင့် ကျွမ်းကျင် အရေပြားအထူးကုဆရာ၀န်များထံမှ အရေပြားနှင့်ပတ်သက်၍ ပြီးပြည့်စုံသော အကြံဉာဏ်ကောင်းများကို ရယူနိုင်ရန်အတွက် Clinique de Skin ဆေးခန်းကို မနက် 10:00 နာရီမှ ညနေ 8:00 နာရီထိ နေ့စဉ်ဖွင့်လှစ်ထားပြီး ဆွေးနွေးတိုင်ပင်ပေးလျက်ရှိပါသည်။
သက်တောင့်သက်သာရှိပြီး လုံခြုံစိတ်ချရသော ပတ်၀န်းကျင်၊ ခေတ်မီ နည်းပညာနှင့် ဆေးဝါးများ၊ နောက်ဆုံးပေါ် ကိုရီးယားနိုင်ငံထုတ် စက်ကိရိယာပစ္စည်းသစ်များနှင့် အင်္ဂလန်နိုင်ငံမှ အရေပြားနှင့်် အလှအပဆိုင်ရာ ဘာသာရပ်ကို လေ့လာဆည်းပူးခဲ့သော အရေပြားနှင့်အလှအပ ပါရဂူဆရာ၀န်များကိုယ်တိုင် တာ၀န်ယူကြီးကြပ်ကုသပေးလျက်ရှိပါသည်။
Clinique de Skin အရေပြားနှင့် လေဆာဆေးခန်း၏ ၀န်ဆောင်မှုများမှာ -
1. မခွဲစိတ်ဘဲ မျက်နှာပြုပြင်ခြင်း
(1) Filler ဖြင့် မျက်နှာပြုပြင်ခြင်း
(2) Botox ဖြင့် မျက်နှာပြုပြင်ခြင်း
(3) Ultra V Lift ဖြင့် မျက်နှာပြုပြင်ခြင်း
(4) Therma Facelift ဖြင့် မျက်နှာပြုပြင်ခြင်း
(5) Lipodissolve ဖြင့် မျက်နှာပြုပြင်ခြင်း
2. ၀က်ခြံနှင့် ၀က်ခြံအမာရွတ်များ ကုသပေးခြင်း
3. တင်းတိပ်၊ မှဲ့ခြောက်နှင့် နေလောင်ကွက်များကို ကုသပေးခြင်း
4. မလိုလားအပ်သော အမွှေးအမျှင်များဖယ်ရှားပေးခြင်း ( ချိုင်းမွှေး၊ ခြေသလုံးမွှေး စသည်)
5. မိမိသွေးရည်ကြည်ဖြင့် နုပျိုလှပအောင်ကုသပေးခြင်း
6. ကိုယ်အလေးချိန်လျှော့ချခြင်းနှင့် အဆီပိုများကို ဖယ်ရှားပေးခြင်း
7. ခြေသလုံးသားလှပအောင်ပြုပြင်ပေးခြင်း
8. ချိုင်းချေွးးထွက်သက်သာစေရန်ကုသပေးခြင်း
9. အကြောပြတ်ရာများကို ကုသပေးခြင်း
10. အရောင်စုံတက်တူးများကို နောက်ဆုံးပေါ်လေဆာစက်ဖြင့် ဖယ်ရှားပေးခြင်း
11. အသားအရေအစဉ်အမြဲ ကောင်းမွန်စေရန် ထိန်းသိမ်းပေးခြင်း
12. ဦးရေပြားနှင့် ဆံကေသာ အလှအပအတွက် ကုသပေးခြင်း
13. အသေးစားခွဲစိတ်ပြုပြင်ပေးခြင်း
14. အရေပြား ရောဂါအမျိုးမျိုးကို ကုသပေးခြင်းတို့ ဖြစ်ပါသည်။
==========================
1. 1. မခွဲစိတ်ဘဲ မျက်နှာပြုပြင်ခြင်း
(1) Filler ဖြင့် မျက်နှာပြုပြင်ခြင်း
FILLER ဆိုသည်မှာ HYALURONIC GEL ကိုကြားခံပစ္စည်းအဖြစ်အသုံးပြုပြီး မိမိစိတ်တိုင်းမကျသော မျက်နှာအစိတ် အပိုင်းများကို ခွဲစိတ်စရာမလိုဘဲ လှပအောင် ဖန်တီးပေးနိုင်သော ကုထုံးဖြစ်ပါသည်။
HYALURONIC ACID သည် မိမိတို့၏ အရေပြားတွင် သဘာ၀အတိုင်းရှိသော ပစ္စည်းဖြစ်ပြီး US FDA မှ FILLER အဖြစ် အသုံးပြုရန် အသိအမှတ်ပြုထားခြင်းကြောင့် ဘေးထွက်ဆိုးကျိုးမရှိနိုင်ပါ။ ကုသမှု၏အကျိုးအာနိသင်ကို ချက်ခြင်းပင် တွေ့မြင်နိုင်ပြီးကုသမှုခံယူပြီးပါကလည်း တစ်နေ့တာ လုပ်ငန်းဆောင်တာများကို ပုံမှန်အတိုင်းဆက်လက်လုပ်ဆောင်နိုင်ပါသည်။
အသုံး၀င်ပုံများ
- နှာတံပေါ်အောင်ပြုလုပ်ခြင်း
- မေးစေ့ချွန်အောင်ပြုလုပ်ခြင်း
- နှုတ်ခမ်းပုံသွင်းခြင်း
- ပါးရိုးမြင့်တင်ခြင်း
- နှာခေါင်းဘေးချိုင့်နေသော နေရာများအား ဖြည့်တင်းပေးခြင်း
Filler 1 cc တစ်ချောင်းလျှင် ကျပ် 5 သိန်း ၀န်းကျင်ခန့် ကျသင့်မည်ဖြစ်ပြီး လူတစ်ဦးနှင့်တစ်ဦး လိုအပ်သော ဆေးပမာဏ ကွာခြားနိုင်ပါသည်။ ခန့်မှန်းခြေ တစ်နာရီ ၀န်းကျင် ကြာမြင့်နိုင်ပါသည်။
(2) Botox ဖြင့် မျက်နှာပြုပြင်ခြင်း
BOTOX သည် အိုမင်းရင့်ရော်ခြင်း၏ နောက်ဆက်တွဲဖြစ်သောအရေးအကြောင်းများဖြစ်ခြင်းကို ခွဲစိတ်ကုသစရာ မလိုဘဲ ပြုပြင်ဟန့်တားနိုင်သော နည်းလမ်းအဖြစ်အသုံးပြုခဲ့သည်မှာ နှစ်ပေါင်း 30 ကျော်ရှိခဲ့ပါပြီ။ လွန်ခဲ့သော 10 နှစ်ခန့်က BOTOX ကို မေးရိုးကြွက်သားများအတွင်းထိုးသွင်းရုံဖြင့် မျက်နှာကို သွယ်လျလှပအောင် ဖန်တီးပေးနိုင်ကြောင်းကို ကိုရီးယားဆရာ၀န်များက စတင်တွေ့ရှိချိန်မှစ၍ BOTOX ၏ ကျော်ကြားမှုသည် အထွတ်အထိပ်သို့ရောက်ရှိခဲ့ပါသည်။
အသုံး၀င်ပုံများ
- V SHAPED ပုံသဏ္႑ာန်မျက်နှာဖြစ်စေရန်ပြုပြင်ပေးခြင်း
- မျက်နှာအရေပြားတင်းရင်းလှပစေခြင်း
- မျက်နှာပေါ်မှာ အရေးအကြောင်းများအား ဖြေဖျောက်ပေးခြင်း
- ချေွးပေါက်ကျဉ်းအောင်ပြုလုပ်ပေးနိုင်ခြင်း
