ကိုယ်တစ်ပိုင်းမလှုပ်ရှားနိုင်သူတွေအတွက် Phoenix Exoskeleton
ကို်ယ်တစ်ပိုင်းသေနေသူများကို လှုပ်ရှားနိုင်စွမ်းရှိအောင် အထောက်အကူပြုပေးနိုင်တဲ့ Phoenix exoskeleton ဖြစ်ပါတယ်။ SuitX ကထုတ်လုပ်ထားတဲ့ Phoenix exoskeleton နဲ့အတူ တွဲဖက်အသုံးပြုရမယ့် ချိုင်းထောက်တစ်စုံပါရှိပါတယ်။ အသုံးပြုသူအနေနဲ့ ချိုင်းထောက်မှ buttons တွေကို တွန်းပေးပြီး လှုပ်ရှားနိုင်အားကိုယူရမှာပါ။ Exoskeleton ၀တ်ဆင်ထားချိန်မှာ ခြေထောက် တစ်ဖက်ချင်းစီကို ကောင်းစွာထိန်းချုပ်ထားနိုင်တဲ့အတွက် မတ်တတ်ရပ်တာ၊ လမ်းလျှောက်တာ၊ ထိုင်တာကို အဆင်ပြေပြေ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။
အလေးချိန်က 27 ပေါင်သာရှိတာကြောင့် ပထမဆုံး FDA အသိအမှတ်ပြု Rewalk တံဆိပ်ထက် အလေးချိန်ထက်၀က်နီးပါး လျော့သွားတာ ဖြစ်ပါတယ်။ ဘက်ထရီဖြင့်အသုံးပြုရမှာဖြစ်ပြီး ဘက်ထရီအားက ဆက်တိုက်အသုံးပြုမယ်ဆိုရင် 4 နာရီနဲ့ နားနားပြီး သုံးသွားမယ်ဆိုရင် 8 နာရီထိ ခံပါတယ်။ ဒေါ်လာ 40,000 ၀န်းကျင်နဲ့ ၀ယ်ယူနိုင်တာကြောင့် ပြိုင်ဘက်ထုတ်ကုန်တွေနဲ့ယှဉ်ရင် ဈေးအသက်သာဆုံးနဲ့ ရနိုင်တယ်လို့ ဆိုရမှာပါ။ ဒီလိုစွမ်းဆောင်ရည်ကောင်းတွေများစွာရှိတဲ့ Exoskeleton ကို SuitX က တီထွင်နိုင်လိုက်ခြင်းဟာ ခန္ဓာကိုယ်ချွတ်ယွင်းနေသူတွေအတွက် ပိုပြီးအဓိပ္ပါယ်ပြည့်စုံတဲ့ အနာဂတ်ကိုတည်ဆောက်နို်င်မှာပါလို့ SuitX Founder လည်းဖြစ်၊ CEO လည်းဖြစ်သူ Homayoon Kazerooni က ဆိုထားပါတယ်။
ဆက်လက်ပြီး သူကပဲ " အာရုံကြောဆိုင်ရာရောဂါေ၀ဒနာတွေရှိနေတဲ့ ကလေးတွေမှာ တခါတရံအားပြင်းပြင်း လမ်းလျှောက်ပေးဖို့လိုအပ်တာ၊ မလှုပ်ရှားနိုင်တဲ့အခြေအနေမျိုးတွေနဲ့ ရင်ဆိုင်နိုင်ရတာမျိုးတွေရှိတာကြောင့် ကလေးသီးသန့် exoskeleton ထုတ်လုပ်နိုင်ဖို့က ကျွန်တော့်ရဲ့အဓိက ရည်မှန်းချက် ပန်းတိုင်ဖြစ်ပါတယ်" လို့ ထုတ်ဖော်ပြောကြားသွားပါတယ်။
CMS






























