/
node/3507

အိပ်ချိန်နည်းပါက ဦးနှောက်အရွယ်အစားကျုံ့နိုင်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        ဥရောပမှ သုတေသီများအနေနဲ့ အိပ်စက်ချိန်နည်းခြင်းကြောင့်ဖြစ်စေတဲ့ ဦးနှောက်အရွယ်အစား ကျုံ့သွားမှုနဲ့ပတ်သက်ပြီး အသက် 20 မှ 84 နှစ်အတွင်းရှိ ပါ၀င်စမ်းသပ်ခံသူ 147 ဦးအား MRI scan နှစ်ခုရိုက်ကာ လေ့လာစမ်းသပ်မှုပြုလုပ်ခဲ့ပါတယ်။ ပထမ scanကို ၎င်းတို့ရဲ့အိပ်စက်ခြင်းနဲ့ ပတ်သက်ပြီး မေးခွန်းများမဖြေမီ ရိုက်ယူကာဒုတိယ scan ကို အိပ်စက်ခြင်းဆိုင်ရာ မေးခွန်းများဖြေဆိုပြီးမှ ရိုက်ယူခဲ့ပြီးနောက် 3 နှစ်ကြာ လေ့လာခဲ့ရာ ကောင်းမွန်နှစ်ခြိုက်စွာ အိပ်စက်သူတွေထက် အိပ်ချိန်ကစဥ့်ကလျားဖြစ်တဲ့သူတွေမှာ ဦးနှောက်အရွယ်အစား ဒါမှမဟုတ် ဦးနှောက်ထုထည် လျင်မြန်စွာ ကျဆင်းသွားကြောင်း တွေ့ရှိခဲ့ရပါတယ်။

        ယင်းသို့ဖြစ်ပေါ်ခြင်းဟာ အိပ်စက်ချိန်လျော့နည်းမှုကြောင့် ဦးနှောက်ဆဲလ်ကို ထိခိုက်စေနိုင်တဲ့ အသားဓာတ်တွေဦးနှောက်တွင်းမှာ ကြီးထွားလာခြင်းကြောင့် ဖြစ်စေတာလို့ လေ့လာသူတွေက ဆိုပါတယ်။ ဒါ့အပြင်အိပ်စက်ချိန်လျော့နည်းမှုကြောင့် အသက် 60 ကျော်အရွယ်တွေအနေနဲ့ အယ်လ်ဇိုင်းမားရောဂါ၊ မှတ်ဉာဏ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတို့ကိုဖြစ်စေနိုင်တဲ့ အလားအလာမြင့်မားကြောင်းဖော်ပြခဲ့ပြီး၊ ကိုယ်ခံစွမ်းအားစနစ်၊ နှလုံးသွေးကြော၊ ကိုယ်အလေးချိန်၊ မှတ်ဉာဏ်စွမ်းရည်တို့ဟာ အိပ်စက်ချိန်ပေါ်မှာ မူတည်နေကြောင်း သုံးသပ်လေ့လာဖော်ပြခဲ့ခြင်းဖြစ်ပါတယ်။

 

 

Cho Thet

www.drmyanmar.com