အကျိုးအာနိသင်ကို စတင်မြင်တွေ့ရမည့်အချိန်
အရေးအကြောင်းများလျော့ပါးသွားသည်ကို 7 ရက်မှ 10 ရက်အကြာတွင် စတင်တွေ့မြင်ရပါမည်။ (V) ပုံစံသွယ်လျသော မျက်နှာဖြစ်ရန် အချိန် 2 ပတ်- 4 ပတ်ခန့်စောင့်ရန်လိုအပ်ပြီး မျက်နှာပုံသဏ္႑ာန်အလိုက် Botox ဆေးကို2 ကြိမ်မှ 3 ကြိမ်အထိထိုးရန် လိုပါသည်။
တစ်ယူနစ်လျှင်ကျပ် 7,000 – 10,000 ၀န်းကျင်ကျသင့်မည်ဖြစ်ပြီး လူတစ်ဦးနှင့်တစ်ဦး ယူနစ်လိုအပ်ချက်ကွာခြားနိုင်ပါသည်။
ကြာရှည်ခံမှု
BOTOX ကုသမှုအစပိုင်းတွင် တစ်နှစ်လျှင် 2 ကြိမ်ထိုးရန်လိုအပ်ပါသည်။ နောက်ပိုင်းနှစ်များတွင် တစ်နှစ် တစ်ကြိမ်နှုန်း ထိုးရုံဖြင့်အကျိုးရလဒ်ကို ထိန်းထားနိုင်ပါသည်။
ဆောင်ရန်၊ ရှောင်ရန်အချက်များ
1) BOTOX ထိုးပြီး 4 နာရီအတွင်းလဲလျောင်း၍ မရပါ။ ထိုင်ပြီး တီဗွီကြည့်လို့ရပါသည်။ အပြင်သွားလို့ရပါသည်။
2) 24 နာရီအတွင်း အရက်သောက်ခြင်း၊ လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်လုပ်ခြင်းကို ရှောင်ကြည်ဉ်ရပါမည်။
3) BOTOX ဆေးထိုးထားသောနေရာများကို မဖိနှိပ်ရပါ။ မလိုလားအပ်တဲ့ အခြားနေရာတွေကို ပျံ့သွားနိုင်ပါသည်။
4) သွေးကျဲဆေး၊ အကိုက်အခဲပျောက်ဆေး၊ ဗီတာမင်အီးတို့ သောက်သုံးခြင်းကို ခေတ္တခဏရပ်ထားရပါမည်။
5) မျက်နှာကို ရေနွေးဖြင့်သစ်ခြင်း၊ ပေါင်းတင်ခြင်း Facial နှင့် Laser ကုသမှုတို့ကို နှစ်ပတ်အတွင်း မပြုလုပ်သင့်ပါ။ Botox ဆေး အာနိသင်ကိုလျော့စေပါသည်။
6) မိတ်ကပ်၊ အလှကုန်များကို ပုံမှန်အတိုင်း လိမ်းခြယ်နိုင်ပါသည်။
7) ဘေးထွက်ဆိုးကျိုးများဖြစ်သည်ဟု သံသယရှိပါက ဆေးခန်းသို့ ချက်ချင်းဆက်သွယ်ပါ။
8) Follow-Up ရက်ချိန်း (တစ်ပတ်အကြာ) ကို မဖြစ်မနေလာပြရပါမည်။ လိုအပ်သော touchup injection များပြုလုပ်ရန် ဖြစ်ပါသည်။
(3) Ultra V Lift ဖြင့် မျက်နှာပြုပြင်ခြင်း
ULTRA V LIFT သည်ခွဲစိတ်စရာမလိုဘဲ တင်းရင်းသွယ်လျလှပသော V-Shaped ပုံသဏ္႑ာန်မျက်နှာလေးကို ပိုင်ဆိုင်ရန် PDOချည်မျှင်များကို အသုံးပြုပြီး မျက်နှာကိုပုံသွင်းယူခြင်းဖြစ်ပါသည်။PDO ချည်မျှင်၏အားသာချက်မှာ အသားထဲတွင် ပျော်၀င်နိုင်သဖြင့် ဘေးဥပါဒ်ကင်းပြီး ကိုရီးယားနှင့်ဂျပန်နိုင်ငံများတွင် အထူးခေတ်စားပါသည်။
အသုံး၀င်ပုံများ
- လျော့တွဲနေသော မျက်နှာကို ပြန်လည်ပင့်တင်ပေးပြီး တင်းရင်းနုပျိုစေခြင်း
- သွယ်လျသောမျက်နှာ (V-Shaped FACE) ဖန်တီးပေးနိုင်ခြင်း
- ပါးဖောင်းခြင်းအား သွယ်လျလှပအောင်ပြုပြင်ပေးနိုင်ခြင်း။
အကျိုးအာနိသင်ကို စတင်မြင်တွေ့ရမည့်အချိန်
အကျိုးအာနိသင်ကို ကုသမှုခံယူပြီး နှစ်ပတ်အကြာတွင် စတင်တွေ့မြင်နိုင်ပြီး အကောင်းဆုံးရလဒ်ကို 3 လမှ 4 လ အကြာတွင် မြင်တွေ့ရမှာ ဖြစ်ပါသည်။ 3နှစ်အကြာတွင် ထပ်မံပြုလုပ်သင့်ပါသည်။
ကုသချိန် တစ်နာရီ၀န်းကျင် ကြာမြင့်နိုင်ပြီး လူတစ်ဦးချင်းစီ၏ မျက်နှာအနေအထားပေါ်မူတည်၍ 5 သိန်းမှ 15 သိန်းခန့် ကျသင့်နိုင်ပါသည်။
(4) Therma Facelift ဖြင့် မျက်နှာပြုပြင်ခြင်း
Therma Facelift သည် ခွဲစိတ်စရာမလို၊ နာကျင်မှုမရှိဘဲ နုပျိုခြင်းများကို အချိန်တိုအတွင်း ပြန်လည်ယူဆောင်ပေး နိုင်သောတစ်ခုတည်းသော နည်းလမ်းအဖြစ် US FDA မှ အသိအမှတ်ပြုထားပါသည်။ Mono Polar Radio Frequency ကို အသုံးပြုပြီးအရေပြားအတွင်းပိုင်းရှိ Collagen များကို ပြန်လည်ကျန်းမာအောင် ပြုပြင်ပေးရုံသာမက Collegen အသစ်များကိုပါ ဖြစ်ပေါ်လာစေပါသည်။ ထို့ကြောင့် Therma Facelift သည် အိုမင်းခြင်းလက္ခဏာများဖြစ်သည့် မျက်နှာအရေပြားများတွဲကျ လာခြင်း၊ ပါးရေတွန့်ခြင်း၊ အရေးကြောင်းများဖြစ်ပေါ်လာခြင်းတို့ကို မခွဲမစိတ်ရဘဲ သဘာ၀အတိုင်း ကောင်းမွန်လာစေပြီး သင်၏ နုနယ်ပျိုမြစ်သောအလှအပတရားကို ပြန်လည်ပိုင်ဆိုင်နိုင်ပါသည်။
အသုံး၀င်ပုံများ
- တွဲကျနေသော မျက်နှာနှင့်လည်ပင်းမှ အရေပြားကိုပြန်လည်တင်းရင်းစေခြင်း
- မျက်နှာသွယ်လျအောင်ပုံသွင်းပေးခြင်း
- မျက်လုံးအောက်တွဲကျလာသော အဆီအိတ်နှင့် အရေးကြောင်းများကို သက်သာစေခြင်း။
အကျိုးအာနိသင်ကိုစတင်မြင်တွေ့ရမည့်အချိန်
