ကျန်းမာရေးကိုထိခိုက်စေသဖြင့် လုံး၀မစားသင့်သောအစားအစာများ
1. ခရမ်းချဉ်သီးစည်သွပ်ဗူး
စည်သွပ်ဗူးရဲ့အနားသတ်မှာရှိသော ထင်းရှုးစေးထဲတွင် Bisphenol-A (BPA) ဓါတ် ပါ၀င်နေပြီး ခရမ်းချဉ်သီး၏ အက်ဆစ်ဓာတ်က BPA ကိုအစားအစာများအတွင်းသို့ စိမ့်၀င်စေပါတယ်။ BPA နှင့် ထိတွေ့မှုများပါက သုတ်ကောင်ထုတ်လုပ်ခြင်းကို လျော့ကျစေပြီးမမျိုးဥများရဲ့ ခရိုမိုဇုမ်းပျက်ဆီးမှုများ ကို ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် စည်သွပ်ထားတဲ့ ခရမ်းချဉ်သီးများအစား ဖန်ပုလင်းထဲမှာထည့်ထားတဲ့ ခရမ်းချဉ်သီးကို ရွေးချယ်စားသုံးသင့်ပါတယ်။
2. ပြောင်းဖူးစားအမဲသားများ
ယခုခေတ်တွင် မွေးမြူရေးပိုင်ရှင်များသည် အကုန်အကျသက်သာပြီး အသားတိုးမြန်စေရန် မြက်အစားပြောင်း၊ ပဲနို့စတာတွေကို အစာအဖြစ်အသုံးပြုပြီး နွားများကိုမွေးမြူလာကြပါ တယ်။ ၎င်းနွားများမှရရှိလာသောအသားတွေမှာ ခန္ဓာကိုယ်အတွက် လိုအပ်သောအာဟာရဓာတ်များဖြစ်သည့် ဘီတာကယ်ရိုတင်း၊ ဗီတာမင် E, အိုမီဂါ 3၊ ကယ်လစီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ်ဓါတ်တွေဟာ မြက်စားပြီးကြီးထွားလာသော နွားများမှ ရရှိသောအသားများလောက် ပါ၀င်ခြင်းမရှိပါဘူး။ ဒါကြောင့် အာဟာရဓါတ်ပိုမိုပါ၀င်တဲ့ မြက်စားနွား၏ အသားကိုသာ ရွေးချယ်၀ယ်ယူသင့်ပါတယ်။
3. မိုက်ခရိုေ၀့ဗ်ထဲထည့်ပြီးဖောက်ထားတဲ့ ပြောင်းဖူးပေါက်ပေါက်
ပြောင်းဖူးပေါက်ပေါက်ကို မိုက်ခရိုေ၀့ဗ်ထဲမှာ ထည့်ပြီးပြုလုပ်တဲ့အခါ ပြောင်းဖူးပေါက်ပေါက်ထည့်ထားတဲ့ အိတ်ရဲ့အနားသတ်မှာပါရှိတဲ့ Perfluorooctanoic Acid (PFOA) ဟာအပူပေးလိုက်ခြင်းကြောင့် အငွေ့ပျံပြီး ပြောင်းဖူးပေါက်ပေါက်အတွင်းသို့ စိမ့်၀င်သွားပါတယ်။ ၎င်းဓါတုပစ္စည်းများ စိမ့်၀င်နေတဲ့ ပြောင်းဖူးပေါက်ပေါက်ကိုစားသုံးပါက မျိုးအောင်ခြင်းကိုအနှောက်အယှက်ဖြစ်နိုင်တယ်လို့ သုတေသီတို့ကဆိုပါတယ်။
4. ပိုးသတ်ဆေးဖျန်းထားတဲ့ အာလူး
အာလူးများစိုက်ပျိုးရာမှာပိုးမကျအောင်၊ အညှောင့်မပေါက်အောင်ပိုးသတ်ဆေးများ၊ ဓါတုဆေးဝါးများကို အသုံးပြုကြပါတယ်။ ၎င်းပိုးသတ်ဆေးများဟာ အာလူးတွင် ကပ်ငြိနေနိုင်ပြီးရေနဲ့ ဆေးကြောခြင်းဖြင့် ပြောင်စင်အောင် မဖယ်ရှားနိုင်တာကြောင့် သဘာ၀အတိုင်း စိုက်ပျိုးထားသော အာလူးကိုသာရွေးချယ်စားသုံးသင့်ပါတယ်။
5. မွေးမြူရေးဆယ်လ်လမွန်ငါးများ
မွေးမြူရေးဆယ်လ်လမွန်ငါးများဟာ သဘာ၀ဆော်လမွန်ငါးတွေထက် ပိုးသတ်ဆေးများ၊ ပဋိဇီ၀ဆေးဝါးများနှင့် ထိတွေ့မှုများတာကြောင့် ကျန်းမာရေးနှင့် ညီညွတ်မှုမရှိပါဘူး၊ ၎င်းငါးများမှာဗီတာမင် D ပါ၀င်မှုနည်းပါးပြီး ကင်ဆာဖြစ်စေတဲ့ ပစ္စည်းများပါ၀င်မှုများပြားတာကြောင့် ရှောင်ရှားသင့်ပါတယ်။
6. ဟော်မုန်းများအသုံးပြု၍ထုတ်လုပ်ထားသော နွားနို့များ
နွားမွေးမြူသူများဟာ နွားနို့အထွက်များစေရန် Recombinant bovine growth hormone (rBGH) (rBST) လို့ခေါ်တဲ့ ဟော်မုန်းများကို အသုံးပြုလာကြပါတယ်။ ၎င်းဟော်မုန်းများကြောင့် သောက်သုံးမိတဲ့လူတွေမှာ Insulin-like growth factor (IGF-1) ဟော်မုန်းပမာဏမြင့်တက်လာပါတယ်။ လေ့လာမှုများအရ IGF1 ပမာဏမြင့်တက်ခြင်းနှင့် ရင်သားကင်ဆာ၊ ဆီးကြိတ်နှင့် အူမကြီးကင်ဆာတို့ ဆက်စပ်မှုရှိတာကိုတွေ့ရပါတယ်။ ဒါကြောင့် rBGH (သို့) rBSTပါ၀င်မှုမရှိတဲ့ ခြံထွက်နွားနို့စစ်စစ်တွေကိုသာ ရွေးချယ်သောက်သုံးဖို့ အထူးလိုအပ်ပါတယ်။
Dr. Htet Htet Aung






