Therma Facelift သည် ကော်လဂျင်အသစ်များတည်ဆောက်ပေးခြင်းဖြင့် အသားရေကိုပြန်လည် တင်းရင်းနုပျိုစေခြင်း ဖြစ်သည့်အလျောက် ကော်လဂျင်များတည်ဆောက်ရန် လိုအပ်သောအချိန်အတိုင်းအတာ တစ်ခုပေးရပါသည်။ အကျိုးအာနိသင်ကို ကုသမှုခံယူပြီးတစ်လအကြာတွင် စတင်တွေ့မြင်နိုင်ပြီး အကောင်းဆုံးရလဒ်ကို 6 လအကြာတွင် တွေ့မြင်ရမှာဖြစ်ပါသည်။ တစ်လတစ်ကြိမ် သုံးကြိမ်ပြုလုပ်သင့်ပြီး ရလဒ်ကို ထိန်းထားရန်နောက် 1 နှစ်အကြာတွင် ထပ်မံပြုလုပ်သင့်ပါသည်။
ကုသချိန်တစ်နာရီ၀န်းကျင်ကြာမြင့်နိုင်ပြီး ကျပ် 2 သိန်းခန့်ကျသင့်နိုင်ပါသည်။ Package ၀ယ်ပါက 15 % Discount ရှိပါသည်။
ဆောင်ရန်၊ ရှောင်ရန် အချက်များ
- ကုသမှုပြီးလျှင်ပြီးချင်း မျက်နှာနီမြန်းနိုင်ပါသည်။ ပုံမှန်အားဖြင့် နာရီအနည်းငယ်အတွင်း တဖြည်းဖြည်းသက်သာသွား ပါလိမ့်သည်။
- ချေွးထုတ်ခန်းသွားခြင်းနှင့် အပြင်းအထန်လေ့ကျင့်ခန်းပြုလုပ်ခြင်းမျိုး ရှောင်ကြဉ်ပါ။
- Moisturizer နှင့် Sun Cream လိမ်းသင့်ပါသည်။ မိတ်ကပ်လိမ်းနိုင်ပါသည်။
(5) Lipodissolve ဖြင့် မျက်နှာပြုပြင်ခြင်း
Lipodissolve ကုသမှုသည် အဆီပိုများကို ချေဖျက်ပေးနိုင်သည့် ဆေးရည် (Phosphatidylcho-linedeoxycholate) ကို အဆီစုနေသော နေရာများထဲသို့ ထည့်သွင်းခြင်းဖြစ်သည်။ ကြေပျက်သွားသော အဆီပိုများကို ခန္ဓာကိုယ်မှသဘာ၀အလျောက် စွန့်ထုတ်ပေးသွားပြီး အကျိုးအာနိသင်ကို 2 ပတ်မှ 4 ပတ်အတွင်း သိရှိနိုင်ပါသည်။ Lipodissolve ၏ အားသာချက်မှာ သေးငယ်သောနေရာရှိ အဆီပိုများကို တိကျစွာရွေးချယ်ကုသပေးနိုင်ခြင်းဖြစ်ပါသည်။
အသုံး၀င်ပုံများ
- မျက်လုံးအောက်ရှိအဆီပိုများဖယ်ရှားခြင်း
- မေးစေ့နှစ်ထပ်ဖြစ်ခြင်းကို ကုသပေးနိုင်ခြင်း
ကုသချိန် မိနစ် 30 ၀န်းကျင် ကြာမြင့်နိုင်ပြီး ကျပ် 50,000 မှ 100,000 ခန့် ကျသင့်နိုင်ပါသည်။
Package ဈေးနှုန်းမှာ 6 ကြိမ်စာအတွက် 5 ကြိမ်စာ သာ ကျသင့်မည်ဖြစ်ပါသည်။
1. 2. ၀က်ခြံနှင့် ၀က်ခြံအမာရွတ်များ ကုသပေးခြင်း
2. A. ၀က်ခြံများ ကုသပေးခြင်း
၀က်ခြံပေါက်ခြင်းသည် ဟော်မုန်းအပြောင်းအလဲဖြစ်သော အပျို/လူပျိုဘော်၀င်စအရွယ်တွင် အဖြစ်များပြီး Oily Skin Type အဆီပြန်သည့် အသားရေပိုင်ရှင်များတွင် အတွေ့ရများပါသည်။ မျက်နှာတွင် အဖြစ်များပြီး ကျော၊ ရင်ဘတ်၊ လက်မောင်း နှင့်ဦးရေပြားတို့တွင်လည်းဖြစ်နိုင်ပါသည်။ ကုသရန်ခက်ခဲသော အရုပ်ဆိုးသည့် ၀က်ခြံအမာရွတ်များ ကျန်ခဲ့နိုင်သဖြင့် ဆေးမီးတိုများနှင့်မဖြေရှင်းသင့်ပါ။
(1) Acne Facial
Acne Facial သည် အဆီ၊ အညစ်အကြေးများဖြင့် ပိတ်နေသောမွှေးညှင်းပေါက်များအား နက်ရှိုင်းစွာသန့်စင်စေပြီး ၀က်ခြံကိုဖြစ်စေသော P.acnes ဘက်တီးရီးယားများအားသတ်ပေးခြင်းဖြင့် ၀က်ခြံဖြစ်ပွားမှုနှုန်းကိုထိရောက်စွာ ထိန်းသိမ်းပေးနိုင်ပါသည်။ ထို့အပြင် အရေပြား အဆီပြန်ခြင်းများကိုလည်း လျော့နည်းသက်သာစေပါသည်။
ရောင်ရမ်း၀က်ခြံများကို ဆေးထိုးကုသပေးခြင်း၊ Comedome Extraction ပြုလုပ်ပေးခြင်း၊ LED Light Therapy ဖြင့် ကုသပေးခြင်းနှင့် လိုအပ်သောလိမ်းဆေးများဖြင့်ပါ တွဲဖက်ကုသပေးသဖြင့် ၀က်ခြံအဖြစ်များသူများ ပုံမှန်ပြုလုပ်သင့်သော ကုသမှုတစ်ခုဖြစ်ပါသည်။
တစ်ပတ်လျှင် တစ်ကြိမ်နှုန်းဖြင့် ကုသမှုခံယူသင့်ပြီး ကုသချိန်မှာ မိနစ် 30 ၀န်းကျင်သာ ကြာမြင့်မည်ဖြစ်ပါသည်။ တစ်ကြိမ်လျှင် 31,000 ကျပ်နှင့် Package ဈေးနှုန်းမှာ6 ကြိမ်စာအတွက် 155,000 ကျပ်(5 ကြိမ်စာ) သာ ကျသင့်မည် ဖြစ်ပါသည်။
(2) Photo Shower By IPL
Wavelengths မတူညီသော Pulsed Light (အလင်းလှိုင်းများ) ကို အသုံးပြု၍၀က်ခြံဖြစ်စေသော P.Acnes ဘက်တီးရီးယားပိုးအား သတ်ပေးပြီး တစ်ချိန်တည်းမှာပင် အဆီထွက်လွန်ကဲနေသော အဆီ Glands များအား ထိန်းချုပ်ပေးပါသည်။ ထို့ကြောင့် ရောင်ရမ်းနီမြန်းနေသော ၀က်ခြံများကုသရန်အတွက် အထူးသင့်လျော်ပါသည်။
အကျိုးအာနိသင်ကို စတင်မြင်တွေ့ရမည့်အချိန်
နှစ်ပတ်တစ်ကြိမ်နှုန်းဖြင့် 3 ကြိမ်မှ 6 ကြိမ်ထိ ပြုလုပ်သင့်ပါသည်။ ကုသချိန် မိနစ် 30 သာ ကြာမြင့်မည်ဖြစ်ပြီး တစ်ကြိမ်ပြုလုပ်ပြီးတိုင်း အသားအရေပိုမိုကောင်းမွန်လာခြင်းတို့ကို သိရှိခံစားရမည် ဖြစ်ပါသည်။
၀က်ခြံအနည်းအများပေါ်မူတည်၍ တစ်ကြိမ်လျှင် 60,000 ကျပ်မှ 120,000 ကျပ်အတွင်း ကျသင့်မည်ဖြစ်ပါသည်။ Package ၀ယ်ပါက 15 % Discount ရှိပါသည်။
ဆောင်ရန်၊ ရှောင်ရန် အချက်များ
- နေပူရှောင်စရာမလိုပါ။
- တစ်နေ့တာလုပ်ငန်းများကို ပုံမှန်အတိုင်း ဆက်လက်လုပ်ဆောင်နိုင်ပါသည်။
- အသုံးပြုနေကျ မိတ်ကပ်နှင့် Skin Care အလှကုန်များကို ပုံမှန်အတိုင်းလိမ်းခြယ်နိုင်ပါသည်။ Moisturizer နှင့် မျက်နှာကို အစိုဓာတ်သွင်းပေးပါ။
(3) Chemical Peeling
Clinique de SKIN တွင် ပြုလုပ်ပေးသော Chemical Peeling များသည် Medical Grade Peeling ဖြစ်သည့်အတွက် ပိုမိုထိရောက်မှုရှိပြီး ဘေးထွက်ဆိုးကျိုးများမရှိပါ။ မွှေးညှင်းပေါက်များအတွင်းရှိ ဆဲလ်အသေများ၊ အဆီအညစ်အကြေးများကို သန့်စင်ဖယ်ရှားပေးသောကြောင့် ဆား၀က်ခြံများ၊ ၀က်ခြံပုန်းများကို ထိရောက်စွာကုသပေးနိုင်ပါသည်။ ထို့အပြင် ရောင်ရမ်း၀က်ခြံများနှင့် အဆီပြန်ခြင်းတို့ကိုလည်း သက်သာပျောက်ကင်းစေနိုင်ပါသည်။
နှစ်ပတ်လျှင်တစ်ကြိမ်နှုန်းဖြင့်ကုသမှုခံယူသင့်ပြီးကုသချိန်မှာမိနစ် 30 ၀န်းကျင်သာ ကြာမြင့်မည်ဖြစ်ပါသည်။ တစ်ကြိမ်လျှင် 30,000 ကျပ်၀န်းကျင််နှင့် Package ဈေးနှုန်းမှာ 6 ကြိမ်စာအတွက် 5 ကြိမ်စာသာ ကျသင့်မည် ဖြစ်ပါသည်။
(4) Aqua Clear Hydrabrasion
Aqua Clear Hydrabrasion သည် Diamond Tip ကို အသုံးပြုပြီး ဆဲလ်အသေများကို စုပ်ယူဖယ်ရှားပေးသည့်အပြင် ရေနှင့်အောက်ဆီဂျင်ကို အရေပြားချေွးပေါက်များထဲအထိ ပို့ဆောင်ပြီး သန့်စင်ပေးခြင်းဖြင့် ဆား၀က်ခြံများ၊ ၀က်ခြံပုန်းများကို သက်သာပျောက်ကင်းစေပါသည်။
ထို့အပြင် ဆဲလ်သစ်များ ဖြစ်ပေါ်မှုကိုအားပေးခြင်းကြောင့် အသားရေကို ကြည်လင်ချောမွတ်စေသည့်အပြင် Collagen, Elastin ဖိုင်ဘာအမျှင်များကို တိုးပွားစေနိုင်သည့် အတွက် ချေွးပေါက်ကျဉ်းစေပြီး အမာရွတ်ချိုင့်ခွက်များကို ပြန်လည်ဖြည့်တင်းပါသည်။
နှစ်ပတ်လျှင်တစ်ကြိမ်နှုန်းဖြင့်ကုသမှုခံယူသင့်ပြီးကုသချိန်မှာမိနစ် 30 ၀န်းကျင်သာ ကြာမြင့်မည်ဖြစ်ပါသည်။ တစ်ကြိမ်လျှင်30,000 ကျပ်၀န်းကျင် နှင့် Package ဈေးနှုန်းမှာ 6 ကြိမ်စာ အတွက် 5 ကြိမ်စာသာ ကျသင့်မည် ဖြစ်ပါသည်။
2.B. ၀က်ခြံအမာရွတ်များကုသပေးခြင်း
၀က်ခြံများကို မှန်ကန်စွာကုသမှုမခံယူခဲ့ပါက ၀က်ခြံအမာရွတ်ချိုင့်ခွက်များ၊ အသားရေ မညီညာခြင်းများဖြစ်နိုင်ပါသည်။ ၀က်ခြံအမာရွတ်များမှာ ပုံသဏ္႑ာန်အမျိုးမျိုးရှိနိုင်ပါသဖြင့် ၀က်ခြံအမာရွတ် အမျိ်ုးအစားများပေါ်မူတည်၍ ကုသမှုနည်းလမ်းများ ကွဲပြားနိုင်ပါသည်။
(1) CO2 Fractional Laser Resurfacing
CO2 Fractional Laser Resurfacing သည် နောက်ဆုံးပေါ် လေဆာနည်းပညာကိုအသုံးပြု၍ ၀က်ခြံအမာရွတ်များတွင်ရှိသော ပုံသဏ္႑ာန်မမှန်သော Cell များအား ဖျက်ဆီးဖယ်ရှားပြီး ကောင်းမွန်သော အရေပြားသစ်ပြန်လည် ဖြစ်ပေါ်လာစေပါသည်။ ထို့ကြောင့် ဆိုးရွားသော၀က်ခြံအမာရွတ်များအား ကုသရာတွင် ရှေးယခင်နည်းလမ်းများနှင့် နှိုင်းယှဉ်ပါက ဘေးထွက်ဆိုးကျိုးနည်းပြီး ထိရောက်မှုအရှိဆုံး နည်းလမ်းတစ်ခုဖြစ်ပါသည်။
6 ပတ်လျှင်တစ်ကြိမ်ကုသမှုခံယူသင့်ပြီးကုသချိန်မှာ 45 မိနစ် ၀န်းကျင်သာကြာမြင့်မည်ဖြစ်ပါသည်။ ၀က်ခြံအမာရွတ် အနေအထားပေါ်မူတည်၍တစ်ကြိမ်လျှင် 100,000 ကျပ်မှ 150,000 ကျပ်အတွင်း ကျသင့်မည်ဖြစ်ပြီး 6 ကြိမ်ပြုလုပ်မည်ဆိုပါက 5 ကြိမ်စာသာ ကျသင့်မည် ဖြစ်ပါသည်။
CO2 Fractional Laser Resurfacing ဖြင့် ကုသမှုခံယူပြီးပါက တစ်ပတ်အထိ နေရောင်နှင့် အညှော်ရှောင်ရန်လိုအပ်ပါသည်။
(2) Chemical Peeling/Aqua Clear Hydrabrasion
Chemical Peeling နှင့် Aqua Clear Hydrabrasion သည် ၀က်ခြံကြောင့်ဖြစ်ပေါ်လာသော အမဲစက်များနှင့် အပေါ်ယံ ၀က်ခြံအမာရွတ်များ (Superfical Acne Scars) များကို ကုသရာတွင် အသုံးပြုပါသည်။
Chemical Peeling/Aqua Clear Hydrabrasion ကို နှစ်ပတ်လျှင် တစ်ကြိမ်နှုန်း ပြုလုပ်သင့်ပြီးကုသချိန်မှာမိနစ် 30 ၀န်းကျင်သာကြာမြင့်မည်ဖြစ်ပါသည်။ တစ်ကြိမ်လျှင် 30,000 ကျပ်၀န်းကျင်နှင့် Package ဈေးနှုန်းမှာ 6 ကြိမ်စာအတွက််(5 ကြိမ်စာ) သာ ကျသင့်မည်ဖြစ်ပါသည်။
အခြားနည်းလမ်းများမှာ-
(3) TCA CROSS
(4) Medical Injection
(5) Filler Injection
(6) Scar Revision
(7) Subcision တို့ဖြစ်ပါသည်။
3.တင်းတိပ်၊ မှဲ့ခြောက်နှင့် နေလောင်ကွက်များကို ကုသပေးခြင်း
နေရောင်ခြည်နှင့်ထိတွေ့မှုများခြင်းကြောင့်ပုံမှန်မဟုတ်သည့်မယ်လနင်အစုအေ၀းများ (abnormal melanin deposition) ဖြစ်ပေါ်လာပြီး အမဲရောင်တင်းတိပ်ကွက်များဖြစ်လာခြင်းဖြစ်ပါသည်။ မျိုးရိုးဗီဇ၊ သွေးသားဟိုမုန်းပြောင်းလဲခြင်းတို့နှင့်လည်း ဆက်စပ်မှုရှိနိုင်ပါသည်။ တင်းတိပ်ကို လုံး၀ပျောက်ကင်းအောင် ကုသရန်ခက်ခဲသော်လည်း 50-70% ထိ လျော့ပါးသက်သာအောင် ကုသနိုင်ပါသည်။
(1) Melasma Facial
Melasma Facial သည် Ionto Dermal Delivery System ကို အသုံးပြုထားပြီး အရည်အသွေးမြင့် 10% ဗီတာမင်ကို အရေပြားအတွင်းစိမ့်၀င်စေခြင်းဖြင့် အသားအရေကို ဖြူစင်၀င်းပစေပြီး နေရောင်ခြည်ဒဏ်ကြောင့် ပျက်စီးသွားသောအသား အရေကိုပြန်လည် ကုသပေးနိုင်ပါသည်။ ထို့အပြင် ဘေးထွက်ဆိုးကျိုးကင်းပြီး စွမ်းအားမြင့် Whitening Agents များဖြစ်သည့် Arbutin, Trasexamic acid, Retinol တို့ကို ပေါင်းစပ် အသုံးပြုထားသဖြင့် ကောင်းမွန်သောရလဒ်ကို အချိန်တိုအတွင်း တွေ့မြင်နိုင်ပါသည်။
ကုသချိန်မိနစ် 40 ခန့် ကြာမြင့်နိုင်ပြီးတစ်ကြိမ်လျှင် 30,000 ကျပ်၀န်းကျင် ကျသင့်နိုင်ပါသည်။ Package ဈေးနှုန်းမှာ 6 ကြိမ်စာအတွက််(5 ကြိမ်စာ) သာကျသင့်မည်ဖြစ်ပါသည်။
(2) Color Toning By IPL
Pulsed Light (အလင်းလှိုင်းများ) စွမ်းအင်များကို အသုံးပြု၍ အသားအရောင်ညိုမဲစေသော မယ်လနင် အစုအေ၀းများကို ဖျက်စီးပေးပြီး အသားရောင်ကို ပြန်လည်ညီညာအောင်ပြုလုပ်ပေးခြင်းဖြစ်ပါသည်။
အကျိုးအာနိသင်ကို စတင်မြင်တွေ့ရမည့်အချိန်
နှစ်ပတ်တစ်ကြိမ်နှုန်းဖြင့် 3 ကြိမ်မှ 6 ကြိမ်ထိ ပြုလုပ်သင့်ပါသည်။ ကုသချိန် မိနစ် 30 သာ ကြာမြင့်မည်ဖြစ်ပြီး တစ်ကြိမ်ပြုလုပ်ပြီးတိုင်း မိတ်ကပ်လိမ်းရာတွင် ပိုမိုအဆင်ပြေလာခြင်း၊ တင်းတိပ်နှင့် မှဲ့ခြောက်များ ပါးလာခြင်း၊ အသားအရေပိုမိုကောင်းမွန်လာခြင်းတို့ကို သိရှိခံစားရမည် ဖြစ်ပါသည်။
တင်းတိပ်၊ မှဲ့ခြောက်၊ နေလောင်ကွက် အနည်းအများပေါ်မူတည်၍ တစ်ကြိမ်လျှင် 60,000 ကျပ်မှ 120,000 ကျပ်အတွင်း ကျသင့်မည်ဖြစ်ပါသည်။ Package ၀ယ်ပါက 15 % Discount ရှိပါသည်။
ဆောင်ရန်၊ ရှောင်ရန် အချက်များ
- နေပူရှောင်စရာမလိုပါ။
- တစ်နေ့တာလုပ်ငန်းများကို ပုံမှန်အတိုင်း ဆက်လက်လုပ်ဆောင်နိုင်ပါသည်။
- အသုံးပြုနေကျ မိတ်ကပ်နှင့် Skin Care အလှကုန်များကို ပုံမှန်အတိုင်းလိမ်းခြယ်နိုင်ပါသည်။ Moisturizer နှင့် မျက်နှာကို အစိုဓာတ်သွင်းပေးပါ။
(3) Laser Peeling By CO2
Laser စွမ်းအင်ကိုအသုံးပြု၍ အပေါ်ယံအရေပြားတွင်ရှိသော တင်းတိပ်များအား လျော့ပါးစေပြီး အသားရောင်ကိုညီညာ ချောမွတ်စေပါသည်။ Epidermal Type တင်းတိပ်အမျိုးအစားများအတွက် သင့်တော်သော ကုသမှုတစ်ခုဖြစ်ပါသည်။
ကုသချိန်တစ်နာရီခန့်ကြာမြင့်နိုင်ပြီးတစ်ကြိမ်လျှင်60,000 – 100,000 ကျပ်၀န်းကျင် ကျသင့်နိုင်ပါသည်။ Package ၀ယ်ပါက 15 % Discount ရှိပါသည်။
(4) Chemical Peeling / Aqua Clear Hydrabrasion
Medical Grade Chemical Peels နှင့် Hydrabrasion နည်းပညာများကိုအသုံးပြုပြီး အရေပြားအပေါ်ယံရှိ Cell အသေများနှင့် Melanin များကို ဖယ်ရှားပေးခြင်းဖြင့် အပေါ်ယံ တင်းတိပ်အမျိုးအစားများအား သက်သာပျောက်ကင်းစေပါသည်။
Chemical Peeling / Aqua Clear Hydrabrasion ကို နှစ်ပတ်လျှင်တစ်ကြိမ်နှုန်း ပြုလုပ်သင့်ပြီး ကုသချိန်မှာမိနစ် 30 ၀န်းကျင်သာကြာမြင့်မည်ဖြစ်ပါသည်။တစ်ကြိမ်လျှင် 30,000 ကျပ်၀န်းကျင် နှင့် Package ဈေးနှုန်းမှာ 6 ကြိမ်စာအတွက်(5 ကြိမ်စာ) သာကျသင့်မည်ဖြစ်ပါသည်။
4. မလိုလားအပ်သော အမွှေးအမျှင်များဖယ်ရှားခြင်း ( ချိုင်းမွှေး၊ ခြေသလုံးမွှေး စသည်)
ခန္ဓာကိုယ်ရှိမလိုလားအပ်သော အမွှေးအမျှင်များကို Advanced Technology IPL နည်းပညာဖြင့် မျက်နှာ၊ ချိုင်းနှင့် ခြေသလုံးရှိ မလိုလားအပ်သောအမွှေးအမျှင်များကို ထာ၀ရဖယ်ရှားပေးပါသည်။
6 ပတ်လျှင်တစ်ကြိမ်နှုန်းဖြင့် 6 ကြိမ် ပြုလုပ်သင့်ပါသည်။ တစ်ကြိမ်လျှင်မိနစ် 30 ခန့်ကြာမြင့်နိုင်ပြီး 60,000 ကျပ် မှ ၂၀၀,၀၀၀ ကျပ် ၀န်းကျင်ကျသင့်မည်ဖြစ်ပါသည်။ Package ဈေးနှုန်းမှာ 6 ကြိမ်အတွက် 5 ကြိမ်စာသာ ပေးသွင်းရန်လိုအပ်ပါသည်။
5. မိမိသွေးရည်ကြည်ဖြင့် နုပျိုလှပအောင်ကုသခြင်း (Immunotherapy)
Immunotherapy သည် ခန္ဓာကိုယ်ထဲတွင်ရှိသော သွေးရည်ကြည်ထဲမှာ Stem cell နှင့် Growth factor များကို အသုံးပြု၍ အရေပြားဆဲသစ်များကို ပြန်လည်ရှင်သန်ပွားများစေသော နည်းလမ်းဖြစ်ပါသည်။
အကျိုးအာနိသင်
- အသားရေကို ကြည်လင်၀င်းပစေခြင်း
- အသားရေကိုငယ်ရွယ်နုပျိုစေခြင်း
- အရေးကြောင်းငယ်များကို သက်သာပျောက်ကင်းစေခြင်း
- ၀က်ခြံအမာရွတ်အမျိုးမျိုးကို ကုသပေးခြင်း
၀က်ခြံအမာရွတ်များအတွက် Laser နှင့်တွဲသုံးလျှင် အကျိုးအာနိသင်ပိုကောင်းပါသည်။ Immunotherapy ဖြင့် ကုသလျှင် ကုသချိန် 45 မိနစ် ၀န်းကျင်ကြာမြင့်နိုင်ပြီး 50,000 ကျပ်၀န်းကျင် ကျသင့်မည်ဖြစ်ပါသည်။ ယေဘုယျအားဖြင့် 6 ကြိမ်ခန့်ပြု လုပ်ပေးသင့်ပါသည်။
6. ကိုယ်အလေးချိန်လျှော့ချခြင်းနှင့် အဆီပိုများကို ဖယ်ရှားခြင်း
ကျစ်လျစ်သွယ်လျသော ကိုယ်ခန္ဓာအချိုးအဆကို ပိုင်ဆိုင်ရန်အတွက် လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ခြင်း (Regularexercise) နှင့် အစားအသောက်စနစ်တကျစားသုံးခြင်း (Dieting) တို့သည် အဓိက သော့ချက်များဖြစ်ကြသည်။ သို့သော် ဖယ်ရှားရန် ခက်ခဲသောအဆီပိုများအတွက် ခေတ်မှီနည်းပညာ အကူအညီများကို အသုံးပြုရန် လိုအပ်ပါသည်။
လူတစ်ယောက်နှင့်တစ်ယောက်အသုံးပြုရမည့် အဆီဖယ်ရှားခြင်းနည်းလမ်းမတူညီနိုင်ပါ။
(1) Ultrasound cavitation (Liposonix)
အလွန်သက်တောင့်သက်သာရှိသော ကုသနည်းဖြစ်သည်။ Ultrasound အသံလှိုင်း များ၏တုန်ခါမှုစွမ်းအင်ကို အသုံးပြုပြီး အဆီများကို ပျော်စေခြင်းဖြစ်ပါသည်။ ကုသချိန် တစ်နာရီခန့် ကြာမြင့်နိုင်သည်။ တစ်ကြိမ် လျှင် 50,000 ကျပ်၀န်းကျင် ကျသင့်ပြီး အဆီပြင်အနေအထားအလိုက် အနည်းဆုံး ၆ ကြိမ်ပြုလုပ်ရုံဖြင့် သိသာပါသည်။ အကျိုးအာနိသင်ကို ကုသမှုခံယူပြီး တစ်လအကြာတွင် စတင်တွေ့မြင်နိုင်ပြီး အကောင်းဆုံးရလဒ်ကို 3 လ အကြာတွင် တွေ့မြင်ရမှာဖြစ်ပါသည်။
(2) Radio Frequency (Thermage)
ရေဒီယိုအသံလှိုင်းများကို အသုံးပြု၍ အရေပြားအောက်ရှိမလိုချင်သော အဆီပိုများကို အပူပေးပြီး အရည်ပျော်စေခြင်းဖြစ်သည်။ ဤကုထုံး၏ အားသာချက်မှာကုသမှုခံယူထားသော နေရာများမှ အရေပြားကို ကျစ်လစ်တင်းရင်းစေခြင်းဖြစ်သည်။ ကုသချိန် တစ်နာရီခန့်ကြာမြင့်နိုင်ပါသည်။ တစ်ကြိမ်လျှင် 50,000 ကျပ်၀န်းကျင်ကျသင့်ပြီးအဆီပြင်အနေအထားအလိုက်အနည်းဆုံး ၆ ကြိမ်ပြုလုပ်ရုံဖြင့်သိသာပါသည်။ အကျိုးအာနိသင်ကို ကုသမှုခံယူပြီးတစ်လအကြာတွင် စတင်တွေ့မြင်နိုင်ပြီး အကောင်းဆုံးရလဒ်ကို 3 လ အကြာတွင် တွေ့မြင်ရမှာဖြစ်ပါသည်။
(3) Cool Sculpting (cryolypolysis)
အအေးလှိုင်းကို အသုံးပြုပြီး အဆီဆဲလ် (Adipocyte) များကို အေးခဲစေခြင်းဖြင့် မလိုလား အပ်သော အဆီပိုများကိုချေဖျက်ပေးခြင်းဖြစ်သည်။ Vacuum therapy နှင့် ပေါင်းစပ်ပေးထားသဖြင့် Lymphatic drainage ပြန်ရည်သွေးလည်ပတ်မှုကို ကောင်းစေသော ခန္ဓာကိုယ်မှအဆီပိုများကို အလွယ်တကူစွန့်ထုတ်နိုင်အောင် ကူညီပေးပါသည်။ ကုသချိန် တစ်နာရီခန့်ကြာမြင့်နိုင်ပါသည်။ တစ်ကြိမ်လျှင် 100,000 ကျပ် ၀န်းကျင်ကျသင့်ပြီး တစ်လလျှင် တစ်ကြိမ်နှုန်းဖြင့် ကုသမှုခံယူရပါမည်။
အကျိုးအာနိသင်ကို ကုသမှုခံယူပြီးတစ်လအကြာတွင် စတင်တွေ့မြင်နိုင်ပြီး အကောင်းဆုံးရလဒ်ကို 3 လ အကြာတွင် တွေ့မြင်ရမှာဖြစ်ပါသည်။
(4) Lipodissolve
ဤကုသမှုသည် အဆီပိုများကို ချေဖျက်ပေးနိုင်သည့်ဆေးရည် (Phosphatidylcholine deoxycholate) ကို အဆီစုနေ သောနေရာများထဲသို့ ထည့်သွင်းခြင်းဖြစ်သည်။ အဆီအနေအထားပေါ် မူတည်၍ တစ်ကြိမ်လျှင် 70,000 (သို့) 140,000 ကျပ် ကျသင့်နိုင်ပါသည်။ တစ်လလျှင် တစ်ကြိမ်သာ ကုသမှုခံယူရန်လိုအပ်ပြီး ရလဒ်ကောင်းများကို 2 ပတ်မှ 4 ပတ်အတွင်း မြင်တွေ့ရမည်ဖြစ်ပါသည်။
ဆောင်ရန်၊ ရှောင်ရန်အချက်များ
ကုသမှုခံယူထားသော နေရာတွင် တင်းကျပ်သော အ၀တ်မ၀တ်ရ၊ ထိုသို့၀တ်ဆင်ခြင်းဖြင့် သွေးခြေဥ တတ်သည်။ မည်သည့် အဆီချသည့် နည်းပညာကို ရွေးသည်ဖြစ်စေ လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ခြင်း၊ အစားအသောက် စနစ်တကျစားသုံးခြင်းသည် အရေးပါဆဲပင်ဖြစ်ပါသည်။
7. ခြေသလုံးသားလှပအောင်ပြုပြင်ပေးခြင်း
Botox ကို မျက်နှာသွယ်လျရန်အတွက်တင်မဟုတ်ဘဲ ခြေသလုံးကြွက်သားကြီးသူများအတွက်ပါ အသုံးပြုနိုင်ပါသည်။ ကြွက်သားအကြီးအသေးအနေအထားပေါ် မူတည်၍ Botox ဆေးပမာဏကို ချိန်ညှိပြီး ခြေသလုံးသားလှပသွယ်လျအောင် ပြုလုပ်ပေးနိုင်ပါသည်။
Botox တစ်ယူနစ်လျှင် 7,000 – 10,000 ကျပ်၀န်းကျင်ရှိပြီး ယူနစ် 100 မှ 200 ခန်. လိုအပ်နိုင်ပါသည်။ 6 လလျှင် တစ်ကြိမ်ပြုလုပ်ရန် လိုအပ်နိုင်ပါသည်။
8. ချိုင်းချေွးထွက်သက်သာစေရန်ကုသပေးခြင်း
ချိုင်းချေွးအထွက်များပြီး ချေွးနံ့ပြင်းခြင်းအတွက် Botox ထိုး၍ ကုသနိုင်ပါသည်။
Botox တစ်ယူနစ်လျှင် 7,000 – 10,000 ကျပ်၀န်းကျင်ရှိပြီးယူနစ် 50 မှ 100 ခန်. လိုအပ်နိုင်ပါသည်။ 6 လလျှင်တစ်ကြိမ်ပြုလုပ်ရန် လိုအပ်နိုင်ပါသည်။
9. အကြောပြတ်ရာများကို ကုသပေးခြင်း
နောက်ဆုံးပေါ် Laser နည်းပညာဖြင့် အကြောင်းအမျိုးမျိုးကြောင့် ကော်လဂျင် တစ်သျှူးများပျက်စီးပြီး ကျန်ရစ်ခဲ့သော အကြောပြတ်ရာများကို 80% အထိ လျော့ပါးပျောက်ကွယ်သွားအောင် ကုသနိုင်ပါသည်။ ဖြစ်ခဲ့သည့် အချိန်ကာလကြာမြင့်မှုအလိုက် ကုသမှုခံယူရာတွင် စိတ်ရှည်မှုရှိရန် လိုအပ်ပါသည်။
တစ်ကြိမ်လျှင် ၆၀၀၀၀ မှ ၂၀၀၀၀၀ ကျပ် ၀န်းကျင်ကျသင့်နိုင်ပြီး ၁ လ လျှင် ၁ ကြိမ်ကုသမှုခံယူသင့်ပါသည်။ ၆ အကြာတွင် အကောင်းဆုံးအကျိုးရလဒ်ကို စတင်တွေ့ရှိနိုင်မည်ဖြစ်ပါသည်။
10. အရောင်စုံတက်တူးများကို နောက်ဆုံးပေါ်လေဆာစက်ဖြင့် ဖယ်ရှားပေးခြင်း
Q- switched NdYag Laser နည်းပညာကို အသုံးပြုထားသောကြောင့် မှင်များအား အလွန်သေးငယ်သော Partical များ အဖြစ်သို့ ပြောင်းလဲလိုက်ပြီးမလိုချင်တော့သော တက်တူးများကို လျှင်မြန်ထိရောက်စွာဖယ်ရှားပေးပါသည်။ USA မှ Dermatologists များကိုယ်တိုင် အသိအမှတ်ပြုထောက်ခံထားသော Spectra လေဆာစက်များကိုအသုံးပြုသည့်အတွက် ထိရောက်မှုတွင် အခြားစက်များထက်သာလွန်ကောင်းမွန်ပါသည်။
ဈေးနှုန်းအနေဖြင့် တစ်လက်မ၀န်းကျင်ကို 60,000 ကျပ်ခန့် ကျသင့်နိုင်ပြီး ကာလာအရောင်၊ ဆိုက်အကြီးအသေးပေါ်မူတည်ပြီး ၂ သိန်း၊ ၃ သိန်းထိဖြစ်နိုင်ပါသည်။
11. အသားအရေအစဉ်အမြဲ ကောင်းမွန်စေရန် ကုသပေးခြင်း
မိမိတို့၏ အသားအရေကို ပုံမှန်ထိန်းသိမ်းစောင့်ရှောက်လိုသူများအတွက် အသက်အရွယ်နှင့် အရေပြားအမျိုးအစား အလိုက် တစ်ပတ်တစ်ခါ ပုံမှန်ပြုလုပ်သွားနိုင်သော ကုထုံးများလဲရှိပါသည်။
(1) မကြာခဏ အသားအရေ နီမြန်းတတ်သူများ (Sensitive Skin) အတွက် - De-Sensitizer Facial
(2) အဆီပြန်၍ ၀က်ခြံထွက်လွယ်သူများအတွက် - Oil Control & Pore Refining Facial
(3) Baby Face ကဲ့သို့ ဖြူဖွေးကြည်လင်ပြီး ချောမွတ်လှပသော အသားအရေကို ပိုင်ဆိုင်လိုသူများအတွက်
- Vitamin C Facial
(4) အသက် (၃၀)နှင့်အထက် အသားအရေ နုပျိုတင်းရင်းမှုကို ထိန်းသိမ်းလိုသူများအတွက်
- High Potency Apple Extract (Non-embryonic stem cell) ဖြင့် အရေပြားဆဲလ်သစ်များ တည်ဆောက်မှုကို အားပေးသည့် Stem Cell Ant-Aging Facial
- သမားရိုးကျရွှေသွင်းကုသခြင်းထက် အဆ 20 ခန့် ပိုမိုထိရောက်သော Gold Detox Anti Aging Facial
Anti-Aging ကုထုံးနှစ်ခုမှလွဲ၍ ကျန်ကုထုံးများမှာ ကုသချိန် မိနစ် 40 ၀န်းကျင်သာ ကြာမြင့်မည်ဖြစ်ပြီး တစ်ကြိမ်လျှင်၃သောင်းကျပ် ၀န်းကျင်ကျသင့်ပါသည်။ ကုထုံးတစ်ခုချင်းစီအတွက် Package ဈေးနှုန်းမှာ 6 ကြိမ်စာအတွက်် 5 ကြိမ်စာသာ ကျသင့်မည်ဖြစ်ပါသည်။
Anti-Aging ကုထုံးနှစ်ခုမှာ ကုသချိန် 1 နာရီ၀န်းကျင်ကြာမြင့်မည်ဖြစ်ပြီး တစ်ကြိမ်အတွက် ၅၀၀၀၀ ကျပ် ၀န်းကျင်ကျသင့်ပါသည်။ Package ဈေးနှုန်းမှာ 6 ကြိမ်စာအတွက်5 ကြိမ်စာသာ ကျသင့်ပါမည်။
12. ဦးရေပြားနှင့် ဆံကေသာ အလှအပအတွက် ကုသပေးခြင်း
ဆံပင်ကျွတ်ခြင်း၊ ဆံပင်ပါးခြင်းဟာ လူတော်တော်များများအတွက် ကြီးမားသော ပြဿနာတစ်ရပ်ဖြစ်ပါသည်။ အထူးသဖြင့် အမျိုးသားအများစုတွင် ထိပ်ပြောင်ခြင်း၊ ထိပ်ကွက်ခြင်းတို့ကြောင့် များစွာစိတ်အနှောင့်အယှက်ဖြစ်ရပါသည်။ ဆံပင်ကျွတ်ရခြင်း အကြောင်းအရင်းအများအပြားရှိသဖြင့် သောက်ဆေး၊ လိမ်းဆေး၊ Low Level Laser ဖြင့် ကုသခြင်း၊ PRP Meso Hair နည်းပညာများဖြင့်ကုသခြင်း အစရှိသည်ဖြင့် ကုသမှုပုံစံအမျိုးမျိုးရှိပါသည်။
(1) Hair Laser Tratment
Low Level Laser Therapy ကို အသုံးပြုပြီး ဦးရေပြားအတွင်းရှိ သွေးလည်ပတ်မှုကို ကောင်းစေသည့်အပြင် ကျန်းမာသန်စွမ်းသော cell အသစ်များဖြစ်ပေါ်ခြင်းကို အာပေးသည့်အတွက် ဆံပင်ကျွတ်ခြင်းအားကုသရာတွင် လွန်စွာထိရောက်သည့်နည်း ဖြစ်ပါသည်။ နာကျင်မှုနှင့် ဘေးထွက်ဆိုးကျိုးလုံး၀မရှိပါ။ တစ်ပတ်လျှင် နှစ်ကြိမ်မှ သုံးကြိမ်နှုန်းဖြင့် 16-24 ပတ်ထိ ဆက်တိုက်ပြုလုပ်ခြင်းဖြင့် အကောင်းမွန်ဆုံးရလဒ်ကို ရရှိနိုင်ပါသည်။ မျိုးရိုးဗီဇကြောင့်ဖြစ်သော ဆံပင်ကျွတ်ခြင်းများတွင် ထိရောက်မှုအလွန်ကောင်းပါသည်။
(2) PRP (Highly Recommended)
PRP ထိုးခြင်းသည် မိမိခန္ဓာကိုယ်ထဲရှိ သွေးရည်ကြည်ထဲမှ Stem Cell နှင့် Growth Factor များကို အသုံးပြု၍ဆံပင်အသစ်ဖြစ်စေသော Cell များကိုပြန်လည်ရှင်သန်ပွားများစေသော နည်းလမ်းဖြစ်ပါသည်။ ထို့ကြောင့် PRP ထိုးခြင်းဖြင့် ကျန်းမာသန်စွမ်းပြီး ထူထဲသောဆံပင်များကို သဘာ၀အတိုင်း ပြန်လည်ပိုင်ဆိုင်နိုင်ပါသည်။ တစ်လတစ်ကြိမ်ဖြင့် အနည်းဆုံး ခြောက်ကြိမ်မှ ရှစ်ကြိမ်အထိထိုးရန်လိုအပ်ပါသည်။ အကျိုးအာနိသင်ကို 2 လမှ 4 လအတွင်း တွေ့ရှိနိုင်ပါသည်။ ကုသချိန် 1 နာရီ၀န်းကျင်ကြာမြင့်ပြီး 70,000 ကျပ်၀န်းကျင် ကျသင့်ပါမည်။ Package နှုန်းထားမှာ 6 ကြိမ်အတွက်5 ကြိမ်စာသာ ပေးသွင်းရမည် ဖြစ်ပါသည်။
(3) Meso Hair Injection
ဆံပင်အသစ်များဖြစ်ပေါ်ရန် မရှိမဖြစ်လိုအပ်သော အာဟာရများနှင့် ဗီတာမင်ဓာတ်များ (Nutrients & Vitamins) ကို ဆံပင်အရင်းအမြစ်များထံသို့ တိုက်ရိုက်ထိုးသွင်းစိမ့်၀င်စေခြင်းဖြစ်ပါသည်။ ထို့ကြောင့် ဆံပင်အရင်းအမြစ်များကို ခိုင်မာစေပြီး ဆံပင်ကျွတ်ခြင်းအား တားဆီးပေးသည့်အပြင် ဆံသားအသစ်ဖြစ်ပေါ်ခြင်းကိုလည်း အားပေးပါသည်။ တစ်လတစ်ကြိမ်ဖြင့် အနည်းဆုံး 6 ကြိမ်မှ 8 ကြိမ်ခန့် အထိ ထိုးရန်လိုအပ်ပါသည်။ အကျိုးအာနိသင်ကို 2 လမှ 4 လအတွင်း တွေ့ရှိနိုင်ပါသည်။ အခြားသော သောက်ဆေး၊ လိမ်းဆေးများနှင့် တွဲဖက်အသုံးပြုပါက ပိုမိုထိရောက်နိုင်ပါသည်။ ကုသချိန် 1 နာရီိ၀န်းကျင်ကြာမြင့် မည်ဖြစ်ပြီး တစ်ကြိမ်လျှင် 70,000 ကျပ် ၀န်းကျင် ကျသင့်ပါမည်။ Package နှုန်းထားမှာ 6 ကြိမ်အတွက် 5 ကြိမ်စာသာ ပေးသွင်းရမည် ဖြစ်ပါသည်။
13. အသေးစားခွဲစိတ်ပြုပြင်ခြင်း
- မျက်ရစ်ဖော်၊ မျက်ရစ်ပြုပြင်ပေးခြင်း။
- မှဲ့၊ အသားပို၊ အဆီကျိတ်များ ဖယ်ရှားခြင်း။
- အမာရွတ်အမျိုးမျိုးကို ခွဲစိတ်ပြုပြင်ခြင်း။
- နားပေါက်ကျဉ်းခြင်း။
- အရေပြားအစားထိုးကုသခြင်း
14. အရေပြား ရောဂါအမျိုးမျိုးကို ကုသပေးခြင်း
- အရေပြားယားယံခြင်း။ (Skin Allergy)
- ပွေး၊ ၀ဲ၊ ညှင်း၊ မွှေးကျွတ်နာ။
- နှင်းခူ၊ ယားနာအမျိုးမျိုး။
- လက်သည်းမှိုစွဲခြင်း။
- ဆံပင်ကျွတ်ခြင်း၊ ဆံပင်ဗောက်ထခြင်း၊ ထိပ်ပြောင်ခြင်း။
- Psoriasis, Lichen Planus
- Auto Immune ရောဂါအမျိုးမျိုး
- ခရုသင်း၊ သမင်ဖြူဖြစ်နေသော အသားရေကို အရေပြားအစားထိုးကုသခြင်း။
- ကာလသားရောဂါအမျိုးမျိုး။
- အခြားသောအရေပြားဆိုင်ရာ ပြဿနာများ
- 16.77402458396183296.14355615013119
- Clinique de Skin ClinicClinique de Skin Clinic


























